(ပတ်ဝမ်း) အပိုင်း-၁
သီတင်းကျွတ်xxx ပွဲတော်ကြီးပြီးတော့xxx တန်ဆောင်မုန်းxxx တန်ဆောင်တိုင်xxx ဆီမီးကမြိုင်xxx မသိုးအလှxxx ရက် သင်္ကန်းနဲ့ xxx ရွှေတိဂုံကုန်းတော်xxx မြိုင်မြိုင်ဆိုင်…….
(မြိုင်မြိုင်ဆိုင်ဆိုင်xxx မြိုင်မြိုင်ဆိုင်ဆိုင်xxx လတန်ဆောင်တိုင်xxx ကထိန်ပွဲခင်းပါတဲ့xxx လတန်ဆောင်တိုင်xxx အထူး xxx မြူး xxx အထူး xxx မြူး………)
ကိုမြကြီးသီဆိုခဲ့ဖူးသော အဆိုပါသီချင်းကိုလည်း ဆိုရင်လွမ်းသလိုလို…။ တန်ဆောင်မုန်း လပြည့်နေ့ သန်းခေါင်ယံ လူ ခြေအတိတ်မှာ အချင်းချင်းကြည်စယ်နောက်ပြောင်ခဲ့ဖူးတဲ့ တန်ဆောင်မုန်းလူကြီးပိုး(၀ါ)တန်ဆောင်မုန်း သူခိုး(၀ါ)တန် ဆောင်မုန်း ငတွမ်၊ တန်ဆောင်မုန်း ဖိုးတွမ်တီး လုပ်ကွက်ကလေးကိုသတိရနေ သယောင်ယောင်… အီဖေကို မောင်ဖုန်း တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ဒိတ်အောက်လို့ နေပေသည်။
ဘာတဲ့ကွာ…။ သီတင်းကျွတ် ဟုတ်စ…။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုရင် အမေရိကန် ပြည်ထောင်စု တလွှားမှာ (လူပျို ကြီးများနှစ်)ဆိုပြီး ဘာညာဘာညာ ဟော့(Hot )ခဲ့သေးတာပါ။ ဂေါ်မစွံလူပျို ကြီးတွေဟာ ကယ်လီဖိုးနီးယားတို့ လို ပြည်နယ်သစ်တွေ(၀ါ)အသားမကျသေးဘဲ အရိုးချည်းပဲကျနေဆဲဖြစ်လောက်တဲ့ ကယ်လီဖိုးနီးယား ဒေသက ရွှေတွင်း တွေကို စွန့်စားသွားလာတူဖော်ကြရင်း အဲဒီတုန်းက အခုလိုမဟုတ်ပဲ လူဆက်ခြားနား(၀ါ)လူသူမနီး တောမြိုင်ကြီးဆီမှာ တစ်ကိုယ်ရည်ထဲရယ်မို့… အဲသလို လူပျိုကြီးတွေကို ဘယ်သူကမှလည်းအရေးအရာလုပ်ပြီး ဖူးစာရှင်မရွေးတော့တာ ကြောင့် ၁၉၆၀ ပြည့်လွန်နှစ်တွေဟာ( ဂွန်မဆော်ဘာချလာယီးရား)ရယ်လို့သမိုင်းမှာ သတ်မှတ်ခဲ့တယ်တဲ့ဗျ။ အေးပေါ့ လေ…အီစကို မောင်ဖုန်းဟာ လည်း မိမိကိုယ်ကို သုံးသပ်ဆင်ခြင်၊ စစ်ကြော၊ အင်တာဗျူး ၊ဝေဖန်၊ ရှုံ့ ချ၊ ဆန်းစစ်၊ နှီးနှော၊ ဖလှယ်၊ ထိုးဖောက်ကြည့်၊ ထွင်းဖောက်မိ( မိမိ လွန်ပူဖြင့် မိမိ)စသည် စသည်တို့ကို အလုပ်ကြီးအကိုင်ကြီးသမားများ၏ ထုံးကိုင်အတိုင်း(အဲဟုတ်ပေါင်)ထုံးစံအတိုင်း ကျမ်းကိုး-ကျမ်းကားသမိုင်း အထောက်အထားခိုင်လုံစွာဖြင့်( ပြောင်းခင်းထဲ မှာ၊ ကြံခင်းထဲမှာ၊ မြက်ရှည်ပင်များကြားမှာ နောက်ကြော မလုံစွာ အီအီးပါသလို )ယခုလို ၀မ်းဒေးဝပ်ရှော့(တ်) လုပ်နည်း ကိုင်နည်းများကို အတိအကျ ရီဆာ့လုပ်(သုတေသနပြုကာ) လက်က မြင်းလိုက်ရပါတော့ သဗျိုး………။
ဟိုက်….. ရှာလပတ်ရည်…..(ဆရာကြီး အီကြာကွေး၏ ဇာတ်ကောင် ဥရုကွေးအာလုပ်ပြုလေသံ)
ဟိုက်…… မာလကီးယားပြည်မှ မာလကာသီး စားကြသူများ (ဂုရုဖုန်း၏ ကိုယ်ပိုင်အာလုပ်ပြုစကား)
မြန်မာ့ရွေ့ပြောင်းအလုပ်သမားတွေထဲကဆိုရင် ၂၀၀၆ ခုနှစ်ထဲမှပဲ မဲဆောက်မြို့ ကန်းဘီဘန်းကျေးရွာ ကေဘီစီ သိုးမွှေး စက်ရုံက မမေရီထွေး။ ၂၀၀၈-ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာတော့ မဲဆောက်မြို့ မယ်ပကျေးရွာ တောရဘုန်းကြီးကျောင်း အနီးက ခြေစွပ်အထည်ချူပ်စက်ရုံက မဇင်မာမြင့် စသည်ဖြင့် ရှေ့တစ်ဦးက လိုင်းကားပေါ်ကခုန်အဆင်း ဆံစနှင့် ယော ထမီနှင့်ပါငြိတွယ်သဖြင့် သေဆုံး(မာလကာသီးစားသွား)သလို နောက်တစ်ဦးကလည်း(စက်ထဲကို ဆံပင်ရှည်လှလှလေး ညပ်ပါကာ မလကာသီးစားသွား ) ခဲ့ပြန်ပါသည်။ လုပ်ငန်းခွင်ဘေး ကင်းလုံခြုံရေးနှင့် ကျန်းမာရေး ဆိုင်ရာ အက်ဥပဒေ ဘီအီး ၂၅၃၇ (၁၉၉၄)အက်..။ ဆိုသည်ကို အသေအချာမှတ်ယူကြရန် လိုအပ်နေကြောင်း သည်နေရာမှာ မလကီးယား ပြည်နှင့် မာလကာသီး စားသုံးသူများက သာဓက မပြဆိုပေဘူးလားကွယ် … … …။
ရှိပါသေးတယ်… ကျန်ပါသေးတယ် အရပ်ကတို့ရေ…။ ၂၀၀၆-ခုနှစ် မတ်လ ၂၆ရက်နေ့တုန်းကဆိုရင်လည်း မဲဆောက်မြို့ ဆုန်ကက်(ကိုရီးယား)အထည်ချူပ်စက်ရုံကို ပလိပ်နှင့်တောမော(လ၀ကရဲ)၀င်ဖမ်းတဲ့အခါမှာ မဲဆောက် အကျဉ်းထောင် ထဲကို တရားမ၀င်နေထိုင်မှု အက်ဥပဒေ ဘီအီး ၂၅၂၂(၁၉၇၉) အက်ဥပဒေအရ အရေးယူခဲ့ရတဲ့ တို့မြန်မာ့ အလုပ်သမား (၄၀)ယောက် ကိစ္စရှိပါသေးတယ်နော်။ ကျား(၁၁)ဦးနှင့် မ(၂၉)ဦးပါဝင်တဲ့ ဒီအထည်ချူပ်လုပ်သားတွေကို မဲဆောက် အ ကျဉ်းထောင်ထဲမှာ (၁၄)ရက်နေခဲ့ရစဉ်အတွင်း ယောင်္ကျားလေးကို ကတုံးတုန်း(ဘုန်းကြီးဝတ်ဖို့မဟုတ်တာ ဧကန်ပဲလေ) မိန်းခလေးဆိုရင် ဆံပင်တိုတိုအထိ ဖြတ်ပစ်သတဲ့ဗျာ။ ဒီဥပမာ ဟာလည်း မာလကီးယားပြည်မှာ မာလကာသီး သွားမစား ညားပေမယ့် မာလကီးယားပြည်ရဲ့ဟို ဖက်တစ်ဖက်က ဆံပင်ရှည်၊ ဆံပင်တိုတွေကို နံရံလေးဖက်ကြားရောက်ခဲ့ရင် အုတ် ရိုးနဲ့သံတိုင်ကြားဝင်ရရင်မိမိ ဘယ်လောက်ပဲတန်ဖိုးထားတဲ့ ကေသာပင်ဖြစ်ပါစေ ကပ်တောက်(အဖြတ်ခံ) အလုပ်ခံရမှာပဲ ဆိုတာ ဆင်ခြင်ဖို့ရယ်၊ ပြင်ဆင်ဖို့ရယ်၊ ပြင်ဆင်ဖို့ဆိုတာ လုပ်ငန်းခွင်ထဲမှာ ခေါင်းအကာတပ်ဆင်ထားဖို့( မပေးရင်လည်း အလုပ်ရှင်တာဝန်မှာ တပ်ဆင်ပေးဆိုတဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ မဖြစ်မနေတာဝန်တစ်ရပ်ရှိတယ်ဆိုတာ စုပေါင်းတောင်းဆို တင်ပြနိုင်ဖို့…) ထောက်ပြ၊ ညွန်ပြ ၊ လမ်းညွန်ပြလိုက်ပါရစေနော်။
ကိုင်း… ကိုင်း… (လယ်ယာကိုင်းကျွန်းကို ရေရွတ်နေခြင်းမဟုတ်ပါ။) န၀တထဲမှာ အဖွဲ့ဝင်အဖြစ်ပါခဲ့တဲ့ ရန်ကုန်တိုင်း စစ် တိုင်းမှူးဟောင်းနဲ့ သာသနာရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ညွှန့် (ဒုတိယ-ဗိုလ်ချုပ်ကြီးမျိုးညွှန့်)က သာဓကဥပမာတွေ သောက်တလွဲပေးခဲ့ဘူးသလို (ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီ… ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကိုမှီ…)ဆိုပြီး မြန် မာစကားပုံ ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီဆိုတာကို တတ်ယောင်ကားနဲ့ ဥပမာစကားကို အခန့်သား,အတည်သား ပြောခဲ့ဘူး တယ်မဟုတ်ကလား…။
အိန်း… သဟာဆိုရင် ဂုရုမောင်ဖုန်းရဲ့ တန်ဆောင်မုန်းပွဲတော်အမှီ ၀မ်းဒေးဝပ်ရှော့တ်က ဘယ်တော့လာမှာတုန်း…။
ဟုတ်ကဲ့… တန်ဆောင်မုန်းပွဲတော်အမှီ ၀မ်းဒေးဝပ်ရှော့တ်ဆိုတာက နောက်တရက်ဆက်ဖတ်ပေါ့ဗျ။ စာမျက်နှာက ဒီ လောက်ပဲပေးတာမို့ နားဦးမယ်ဗျို့…။
(ဆက်ညှော်ပေါ့နော်… ဆက်ညှော်)
ပေးပို့သူ… ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)
7 Nov,2008

No comments:
Post a Comment