ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 7, 2008

(မလွှဲမသွေ ပြည်သူတွေအတွက် စာမျက်နှာ………….)

> (7 Nov, 2008)

Obama

သမ္မတ အိုဘားမားဆိုတာ ဘယ်လိုလူစားပါလိမ့်…..
" အမေရိကန် မှာ မဖြစ်နိုင်တာ မရှိပါဘူး"
"အမေရိကန် ပြည်ထောင်စုဆီကို အပြောင်းအလဲရောက်ရှိလာပါပြီ"
"အီရတ် စစ်ပွဲကို အမြန်ဆုံးပြီးဆုံးမယ် "
ဤ စကားများကို အမေရိကန်ပြည်သူများထံ ပြောကြားခဲ့သူကား ... ပထမဦးဆုံး လူမည်း သမ္မတဖြစ်လာသူ
ဘားရက် အိုဘားမား ဆိုသူပင်တည်း။

မနေ့က… အိုဘားမားအနိုင်ရတော့ သူ့ဖခင်ရဲ့ နိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ တစ်ရက်တာ ရုံးပိတ်ရက်ကြေညာခဲ့ပါ တယ်။ အာဖရိကတိုက်က နာနတ်သီးအလွန်ထွက်တဲ့ ကင်ညာနိုင်ငံသား ပညာရှင်ဟာသူ့ဖခင်ဖြစ်ပြီး ပါမောက္ခတစ်ဦးဖြစ်ပါသတဲ့ဗျာ။ သူ့ဖခင်ဟာ သူ့မိခင် အမေရိကန်သူနဲ့ကင်းဆက်ပြည်နယ်မှာ အကြောင်းပါကြပြီး ဟ၀ိုင်ယီကျွန်းမှာ ဘားရတ်အိုဘားမား ကို မွေးလာသတဲ့ဗျာ….။
အခု… (၄၇)ခုနှစ်ရှိပြီဖြစ်တဲ့ အိုဘားမားဟာ ၁၉၆၁-ခုနှစ် သြဂုတ်လမှာ ဟ၀ိုင်ယီကျွန်းမှာ မွေးဖွားခဲ့သတဲ့။ အရွယ်ရောက် တော့ နာမည်ကျော် (ဟားဗတ်တက္ကသိုလ်)မှာ ပညာရှင်တစ်ဦးအနေနဲ့ဘွဲ့ရခဲ့တာပေါ့။ လွန်ခဲ့တဲ့ ၄နှစ် ၂၀၀၄ ခုနှစ်ကမှ အီလီနွိုက်စ် ပြည်နယ်မှာ လွှတ်တော်အမတ်တစ်ဦးအဖြစ် အရွေးချယ်ခံခဲ့ရသူ အိုဘားမားဟာ နှစ်ကာလသိပ်မကြာမှီ ၂၀၀၈-ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှာ အမေရိကန်ပြည်ရဲ့ (၄၄)ယောက်မြောက် သမ္မတကြီးဖြစ်လာသူပေါ့ဗျာ…။
အိုဘားမားဟာ ၁၉၆၈-ခုနှစ်က လူမည်းလူ့အခွင့်အရေးတိုက်ပွဲဝင်နေရင်း လုပ်ကြံခံလိုက်ရတဲ့ ဒေါက်တာ မာတင်လူသာ ကင်း ဂျူနီယာရဲ့ အိမ်မက်တွေကိုများ ဆောင်ကျဉ်းပေးလာသူလား မဆိုတတ်ပြန်ပါဘူး။
I have a dream. ဆိုခဲ့တဲ့ ဒေါက်တာကင်းဟာ ဘားရတ်အိုဘားမားကို ဟိုးလွန်ခဲ့တဲ့(၁၈၆၁-၆၄)ကာလ တောင်ပိုင်း မြောက်ပိုင်း ပြည်တွင်းစစ်ပွဲဆီကို ခေါ်မဆောင်သွားချင်မှာတော့ သေချာပါတယ်။ ကိုင်း…..ဒါဆိုရင် ဒေါက်တာကင်းက ဖော်ဆောင်ချင်တဲ့ အိုဘားမားက ဘယ်လိုလူစားဖြစ်မှာလဲဗျ။
ဟုတ်ကဲ့… ရည်မွန်ယဉ်ကျေးတဲ့ နှစ်လိုဖွယ်ရှိတဲ့ အိုဘားမားဟာ ရီပတ်ဗလီကင် ခေါင်းဆောင်တွေလို မာဆတ်ဆတ်နဲ့ ချင်းကပ်ခဲ့တဲ့အနေအထားတွေ ပုံစံတွေက ဖယ်ခွာပြီး(အီရန်နိုင်ငံက ခေါင်းဆောင်တွေကတောင် လက်တွဲလုပ်ကြရ အောင်လို့ အိုဘားမားကို အခုပြောနေပြီ) ဒါဆိုရင် အိုဘားမားက ခေါင်းမာလှတဲ့ ရီပတ်ဗလီကင် ပါတီသမ္မတ ရော်နယ် ရေဂင် ရဲ့နောက်က သမ္မတဖြစ်လာတဲ့ ဒီမိုကရက်တစ်ပါတီက(ဂျင်မီကာတာ)ပုဂ္ဂိုလ်မျိုးလေလား ဒါမှမဟုတ်ရင် ရီပတ်ဗ လီကင်ကြီး ဂျော့ဘုရှ်နောက်မှ သမ္မဖြစ်လာတဲ့ ဒီမိုကရက်တစ်(ဘီကလင်တန်)လေလား အာဖရိကနွယ်ဖွား လူမည်းသမ္မ တဆိုပေမယ့် ကလင်တန်လိုပဲ လူချောလူခန့်ကြီးနဲ့အပြောကောင်းသူကြီး အရွယ်ကလည်း ၄၇နှစ်ပဲရှိသေးတာဆိုတော့ ဒီမိုကရက်တစ်သမ္မတတွေရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း(ရုပ်ချော၊အပြောကောင်း၊ခိုင်မာမှုမရှိ ၊မိန်းမနည်းနည်းရှုပ်ချင်) ဖော်မြူလာက ဆိုရမလိုရှိခဲ့တာတွေ ရှိလေတော့ အိုဘားမားရေ သတိကြီးကြီးသာထားလို့ပြော ကြားချင်ပါရဲ့ ။
ဟုတ်တယ်လေ… ဒုတိယမော်နီကာလီဝင်းစကီး၊ တတိယမော်နီကာလီဝင်းစကီးတွေ အများကြီးရှိတယ်လေဗျာ။ တစ်ခု တော့ရှိတယ် ပညာရှင်လည်းဖြစ်ပြီး ခရစ်ယာန်ဘာသာကိုလည်း ထဲထဲဝင်ဝင်သက်ဝင်ကြည်ညိုသူဖြစ်လေတော့ ဇနီးနဲ့ ချစ်သမီးနှစ်ဦးရဲ့ မျက်နှာ ၊ ဒီမိုကရက်တစ်ပါတီရဲ့ မျက်နှာကိုတော့ အိုဘားမားထောက်ထားနိုင်မယ်ထင်ပါရဲ့ ။
အိုဘားမားကို အနီးကပ်ဝန်းရံနေသူ ဒုတိယ-သမ္မတဂျိုးဗာတင်ဟာ မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ၁၉၉၆-ခုနှစ် လောက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ မှာ လာရောက်တွေ့ ဆုံသူဖြစ်ပါသတဲ့။ မက်ဒရင်း အောဘရိုက်တို့လို နိုင်ငံရေးဝန်ကြီးဟောင်းတွေကလည်း ဂျိုးဗာတင်လို ဆက်လက်ဝန်းရံပေးမှာ ဖြစ်တာမို့ အိုဘားမားဟာ မြန်မာ့အရေးအ တွက် အလားအလာကောင်းတွေကို သယ်ဆောင်ပေးမယ့်သူလို့ မျှော်လင့်တာ တွေရှိပါသတဲ့။ ဟုတ်ကဲ့ …. ဒေါက်တာမာ တင်လူသာကင်း ၁၉၆၈-ခုနှစ် လုပ်ကြံမခံရမှီက I have a dream. လို့ပြောခဲ့တယ်ဗျ။ (၁၈၆၁-၆၄)အမေရိကန်ပြည် ပြည် တွင်းစစ်အတွင်းရှိတုန်းကလည်း သမ္မတအေဗရာဟင်လင်ကွန်းဟာ Democracy Government is of the people, for the people, by the people.
(ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတို့အတွက် ပြည်သူတို့ကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့အစိုးရဖြစ်ပါတယ်)တဲ့။ အိုဘားမား ဘာလဲ… အိုဘားမားဘယ်လဲဆိုတာ ကမ္ဘာ့နိုင်ငံရေး ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှု့စားကြတာပေါ့ဗျာ…။
xxx ပြည်သူမပါ… … အရာရာ...ဘာဆိုဘာမျှမပြီးနိုင်ပါ။
xxx ပြည်သူသည်သာ … … အခရာ...အရာရာကို ပြောင်းလဲနိုင်သည်။
xxx ခွန်အားမျှဝေ … … တို့ တတွေသည်...မလွဲမသွေ ပြည်သူတွေအတွက်
မလွဲမသွေ … … … ပြည်သူတွေအတွက်
မလွဲမသွေ … … … ပြည်သူတွေအတွက်
မလွဲမသွေ … … … ပြည်သူတွေအတွက်

တင်ပြသူ … …. …. ….သောင်ရင်းနဂါး

(7 Nov, 2008)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)