ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 12, 2008

(ဂုရုမောင်ဖုန်းနှင့် သာလာယံ ၀မ်းဒေးဝပ်ရှော့တ်) အပိုင်း-၂

> 12 Nov, 2008

အဲသည်လိုနှင့် ရက်ကိုလစား၊ လကိုနှစ်စား၊ နှစ်ကို အေဒီ, ဘီစီတွေစားပြီး နောက်တွင် ဂုရုဖုန်းသည် ထိုင်း-မြန်မာနယ် စပ်၊ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ကြီး၏ ဆောင်ခွဲဆောင်ရပ်ကွက်ငယ်ရှိ နွားကျောင်း၊ ဆိတ်ကျောင်း၊ သိုး ကျောင်းသမားများအား One day Workshop လုပ်ရန် ဆင့်ခေါ်လိုက်လေသည်။
ဆွေးနွေးရန် အတွေးအခေါ်နှင့် သဘောတရားဆိုင်ရာများကား (ကြက်ကို ရေသောက်ပြီး သောအခါ သေးပေါက်စေရန် မည်သို့လုပ်ကြမည်နည်း)ဆိုတာက တစ်ခု၊ (အုန်းသီးထဲကို ရေမည်သို့ရောက်ရှိသနည်း) ဆိုတာကတစ်ခု၊ (ကြောင်ကို မည်သို့ရေချိုးရမည် နည်း)ဆိုတာကတစ်ခု၊ ထို့အပြင် စီးပွားရေး မူဝါဒနှင့် ဈေးကွက်စီး ပွားရေး နိဿရည်းအနေဖြင့်-(အလှူအိမ်များသို့ မပြတ်သွားရောက်ကာ အနည်းဆုံးဖိနပ်တစ်ရံပါလာအောင် စီးပွားရေးတွက်ကိန်းတည်ထောင် နည်း, လ္ဘက်ရည်ဆိုင်နှင့် ယမကာဆိုင်တွင် မိတ်ဆွေများ စုဝေးနေသည့်အခိုက် အလစ်အငိုက်ဝင်ကာ စကားရော ဖောရှောနှင့် ဖရီးဝင်သောက်နည်း) စသည်… စသည် တို့ကို ဆွေးနွေးကြမည်ဟု ကြိုတင်လျာထားကြည့်ကြသည်။

ထို ၀ပ်ရှော့တ်ကို အထောက်အကူရစေရန် အလို့ငှာ အီကြာကွေး၊ နံပြား၊ ပေါက်စီ၊ စမူဆာတည်းဟူသော နွားမရေးရာ ကျွမ်းကျင်သူ လေးဦးအားလည်း အလျင်အမြန်ဆင့်ခေါ်လိုက်သည်။ တဆက်တည်း တပါတည်းမှာကြားမှုအနေဖြင့် Proposal တင်ရန် (ကုန်ကျစရိတ်၊ ဘတ်ဂျက်)စသည်တို့ကို မျက်လှည့်၊ လက်လှည့်၊ အားလုံးလှည့် အကွက်ပြကြရန် အဆိုပါလေးယောက်အား ပြင်ဆင်ထားစေသည်။
ကဲ… စပါပြီ၊ ပြပါပြီ…။ ၀မ်းဒေးဝပ်ရှော့တ် ပွဲစဉ်ကြီးပါခင်ဗျ…။ စာရင်းတင်သော် သရီးဒေးဝပ်ရှော့တ် အဖြစ်တင်ကြရန် လည်း ကြိုပြင်ထားကြ၏ ၀မ်းဒေး(အော်) သရီးဒေးဝပ်ရှော့တ်သည်ကား ဆောင်ခွဲဆောင် သင်္ချိုင်းရှိ သာလာယံဇရပ်မှာ လုပ်တာပါခင်ဗျ…။ ၀ပ်ရှော့တ်၏ ရှေ့မျက်နှာစာမှာ အသုဘချရာတွင် အသုံးပြုသည့် စည်ပိုင်းပြတ်တခုပေါ်တွင် ပျဉ်ပြား တချပ် ကန့်လန့်ဖြတ်ထားကာ စီစဉ်ထားသည်ကိုတွေ့ရသည်။
ဟော… ကြည့်စမ်းပါဦး ရွှေဝပ်ရှော့တ်လာ မွေးမြူရေးလုပ်ငန်းခွင်(၀ါ) နွား, သိုး, ဆိတ်…ကျောင်းသမားတွေကို အေး အေးလူလူ သောက်သုံးပြီး အပန်းဖြေစေရန်အလို့ငှာ ကိုကာကိုလာ(အဲဒါမဟုတ်ပါခင်ဗျား) မြန်မာဖြစ် သောက်ရေအိုး နှစ်လုံးကို တဖက်တချက်စီမှာ ချပေးထားတာမြင်ရသည်။ အဆာပြေစားသုံးရန်အတွက်လည်း မဲဆောက်မြို့ရှိ ၀ပ် ရှော့တ်တို့၏ ဘူမိနက်သန်ဖြစ်သော ၀ပ်ထနာရီဆော့မှ ရယ်ဒီမိတ် စားကောင်းသောက်ဖွယ်ရာများ ချထားပေးမည်ဟု ထင်ပါသလားခင်ဗျား…။
မဟုတ်ရေးချလွဲပါသည်။ ဘန့်ဆောင်ခွဲရပ်ကွက်အတွင်းရှိ ၀ပ်ဒုံကရောက်ဘုန်းကြီးကျောင်းနှင့် မယ်ပကျေးရွာရှိ တော ရကျောင်းမှ တောင်းယူလာသော ထမင်းကျန်၊ ဟင်းကျန်များဖြင့် ဧည့်ခံသမှုပြုကြရန် အသေအချာစီစဉ်ထားတာကို မြင် ရပါသည်။ လာလေ့… ၀ပ်ရှော့တ်ကို ဂုရုဖုန်း ဒီလိုဖွင့်ပါပြီ…။
(ဂုရုဖုန်း)… ကိုင်း….ကိုင်း (ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီ, ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကိုမှီဆိုတဲ့ န၀တ အဖွဲ့ ၀င်ဟောင်း မျိုးညွန့်ဆိုတဲ့ကောင် ပြောသွားသလို(မိတ်ဆွေတို့ကလည်း သာလာယံဇရပ်ကိုမှီ, ဘုန်းကြီးကလည်း (အဲဟုတ်ပေါင်) ဂုရုဖုန်းနဲ့ သင်တန်းဆရာတွေကလည်း, နွားမရေးရာကျွမ်းကျင်သူတွေကလည်း, မှီချင်ရာမှီကြပြီး သကာလ… ၀တ္တ၊ ဒုက္ခ၊ နိဿရဏ၊ နိဗ္ဗာနဿ… (အဲယောင်လို့)ရောထွေးကုန်ပါပြီ…။ နွားမရေးရာကျွမ်းကျင်သူတွေပီပီ နို့စားနွားမက ဘယ်လို၊ ကွာလတီရှိရှိ ဈေးကွက်ရှာရင် ဘယ်မျှ… တင်ပြကြရရင်…။ ဒီလိုဗျ..၊ ဒီလို…….။
စည်ပိုင်းပြတ်ပေါ်သို့ရောက်ရှိနေသည်ကိုပင် သူ့ကိုယ်သူ အမေရိကန်သမ္မတ-အိမ်ဖြူတော်ရှိ မိန့်ခွန်းပြော စင် မြင့်ပေါ်သို့ ရောက်နေသယောင်ယောင် ဂုရုဖုန်း ထင်မှတ်မှားနေတာတွေ့ရသည်။ အမှန်ရောက်နေသည်မှာ သာလာယံ ဇရပ်မှ စည်ပိုင်းပြတ်ဖြစ်သော်လည်း မှတ်ထင်စွဲလန်းခြင်းက ဂုရုဖုန်းကို ဖုံးကွယ်ပစ်လိုက်သည်ထင်၏…။
(ဂုရုဖုန်း)…“ အဟမ်း… အဟမ်း ဘန္တေ၊ သိသရဏေဏ၊ (အဲလေ) ဒီကနေ့ အိုင်ဒီယာလော်ဂျီ အပိုင်းကို အကျွနိုပ် ဂုဂု ဖုန်းက…..
(နွားကျောင်းသားများသံပြိုင်)… ဘာတဲ့ဗျ။ ထော်လာဂျီဟုတ်လား……….။ ရပြီ ရပြီ …. အဲဒါကို ကျနော်တို့သိတယ်။ ဆက်မပြောတော့နဲ့…။
အဲဒီလို စကားချီလိုက်သည်နှင့် အတိုင်အဖောက်ညီစွာ ဖြန့်ထွက်တွေးနိုင်သော သင်တန်းသား (နွားကျောင်း သား ကောင်းဘွိုင်များ, ဆိတ်ကျောင်းသားဂုတ်ဘွိုင်များ)ကို ဆွေးနွေးရသည်မှာ အားရစရာကောင်းလှပါတော့သည်။

ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

မှတ်ချက်။ ။ အပိုင်း(၃) ဆက်ညှော်ရန်…..

12 Nov, 2008

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)