(ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ်အတွင်းရှိ မြန်မာစိုက်ပျိုးရေးအလုပ်သမားများနှင့် ဒေသခံ ထိုင်း- မုံ(ခေါ်)မျှော့ လူ မျိုးတို့က ငြိမ်းချမ်းပျော်ရွှင်စွာ ကထိန်ပွဲ ဆင်နွဲနေကြခြင်းဖြစ်သည်။ ဝှေ့နူကလီကျေးရွာနှင့် ၃၇-ကီလိုမီတာကျေးရွာ တန် ဆောင်တိုင်ကာလ ကထိန်ပွဲ၊ ဇါတ်ပွဲ၊ ကျောင်းကပွဲများနှင့် ထိုင်း-မြန်မာ ငြိမ်းချမ်းပျော်ရွှင်ခြင်းအလှ…)
သို့ရာတွင်… ဤဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ခန့်မှန်းခြေအားဖြင့် အုန်းဖန်မြို့နယ်တွင် (၅၀၀၀၀)၊ ဖုတ် ဖရားမြို့နယ်တွင် (၇၀၀၀၀)ခန့်ရှိနေရာ နေ့စားခ(ခေါ်)နေ့စဉ်လုပ်အားခအနေဖြင့် (၆၀-၀၇-၈၀-၉၀-၁၀၀-၁၂၀)စသည် ဖြင့် ၆မျိုး ၆စားး ရှိနေပေသည်။ အမျိုးသမီးနှင့် အမျိုးသား လုပ်အားခ ခွဲခြားပေးမှု၊ ကလေးအလုပ်သမားများအား လူကြီး များနှင့် ခွဲခြားပေးမှု၊ (အချို့ကလေးများသည် ထိုင်းအလုပ်ရှင်များ၏ အိမ်ဆိုင်များ၊ နွားမွေးမြူရေးခြံများတွင် မြန်ာငွေကျပ် ၁၀၀၀၀-ကျပ်၊ ၁၅၀၀၀-ကျပ်ဖြင့် ဖြစ်စေ၊ ထိုင်းဘတ်ငွေ(၅၀၀- ၆၀၀- ၇၀၀- ၈၀၀)ဖြင့်ဖြစ်စေ အလုပ်လုပ်ကိုင်နေရ ကြောင်း ထိုင်းနှင့် မုံအလုပ်ရှင်များမှ လုပ်ငန်းခွင်သုံးကာကွယ်ရေးပစ္စည်းများ မထုတ်ပေးသလောက် ဖြစ်တည်နေ ကြောင်း၊ လက်ပြတ်, ခြေပြတ်, ဦးခေါင်းကွဲ, မျက်လုံးထိခိုက်, လက်အရေပြားလန်, အသက်ဆုံးရှုံးမှုများ လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်ခဲ့သောလည်း နစ်နာကြေး၊ လျော်ကြေးများ မရရှိကြောင်း၊ အလုပ်သမားလက်မှတ်(ဘတ်)အနေဖြင့်လည်း အုန်းဖန်မြို့နှင့် ဖုတ်ဖရားမြို့ နှစ်မြို့ပေါင်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ(၁၂၀၀၀၀)ခန့်တွင် လက်မှတ်ရှိသူ (၃၀၀၀)ထက်မပိုကြောင်း၊ အများစုကြီးမှာ ထောရောဆမ်ပက်(ထောရော ၃၈/ ၁)ဟူသော ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်ပင်မရှိကြောင်း၊ အလုပ်ရှင်များအပိုင်းကလည်း မိမိတို့၏ မြေနေရာတွင် မြန်မာများကို အိမ်ဆောက်နေစေကာ မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ခိုင်းစေနေသော်လည်း (ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး) အခြေအနေများ ကို မြန်မာပြည်သားများအကြား တိုးတက်သာယာအောင်(၀ါ) Resent Work (သင့်တင့်မျှတသော လုပ်ငန်းခွင်)ရရှိအောင် စွမ်းဆောင်နိုင်ခြင်း အားနည်းနေသေးကြောင်း မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က သုံးသပ် တင်ပြသည်။

No comments:
Post a Comment