ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 4, 2008

အမေရိကန်သမ္မတများနှင့် ကျနော်သိသော အမေရိကန်ပြည်အကြောင်း… အပိုင်း(၂)

> 4 Nov, 2008

ထိုသို့သော အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှုများနှင့်အတူ ရှေးဦး အမေရိကန်ပြည်သားတို့၏ နိုင်ငံတည်ထောင်မှုတွင် နယ် မြေ(၁၃)ခု အထိတိုးချဲ့ဖွဲ့စည်းလာနိုင်ခဲ့ပေသည်။ သို့သော် ဗြိတိသျှ ကျွန်းမကြီးမှ ရေတပ်များရောက်ရှိလာကာ အမေရိကန်ကို သူတို့၏ ကိုလိုနီနယ်အဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ (၁၇၇၃)ခုနှစ် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် (ဘော် စတွန်တီးပါတီ)အရေးအခင်းပေါ်ပေါက်ခဲ့သည်။ ဘက်ဂျမင်ဖရင်ကလင်ခေါင်းဆောင်သော လ္ဘက်ခြောက်အခွန် စည်းကြပ် ကန့်သတ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးသည် ကွဲပြားခြားနားသော အင်္ဂလိပ်ကိုလိုနီနယ်(၁၃)ခုကို စုစည်းညီ ညွတ်စေခဲ့ပါသည်။ တိုင်းရင်းသား ရက်အင်ဒီးယန်းရိုးရာဝတ်စုံများကို ၀တ်ဆင်ထားကြသော ဘက်ဂျင်မင် ဖရင်ကလင်၏ ရဲဘော်ရဲ ဘက်များသည် အင်္ဂလိပ်တို့၏ လ္ဘက်ခြောက်များကို ပင်လယ်ထဲကန်ချသော ပြောင်မြောက်သည့် လှုပ်ရှားမှုကြောင့် စိုး ရိမ်ကြောက် လန့်နေရသော ကိုလိုနီနယ်သားတို့၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်များကို စည်းလုံးညီညွတ် သွားစေခြင်းဖြစ်သည်။

ဘော်စတွန်တီးပါတီအရေးအခင်းပြီးသည့်နောက်ပိုင်းတွင်လည်း အမေရိကန်ပြည်မှ အင်္ဂလိပ်ကို လိုနီနယ် သားတို့သည် အင်္ဂလိပ်တို့အပေါ် မိမိတို့နှင့် လူမျိုးတူ၊ ဇာတိဒေသတူ ညီအကိုများဟူ၍ စိတ်သဘောထား၍ မရကြတော့ ပေ။ အင်္ဂလန်သည် အင်္ဂလန်ပင်ဖြစ်၍ အမေရိကန်သည် အမေရိကန်ပင်ဖြစ်ကြောင်း သက်သေသာဓကပြနိုင်ရန် ဒေသ အလိုက် ကိုယ် ပိုင်တပ်ဖွဲ့များ ဖွဲ့လာခဲ့ကြပေသည်။
ဤသို့ဖြင့် ၁၇၇၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်္ဂလိပ်တပ်များနှင့် အမေရိကန်ပြည်စောင့်တပ်ဖွဲ့များအကြား တင်းမာမှုများကြီး ထွားလာကာ ကြိုးကြား ကြိုးကြားတိုက်ပွဲများပေါ်ပေါက်လာခဲ့ရပေသည်။ အမေရိကန်ပြည်စောင့်တပ်များ၏ စစ်သေနာပ တိချုပ်မှာ ဗိုလ်ချုပ်ကြီး-ဂျော့ဝါရှင်တန်ဖြစ်ပြီး သဘောတရားရေးရာမှူးမှာ တွမ်ပိန်း(ခေါ်)သောမတ်စ်ပိန်းဖြစ်လေသည်။ တွမ်ပိန်းမှာ အမေရိကန်ကာကွယ် ရေးတပ်ဖွဲ့များ၏ သဘောတရားရေးရာမှူး ဖြစ်သော်လည်း အမေရိကန်နယ်သားမ ဟုတ်ပဲ ပြင်သစ်နိုင်ငံသားတဦးဖြစ်နေခြင်းက ထူးခြားနေပေသည်။ (အမှန်မှာ တွမ်ပိန်းသည် နိုင်ငံတကာတော်လှန်ရေး ၀ါဒီ တဦးဖြစ်ခြင်းကြောင့် ၁၇၈၉ ခုနှစ်ပြင်သစ်ပြည် ပဲရစ်ကွန်မြူးအရေးတော်ပုံတွင်လည်း နောက်ကွယ်မှ ပါဝင်သော သဘောတရားရေးမှူး ဖြစ်နေခြင်းကပို၍ထူးခြားနေပေသည်…။ စကားချပ်…)
၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ရက်နေ့တွင်မူ ဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန် ဦးဆောင်ပြီး(အမေရိကန်ပြည် လွတ်လပ်ရေးကြေညာ စာတမ်းကြီး)ကို ကမ္ဘာသိကြေညာကာ အင်္ဂလိပ်ကိုလိုနီတို့ကို မောင်းထုတ်ခဲ့သည်။ အင်္ဂလိပ်ရေတပ်များ လာရောက် တိုက်ခိုက်သောအခါမဟာမိတ်ဖြစ်နေသော ပြင်သစ်နှင့် စပိန်ရေတပ်တို့က အမေရိကန်တို့ဘက်မှ ကူညီတိုက်ခိုက်ပေး သဖြင့် အင်္ဂလိပ်တို့အကြီးအကျယ် အရေးနိမ့်ခဲ့ရပေသည်။ (၁၇၇၉)ခုနှစ်တွင် အမေရိကန်ပြည် ကွန်ဂရက်လွှတ်တော်ကို ခေါ်ယူကာ ပြည်နယ်ကြီး ၁၃ခုမှ ဒေသကိုယ်စားလှယ်များပါဝင်လျက် ကမ္ဘာပေါ်တွင် ပထမဦးဆုံးဖြစ်သော အမေရိကန် ပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (Constitution)ကို စတင်ရေးဆွဲခံကြပေသည်။ (၁၇၈၂)ခုနှစ်တွင် ဖွဲ့စည်းပုံအရ အမေရိကန်ပြည်၏ ပထမဦးဆုံး သမ္မတကြီးအဖြစ် ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်, ထို့နောက် ဂျွန်အဒမ်၊ ထို့နောက် သော မတ်စ်ဂျက်ဖာဆင် စသည်တို့က ဦးစီးပဲ့ကိုင် သမ္မတကြီး များဖြစ်လာခဲ့ကြပေသည်။ အပိုင်း(၃)….ဆက်လက်ဖော်ပြပါမည်

ပေးပို့သူ…သောင်ရင်းနဂါး

စာညွှန်း… မိမိဖတ်ဖူးမှတ်ဖူးသော သမိုင်းနှင့် ပထ၀ိနိုင်ငံရေး၊ ဒေါက်တာအေးချမ်း(ဂျပန်နိုင်ငံ ကန်နတက္ကသိုလ်ပါမောက္ခ)၊ ဦးခင်မောင်မြင့်, ဗိုလ်အောင်မင်း, အာဇာနည် ဦးစိန်ဝင်း အပါအ၀င် မိမိနိုင်ငံရေးအကျဉ်းသားဟောင်းဘ၀က စာပေဗဟုသုတကျေးဇူးရှင်များနှင့် မိမိမှနိုင်ငံတ ကာရေးရာဆွေးနွေးချက်များ…..။

4 Nov, 2008

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)