ဗယ်ဒါရာမာ ခေါင်းဆောင်သော ကိုလံဘီယာလက်ရွေးစင် ဘောလုံးအသင်းတွင် ပါဘလို အက်စ်ကိုဘာသည် နာမည်ကြီးတဦး ဖြစ်ပြီး ကိုလံဘီယာအသင်းနှင့်(အီတလီထင်ပါသည်) တို့ယှဉ်ပြိုင်ကစားကြသော ဘောလုံးပွဲ စဉ်၌ ယင်းသည် ကိုယ့်ဂိုးကိုယ်သွင်းခဲ့သည်။ ထိုသို့ ကိုယ့်ဂိုးကိုယ်သွင်းသော လုပ်ရပ် ပိုင်ရှင် ပါဘလိုအက်စ်ကိုဘာ၏ နောက်ဆက်တွဲနိဂုံး အနေဖြင့် မိခင်နိုင်ငံ ကိုလံဘီယာသို့ ပြန်ရောက်ချိန်တွင်(မင်းလားကွ ကိုယ့်ဂိုး ကိုယ်သွင်းသူ) ဟူ၍ တိကျသေချာသော စွဲချက် တင်စကားလုံးများဖြင့် ဘောလုံးချစ်သူ ပရိ သတ် တဦးက သေနတ်နှင့်ပစ်ခတ်ကာ စီရင် ခြင်းကို သူခံရပါတော့သည်။ သဟာက ဘောလုံး သမား(၀ါ)ကိုယ့်ဂိုးကိုယ်သွင်းသူ တဦးရဲ့ နိဂုံးချုပ်ချက်ပေါ့နော်။
ကဲ…လာပြီ … လာပြီ (ဒေါ်သက်ရီ)မဟုတ်ဘူးဗျ။ မူးယစ်ဆေးဝါး ရာဇာကြီးလေ။
“မြန်မာပြည်မှာ… ခွန်ဆာ …ကမ္ဘာမှာ… အက်စ်ကိုဘာ”ရယ်လိုတောင် သတင်းကြီးခဲ့၊ စူပါဖြစ်ခဲ့ သူပေါ့ဗျ။ အဲဒီ အက်စ်ကိုဘာကလည်း သူ့ရဲ့ မူးယစ်ဆေးဝါးဂိုဏ်ကြီးကို ကိုလံဘီယာနိုင်ငံနဲ့ အီကွေဒေါ၊ ပီရူး၊ ချီလီ၊ ပါရာဂွေး၊ ဘိုလီးဗီးယား စတဲ့ တောင်အမေရိကတခွင်တွင်မကပဲ ကျူးဘား၊ ကော့စတာရီကာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ၊ ဟေတီ၊ပနားမား စတဲ့ အလယ်အမေရိက တခွင်က နိုင်ငံတွေနဲ့တင် မပြီးသေးဘူးနော့။ မြောက်ပိုင်း အာဖရိက နိုင်ငံတွေဆီ အထိ ရော မြောက်အမေရိက(အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ) အထိပါ မူးယစ်ဆေးကို တွင်တွင် ကျယ်ကျယ်ဖြန့်ဖြူးခဲ့သူပေါ့။ အာရှတိုက်တခွင်မှာလည်း သူက ခွန်ဆာရှိနေပေမယ့် လက်က ခပ်ကြဲကြဲရယ်လေ။
အဲဒီအက်စ်ကိုဘာဟာ စကားပြောရင် ဘောင်ဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး စကားပြောတတ် သတဲ့။ အက်စ်ကိုဘာ တင်ဘယ်ကမလဲ၊ မြန်မာပြည်က ဘိန်းရာဇာ ခွန်ဆာဟာလည်း ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး စကားပြောတတ်ပြန်သတဲ့။
အဲဒီနေ့ကလေ ချိန်ခါမဟုတ် မိုးတွေရွာ ရေတွေကြီးတဲ့နေ့ပေါ့။ လမ်းပေါ်တက်လာတဲ့ငါးတွေ လိုက်ဖမ်းရင်း ပါးစပ်ကလည်းဟိုအော်ဒီအော် …
“ဘောင်းဘီထဲ…လက်နှိုက်ပြီး … လက်ချောင်းကလေးများ…ဆော့ကစား ….
ဘေးပတ်ဝန်းကျင်လည်း…ကျန်ကျောင်း မရှိတော့ သလိုပဲ…."
“ဟေ့ကောင်တွေ မင်းတို့ဘာတွေဆိုနေကြတာတုန်း မဆိုကြနဲ့အုံး ပြောတာမပြီးသေးဘူးကွ
ခုဆက်ပြောမှာက အမှတ်တရည တွေ့ဆုံပွဲတခုမှာ တွေ့ရတဲ့ အက်စ်ကိုဘာ စတိုင်ကို ဆက်ပွားအုံမယ်…”
အဲ့ဒီ အက်စ်ကိုဘာ(၀ါ)အဲဒီ ခွန်ဆာဟာ ဘောင်ဘီထဲ လက်နှိုက်ပြီး…
“သူဟာလည်း အေဘီစီဒီ စာကျက်ခဲ့ကြောင်း၊ ယခုလည်း အေဘီစီဒီစာတွေကို ကျက်နေဆဲ ဖြစ်ကြောင်း”
ပြောရင်းနဲ့ နောက်ပိုင်းမင်းသား ငိုခန်းပုံစံပြောသွားလေသတဲ့။
သူစကားပြောတာကိုနားထောင်နေတဲ့ ဧည့်သည်ထဲကတချို့ကလည်း ဒီလူဘောင်ဘီးထဲ လက်နှိုက်လိုက်တယ်ဆိုတော့ အိတ်ကပ်ထဲက ဘာများထုတ်ပေးအုံးမလဲ။ ဘာအကွက် သစ်တွေများထုတ်ပြလေမလဲ မျှော်တလင့်လင့်နဲ့လေ။ နောက်ဆုံးတော့ သူ့အိတ်ကပ်ထဲက နူတ်ခမ်းနီတဘူးထွက်လာတာကို မြင်သူကမြင်လိုက်ရလေရဲ့။ ငှဲ...ငှဲ...ငှဲ။
အဲဒီလို အကြောင်းကြောင်းသော အကြောင်းပေါင်းစုံထဲက အကြောင်းကြောင်းတွေရယ်ကြောင့် အဲဒီ အက်စ်ကိုဘာဟာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့သူ အက်စ်ကိုဘာ လည်းဖြစ်သလို ကိုးကင်းရာဇာ အက်စ်ကိုဘာလည်းဖြစ်နေတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်က ဘိန်းရာဇာ ခွန်ဆာလိုလူမျိုးလည်းဖြစ်နေပြန်တာမို့လို့(ဒါတောင် ဟိုတခုချန်ထားသေးတယ်) ................ အရပ်ကတို့ရေ
“ဘောင်းဘီထဲ…လက်နှိုက်ပြီး…လက်ချောင်းကလေးများ…ဆော့ကစား
ဘေးပတ်ဝန်းကျင်လည်း… ကျန်ကျောင်း မရှိတော့သလိုပဲ….
ခေါင်းလေးမော့လို့ … အက်စ်ကိုဘာရယ်
ကားကြီးစီးလည်း … စိတ်မလာဘူး .. ဟေ့..
ကိုယ့်ဂိုးကိုယ်သွင်းလိုက်တော့လဲ … နေလို့ကောင်းသွားတာပဲ”
ထိုနေ့သည်ကား နိုဝင်ဘာလ ၁ရက်နေ့ပင်ဖြစ်၍ ထိုင်း-မြန်မာနယ်စပ်တနေရာရှိ ခွပ်ဒေါင်းများ၏ သမိုင်းဖြတ်သန်းခြင်း အနှစ် ၂၀မြောက်တွေ့ဆုံပွဲည ဖြစ်ပါသတည်း...။
ဟုတ်ကဲ့….။
မိုးလေ၀သ ပြန်လည်သာယာနေပါသည်။ ထိုင်းမြန်မာနယ်စပ်တနေရာတွင် ယနေ့ နေပူနေပါသည်။
(ငြုပ်သီး)
ထိုင်မြန်မာနယ်စပ် တွင် ထိုနေ့ကမိုးရွာသည်။ ရေကြီးသွားပါသည်။ တောင်အမေရိကတိုက် တွင်မူ နိုင်ငံတကာက အလိုအရှိဆုံး ရာဇ၀တ်ကောင်လည်းဖြစ်ပြီး မူးယစ်ဆေးဝါး ရာဇာကြီး လည်းဖြစ်သူ (အက်စ်ကိုဘာ)သည် အလွန်နာမည်ကြီးခဲ့သည်။ အလွန်ထူးခြားစွာတိုက်ဆိုင်နေ သည်က ထိုစဉ် ၁၉၉၄ ခုနှစ် (အမေရိက အိမ်ရှင်အဖြစ်) ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေစဉ် အချိန်တွင် ပီလီကဲ့သို့သော ကမ္ဘာ့ဖလားကျော်စူပါစတားကြီးကပင် ကြိုက်လှသည်၊ဗိုလ်စွဲနိုင် သည် ဟူ၍ တစ်ပေးခဲ့သော ကိုလံဘီယာဘောလုံးအသင်းတွင်လည်း(ပါဘဘို အက်စ်ကိုဘာ) ဟူသော နာမည်ကြီးဘောလုံးသမားကရှိနေခြင်းဖြစ်သည်။
ဗယ်ဒါရာမာ ခေါင်းဆောင်သော ကိုလံဘီယာလက်ရွေးစင် ဘောလုံးအသင်းတွင် ပါဘလို အက်စ်ကိုဘာသည် နာမည်ကြီးတဦး ဖြစ်ပြီး ကိုလံဘီယာအသင်းနှင့်(အီတလီထင်ပါသည်) တို့ယှဉ်ပြိုင်ကစားကြသော ဘောလုံးပွဲ စဉ်၌ ယင်းသည် ကိုယ့်ဂိုးကိုယ်သွင်းခဲ့သည်။ ထိုသို့ ကိုယ့်ဂိုးကိုယ်သွင်းသော လုပ်ရပ် ပိုင်ရှင် ပါဘလိုအက်စ်ကိုဘာ၏ နောက်ဆက်တွဲနိဂုံး အနေဖြင့် မိခင်နိုင်ငံ ကိုလံဘီယာသို့ ပြန်ရောက်ချိန်တွင်(မင်းလားကွ ကိုယ့်ဂိုး ကိုယ်သွင်းသူ) ဟူ၍ တိကျသေချာသော စွဲချက် တင်စကားလုံးများဖြင့် ဘောလုံးချစ်သူ ပရိ သတ် တဦးက သေနတ်နှင့်ပစ်ခတ်ကာ စီရင် ခြင်းကို သူခံရပါတော့သည်။ သဟာက ဘောလုံး သမား(၀ါ)ကိုယ့်ဂိုးကိုယ်သွင်းသူ တဦးရဲ့ နိဂုံးချုပ်ချက်ပေါ့နော်။
ကဲ…လာပြီ … လာပြီ (ဒေါ်သက်ရီ)မဟုတ်ဘူးဗျ။ မူးယစ်ဆေးဝါး ရာဇာကြီးလေ။
“မြန်မာပြည်မှာ… ခွန်ဆာ …ကမ္ဘာမှာ… အက်စ်ကိုဘာ”ရယ်လိုတောင် သတင်းကြီးခဲ့၊ စူပါဖြစ်ခဲ့ သူပေါ့ဗျ။ အဲဒီ အက်စ်ကိုဘာကလည်း သူ့ရဲ့ မူးယစ်ဆေးဝါးဂိုဏ်ကြီးကို ကိုလံဘီယာနိုင်ငံနဲ့ အီကွေဒေါ၊ ပီရူး၊ ချီလီ၊ ပါရာဂွေး၊ ဘိုလီးဗီးယား စတဲ့ တောင်အမေရိကတခွင်တွင်မကပဲ ကျူးဘား၊ ကော့စတာရီကာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ၊ ဟေတီ၊ပနားမား စတဲ့ အလယ်အမေရိက တခွင်က နိုင်ငံတွေနဲ့တင် မပြီးသေးဘူးနော့။ မြောက်ပိုင်း အာဖရိက နိုင်ငံတွေဆီ အထိ ရော မြောက်အမေရိက(အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ) အထိပါ မူးယစ်ဆေးကို တွင်တွင် ကျယ်ကျယ်ဖြန့်ဖြူးခဲ့သူပေါ့။ အာရှတိုက်တခွင်မှာလည်း သူက ခွန်ဆာရှိနေပေမယ့် လက်က ခပ်ကြဲကြဲရယ်လေ။
အဲဒီအက်စ်ကိုဘာဟာ စကားပြောရင် ဘောင်ဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး စကားပြောတတ် သတဲ့။ အက်စ်ကိုဘာ တင်ဘယ်ကမလဲ၊ မြန်မာပြည်က ဘိန်းရာဇာ ခွန်ဆာဟာလည်း ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး စကားပြောတတ်ပြန်သတဲ့။
အဲဒီနေ့ကလေ ချိန်ခါမဟုတ် မိုးတွေရွာ ရေတွေကြီးတဲ့နေ့ပေါ့။ လမ်းပေါ်တက်လာတဲ့ငါးတွေ လိုက်ဖမ်းရင်း ပါးစပ်ကလည်းဟိုအော်ဒီအော် …
“ဘောင်းဘီထဲ…လက်နှိုက်ပြီး … လက်ချောင်းကလေးများ…ဆော့ကစား ….
ဘေးပတ်ဝန်းကျင်လည်း…ကျန်ကျောင်း မရှိတော့ သလိုပဲ…."
“ဟေ့ကောင်တွေ မင်းတို့ဘာတွေဆိုနေကြတာတုန်း မဆိုကြနဲ့အုံး ပြောတာမပြီးသေးဘူးကွ
ခုဆက်ပြောမှာက အမှတ်တရည တွေ့ဆုံပွဲတခုမှာ တွေ့ရတဲ့ အက်စ်ကိုဘာ စတိုင်ကို ဆက်ပွားအုံမယ်…”
အဲ့ဒီ အက်စ်ကိုဘာ(၀ါ)အဲဒီ ခွန်ဆာဟာ ဘောင်ဘီထဲ လက်နှိုက်ပြီး…
“သူဟာလည်း အေဘီစီဒီ စာကျက်ခဲ့ကြောင်း၊ ယခုလည်း အေဘီစီဒီစာတွေကို ကျက်နေဆဲ ဖြစ်ကြောင်း”
ပြောရင်းနဲ့ နောက်ပိုင်းမင်းသား ငိုခန်းပုံစံပြောသွားလေသတဲ့။
သူစကားပြောတာကိုနားထောင်နေတဲ့ ဧည့်သည်ထဲကတချို့ကလည်း ဒီလူဘောင်ဘီးထဲ လက်နှိုက်လိုက်တယ်ဆိုတော့ အိတ်ကပ်ထဲက ဘာများထုတ်ပေးအုံးမလဲ။ ဘာအကွက် သစ်တွေများထုတ်ပြလေမလဲ မျှော်တလင့်လင့်နဲ့လေ။ နောက်ဆုံးတော့ သူ့အိတ်ကပ်ထဲက နူတ်ခမ်းနီတဘူးထွက်လာတာကို မြင်သူကမြင်လိုက်ရလေရဲ့။ ငှဲ...ငှဲ...ငှဲ။
အဲဒီလို အကြောင်းကြောင်းသော အကြောင်းပေါင်းစုံထဲက အကြောင်းကြောင်းတွေရယ်ကြောင့် အဲဒီ အက်စ်ကိုဘာဟာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့သူ အက်စ်ကိုဘာ လည်းဖြစ်သလို ကိုးကင်းရာဇာ အက်စ်ကိုဘာလည်းဖြစ်နေတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်က ဘိန်းရာဇာ ခွန်ဆာလိုလူမျိုးလည်းဖြစ်နေပြန်တာမို့လို့(ဒါတောင် ဟိုတခုချန်ထားသေးတယ်) ................ အရပ်ကတို့ရေ
“ဘောင်းဘီထဲ…လက်နှိုက်ပြီး…လက်ချောင်းကလေးများ…ဆော့ကစား
ဘေးပတ်ဝန်းကျင်လည်း… ကျန်ကျောင်း မရှိတော့သလိုပဲ….
ခေါင်းလေးမော့လို့ … အက်စ်ကိုဘာရယ်
ကားကြီးစီးလည်း … စိတ်မလာဘူး .. ဟေ့..
ကိုယ့်ဂိုးကိုယ်သွင်းလိုက်တော့လဲ … နေလို့ကောင်းသွားတာပဲ”
ထိုနေ့သည်ကား နိုဝင်ဘာလ ၁ရက်နေ့ပင်ဖြစ်၍ ထိုင်း-မြန်မာနယ်စပ်တနေရာရှိ ခွပ်ဒေါင်းများ၏ သမိုင်းဖြတ်သန်းခြင်း အနှစ် ၂၀မြောက်တွေ့ဆုံပွဲည ဖြစ်ပါသတည်း...။
ဟုတ်ကဲ့….။
မိုးလေ၀သ ပြန်လည်သာယာနေပါသည်။ ထိုင်းမြန်မာနယ်စပ်တနေရာတွင် ယနေ့ နေပူနေပါသည်။
(ငြုပ်သီး)
No comments:
Post a Comment