ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 11, 2008

11 Dec,2008 ….. နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်းအားခွဲခြမ်းစိတ်ဖြာကြည့်ခြင်း….

>
၁၉၄၈ခုနှစ် ၊ဒီဇင်ဘာလ၁၀ရက်နေ့ မှာကမ္ဘာ့ကုလသမဂ္ဂ္ဂကနေဟောဒီအချက်၃၀ပါလူ့ အခွင့်အရေး ကြေညာ စာတမ်းကိုနိုင်ငံတကာသိအောင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဟောဒီအချက်၃၀ကို ခွဲခြမ်းစိတ် ဖြာကြည့်ရင်-(၁)နိုင်ငံသားဆိုင်ရာအခွင့်အရေး၊ (၂)နိုင်ငံရေးဆိုင်ရာအခွင့်အရေး၊ (၃)စီးပွားရေးဆိုင် ရာအခွင့်အရေး၊ (၄)လူမူရေးဆိုင်ရာအခွင့်အရေး၊ (၅) ယဉ်ကျေးမူဆိုင်ရာအခွင့်အရေး စသဖြင့်ခွဲခြမ်း စိတ်ဖြာထားပါတယ်။ တခုချင်းကိုရှင်းလင်းရမယ်ဆိုရင်….(၁)နိုင်ငံသားဆိုင်ရာအခွင့်အရေးတွေ့ကဒီလိုရှိပါတယ်။လူတိုင်းမှာ… (a)အသက်ရှင်သန်ပိုင်ခွင့် (b)ညှင်းပမ်းနှိပ်စက်ခြင်း၊ရက်စက်သောအပြစ်ပေးမှုများမပြုလုပ်ရ။ (c)ကျွန်သဖွယ်ခိုင်း စေခြင်းမပြု လုပ်ရ။ (d)ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။ (e)ဘ၀ရှင်သန်ရေးအတွက်အခြေခံ လိုအပ်ချက်များ ရရှိပိုင်ခွင့်ရှိသည်။ (f)နိုင်ငံသားဖြစ်ခွင့်၊ (g)ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် စွက်ဖက်ခြင်းမရှိရ။
(h)လွတ်လပ် စွာဆက်သွယ်ခွင့်၊(i)လွတ်လပ်စွာသွားလာခွင့်၊နေရာဒေသရွေးချယ်နေထိုင်ခွင့်။
(j)တရားဥပဒေအရ ညီမျှစွာ ခံစားနိုင်ရေးနှင့်ခွဲခြားမှုမရှိစေရ။ (k)တရားရုံးတွင်လွတ်လပ်သော တရား စီရင်မှုခံရခွင့်။ (l) တရားဥပဒေအရတူညီမျှတစွာ ခံစားနိုင်ရေးနှင့်ခွဲခြားမူမရှိစေရ။ (m)ဥပဒေအရ မဟုတ်သောဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ပြည်နှင် ဒဏ်ပေးခြင်း၊ မခံစေရ။ (n) စွပ်စွဲခံရစဉ်အပြစ်ကင်း
သူဟုယူဆခံရခွင့်။ (o)လွတ်လပ်စွာဘာသာရေး ယုံကြည်ခွင့်တွေးခေါ်ခွင့်။ (p)လူမျိုးရေးဆိုင်ရာ အခွင့်အရေး။ (q)ကျား/မ, မခွဲခြားပဲတူညီမှုရှိရေး။ …စတာတွေ ပါဝင်ပါ တယ်။
ဒုတိယအပိုင်းဖြစ်တဲ့-နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေက…..လူတိုင်းမှာ (က)လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်ထုတ်ဖော်ရေးသားခွင့်။ (ခ)လွတ်လပ်စွာဖွဲ့စည်းခွင့်၊ စုဝေးခွင့်။ (ဂ)နိုင်ငံရေးလုပ်ဆောင် ခွင့်။(ဃ)ဆန္ဒမဲပေးပိုင်ခွင့်။ (င)နိုင်ငံရေးပါတီထူထောင်ခွင့်။ (စ)နိုင်ငံရေးနှင့်ပြည်သူ့ ဝန်ထမ်းလုပ် ငန်းများ တွင်ပါဝင်ဆောင်ရွက်နိုင်ခွင့်။ (ဆ)သတင်း အချက်အလက်များအားရယူနိုင်ခွင့်နှင့်ဖြန့် ဝေနိုင် ခွင့်….စတာတွေပါဝင်ပါတယ်။
တတိယအပိုင်းဖြစ်တဲ့လူမူရေးဆိုင်ရာအခွင့်အရေးတွေကတော့ဒီလိုရှိပါတယ်။လူတိုင်းမှာ (က)လူမူရေး လုပ်ငန်းများလုပ်ဆောင်ခွင့်။(ခ)ပညာသင်ကြားခွင့်။(ဂ)ထိမ်းမြားလက်ထပ်ခွင့်။ (ဃ)မိသားစုအား အစိုးရထံမှစောင့်ရှောက်မူခံစားခွင့်။(င)ကျန်းမာရေးအာမခံရရှိခွင့်။ (စ)လူမူဖူလုံရေးခံစား ပိုင်ခွင့်။ …..စတာတွေပါဝင်ပါတယ်။
စတုတ္ထအပိုင်းဖြစ်တဲ့စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကဒီလိုပြဌာန်းပေးထားတယ်လေ….။ လူတိုင်းမှာ………. (က)ဘ၀ရပ်တည်ရေးအတွက်စီးပွားရေးလုပ်ဆောင်ခွင့်။(ခ)အလုပ်ရရှိခွင့်။(ဂ)လွတ်လပ်စွာအလုပ်ရွေး
ချယ်ခွင့်၊ သင့်တင့်သောလုပ်အားခရရှိခွင့်၊ တရားမျှတသော အလုပ်ငှားရမ်းမူရရှိခွင့်။ (ဃ)သမဂ္ဂထူ ထောင်ခြင်း နှင့်အလုပ်နားရန်တောင်းဆိုခွင့်။ (င)သဘာဝသယံဇာတများနှင့် ပတ်သက်ပြီးနား လည်မူ ရရှိခွင့် ….. စတာတွေပါဝင်ပါတယ်။
ပဉ္စမအပိုင်းဖြစ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ ကတော့…. ဒီလိုပါ ခင်ဗျ..။လူတိုင်းမှာ……(က)အနားယူခြင်းအလုပ်နားရက် အပန်းဖြေခြင်း။ (ခ)ဘ၀ရပ်တည်ရေး အတွက်ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်ခွင့်။ (ဂ)ဥာဏ်ပညာနှင့် ဥစ္စာပစ္စည်း ထိန်းသိမ်းခွင့်။ (ဃ)ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခွင့်…. စတာတွေပါဝင်ပါ တယ်။ (လူသားတို့ ၏မွေးရာ ပါအခွင့်အရေးသည်လူ့ အခွင့်အရေး)ဖြစ်တာမို့ လို့ အလုပ်သမားအခွင့် အရေးဟာလူ့ အခွင့်အရေးဖြစ် သလိုလယ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့် အရေး၊ ကလေး အခွင့်အရေး (ထိုင်းနိုင်ငံနဲ့ အမေရိကန်၊ ဥရောပက ဂျီဖုံးတွေကလည်း သွပ်ပြား တို့အခွင့်အရေး) စသဖြင့်အားလုံးဟာလူ့အခွင့် အရေးပဲဖြစ်ပါတယ်။အဲဒီလူ့အခွင့်အရေးဟာ (ဒီမိုကရေစီ) ပဲဖြစ်နေပြန် လေတော့(ဒီမိုကရေစီနှင့်လူ့အခွင့်အရေး)ရယ်လို့ ပူးတွဲဖော်ပြရည်ညွှန်းကြတာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ စစ်အစိုး ရဟာ ဘယ်ပြည်သူကရွေးချယ်တင်မြှောက်လို့ အခုလို အနှစ်(၂၀)ကြာအောင် အုပ်စိုး နေရတာလဲ…။ ဒါဟာ ဒီမိုကရေစီနဲ့ရော လူ့အခွင့်အရေးနဲ့ပါ ဆီလျော်မှုရှိပါသလား…။ ဘယ် လိုပဲဖြစ်ဖြစ် လွတ်လပ်ငြိမ်း ချမ်းပျော်ရွှင်သော မြန်မာနိုင်ငံသစ်ဖြစ်ဖို့အတွက် အဝေးရောက်မြန်မာ ပြည်သားတွေနဲ့ အနီးကပ်မြန်မာ ပြည်သားတွေက တယောက်တလက်တအား ကြိုးစားရုန်းကန်လှုပ် ရှားသွားကြရအောင်လားခင်ဗျာ….။

စုဆောင်းတင်ပြသူ---ရဲရင့်အောင်(မြန်မာပြည်သား)

ကျမ်းကိုး--နိုင်ငံတကာအလုပ်သမားအဖွဲ့ချူပ်(ILO)နှင့်ထိုင်းနိုင်ငံရှေ့နေများကောင်စီ၏လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)တို့ မှသင်ကြားပို့ ချသောလူ့ အခွင့်အရေးနှင့်ထိုင်းအလုပ်သမားဥပဒေများလက်စွဲစာအုပ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)