ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်ထားသော နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း (အချက်-၃၀)အား စတင်ကြေညာခဲ့သော အမှတ်တရနေ့ဖြစ်သည်။ ဤအမှတ်တရနေ့ကို ၁၉၄၈-ခုနှစ် ဒီဇင် ဘာလ (၁၀)ရက်နေ့တွင် စတင်ကြေညာခဲ့သည် ဖြစ်သဖြင့် ယနေ့ဆိုပါလျှင် နှစ်ပေါင်း(၆၀)တိုင်ခဲ့ပေပြီ၊ ဤနှစ် ပေါင်း ၆၀အတွင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း(၁၉၂)နိုင်ငံနှင့် အဆိုပါနိုင်ငံများရှိ ကမ္ဘာ့ပြည်သူ သန်း ပေါင်း ၆၀၀၀ ခန့်တို့အတွက် လွတ်လပ်ခြင်း(Freedom) ညီမျှခြင်း(Equality)နှင့် တရားမျှတခြင်း (Justice) တည်းဟူသော လောကပါလတရား(၀ါ) အခြေခံလူ့အခွင့်အရေးများ ထွန်းကားပါပြီလား။ ရသင့်ရထိုက်သော ရပိုင်ခွင်များ ရကြပါပြီလား…။
ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကော်မရှင်တွင်ပင် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံးသော နိုင်ငံများ သည် ကော်မရှင်အဖွဲ့ဝင်များအဖြစ် ပါဝင်နေသည်မှာ လူရယ်စရာပင်ဖြစ်သည်။
ကိုင်း…. ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ(၀ါ) ရွှေ့ပြောင်းအလုပ်သမားများ၏ ဘ၀အခြေအနေကို တစေ့တစောင်း ရှုကြညစမ်းပါဦး။ ထိုင်းအလုပ်သမားဥပဒေ (ဘီအီး-၂၅၄၁)တွင် ပြဌာန်းထားသော အခွင့် အရေးများအတိုင်း ရပိုင်ခွင့်ရှိကြပါပြီလား။ ရကြပါပြီလား….။
ထိုင်းနိုင်ငံရှိ ခရိုင်အုပ်ချုပ်ရေးဒေသ (၇၆)ခုတွင် မိမိတို့ မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်ပုံစံမျိုးစုံတို့၌ ၀င် ရောက်လုပ်ကိုင်လျက်ရှိပါသည်။ ထိုလုပ်ငန်းခွင်တို့တွင် သတ်မှတ်လုပ်အားခ အပြည့်အ၀မရရှိခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှု ညံ့ဖျင်းခြင်းနှင့် အချို့နေရာများတွင် လုံးဝမရှိခြင်း၊ တနင်္ဂနွေ အလုပ်ပိတ်ရက်နှင့် ထိုင်းနိုင်ငံ၏ နေ့ကြီးရက်ကြီး ၁၃-ရက် (မေဒေးနေ့၊ ဘုရင့်မွေးနေ့၊ မိဖုရားမွေးနေ့၊ သင်္ကြန်-၃ရက်၊ ထိုင်းအခြေခံ ဥပဒေနေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မီးဖောင်မျောပွဲတော်နေ့ စသည်ဖြင့်) အဆိုပါ ၁၃-ရက်တွင်လည်း အလုပ် လုပ်ရခြင်း၊ လက်ပြတ်၊ ခြေပြတ်၊ အသက်ဆုံးရှုံး စသည်ဖြင့် နစ်နာဆုံးရှုံးမှုများ ရှိသော်လည်း ထိုက်တန်သော လျော်ကြေးမရရှိခြင်း၊ လက်မှတ်မဲ့ အလုပ်သမားများအား အလုပ်ရှင်က ခေါ်ယူခိုင်းစေပြီး ရဲနှင့် လူဝင်မှုကြီး ကြပ်ရေးက ဖမ်းဆီးရန် လာသောအခါ ယင်းအလုပ်သမားတို့အား ရှောင်တိမ်းပုန်းအောင်းရန် စေခိုင်းခြင်း၊ လက်မှတ်မဲ့ မြန်မာအလုပ်သမားထောင်ပေါင်းများစွာကို ထိုင်းရဲနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးတို့က ဖမ်းဆီးအ ရေးယူခဲ့သော်လည်း ယင်းတို့ကို ခေါ်ယူခိုင်းစေသော အလုပ်ရှင်များအား အရေးယူမှုမ ရှိခြင်း၊ လုပ်ငန်းခွင် အသီးသီးတွင် ရေမသန့်ရှင်းခြင်း၊ အိမ်သာညစ်ပတ်ခြင်းနှင့် အိမ်သာလုံလောက်မှုမရှိခြင်း၊ အခန်း ကျဉ်းများထဲ တွင် အလုပ်သမားများ စုပြုံနေရခြင်း (အချို့နေရာများတွင် ၂-ထပ်ဆင့်၊ ၃-ထပ်ဆင့်ကာနေရခြင်း) လုပ်ငန်း ခွင်ဘေးကင်းလုံခြုံရေးအစီအမံများ (ဦးခေါင်းအကာအရံမှစတင်ကာ ခြေထောက်တွင်ဘွတ်ဖိနပ်စီးသည်အထိ) မရှိခြင်း၊ လုပ်ငန်းခွင်သုံး ယူနီဖောင်းအားမစီစဉ်ပေးခြင်းကြောင့် မလိုလားအပ်သော ဟိုငြိ၊ ဒီတွယ်ဖြစ်ပွားသော အသက်သေဆုံး မှုများ ဖြစ်ပွားရခြင်း၊ ကျန်းမာရေးအရခွင့်ယူပါက အခက်အခဲဖြစ်ပေါ်ခြင်း၊ အလုပ်သမားလက် မှတ်(ဘတ်)ကြေးအား လစဉ်ဖြတ်တောက်ရာတွင် အမှန်တကယ်ကုန်ကျစရိတ်(၃၈၅၀) ဘတ်ထက်ကျော် လွန်နေခြင်း၊ အလုပ်သမားလက်မှတ် (ဘတ်)မရှိသူ မြန်မာအလုပ်သမားအများစုအား တောမော(ခေါ်)လူဝင် မှုကြီးကြပ်ရေးအတွက် လိုင်းကြေးပေးရန်ဆိုကာ ခေါင်းစဉ်အမျိုးမျိုးပြကာ လစဉ်ဖြတ်တောက်ခြင်း၊ သင့်တင့်မျှ တသော လုပ်ငန်းခွင်(Recemt Work)ဟူ၍ လုံးဝမရှိခြင်း… စသည်ဖြင့် အလုပ်သမားအခွင့်အရေးများစွာ ချိုးဖောက်ခြင်းခံနေရပေသည်။ ထိုင်းနိုင်ငံတွင် မိမိတို့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂)သန်းကျော်သည် (၁)စက်ရုံ အလုပ်ရုံလုပ်ငန်း (၂) မွေးမြူရေးလုပ်ငန်း (၃) ရေလုပ်ငန်းနှင့် ရေထွက် ပစ္စည်းလုပ်ငန်း (၄) ရာဘာ ခြံလုပ်ငန်း (၅) ဆောက်လုပ်ရေးလုပ်ငန်း (၆) စိုက်ပျိုးရေးလုပ်ငန်း (၇) ကျပန်းလုပ်ငန်း စသည်တို့ကို လုပ်ကိုင် နေကြသည်ကို တွေ့ရသည်။
ထိုင်းအလုပ်သမားကာကွယ်ရေး အက်ဥပဒေ BE-25411998) Act, လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာ ရေးဆိုင် ရာအက်ဥပဒေ BE-2537(1994) Act, အလုပ်ရှင်နှင့် အလုပ်သမားစေ့စပ်ဖျန်ဖြေရေးအက်ဥပဒေ BE-2518(1975) Act, လူမှုဖူလုံရေးနှင့် လျော်ကြေးဆိုင်ရာအက်ဥပဒေBE-2533(1990) Act, ရာဇ၀တ်မှုဆိုင်ရာ လျော်ကြေးအက်ဥပဒေ BE-2544(2001) Act, …စသည် စသည်တို့သည် အလုပ်သမားအခွင့်အရေးဟူသည် လူ့အခွင့်အရေးဖြစ်ကြောင်း… သက်သေပြရန်အချိန်မနှောင်းသေးပါချေ….။
“လူသားတိုင်း၏ မွေးရာပါအခွင့်အရေး” ဟူ၍ တွင်တွင်ကျယ်ကျယ် အော်ဟစ်နေသော ခေတ်ကာလတွင် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့်၊ အမေရိကန်ဒေါ်လာဈေးကျဆင်းနေသောကြောင့် (ဟိုဟာကြောင့်) ဒီဟာ ကြောင့်၊ ဆိုတာ အကြောင်းပြနေသည်ကို လက်မခံနိုင်ပါချေ….။
သို့ဖြစ်၍ ယနေ့ကျရောက်သော နှစ်(၆၀)ပြည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် အထက်ပါ ထိုင်းအလုပ်သမား ဥပဒေ များပါ အခွင့်အရေးများအတိုင်း မြန်မာ၊ လော၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအား ရပိုင်ခွင့် များပေးပါရန် ပန်ကြားအပ်ပါသည်။
မြန်မာပြည်ူသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)
Joint Action Committee for Burmese Affairs
10 Dec, 2008…..

No comments:
Post a Comment