xxxx သရက်ပွင့်တို့ 
နီကြင့်ဝါ၀ါ ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ် ၊ ရေကမ်းစပ်သို့ 
ပြေးကပ်တော့မည် ၊ ပင်လယ်ဆီသို့ 
တဟီတီဆိုတဲ့ ကျွန်းကလေးလေ……..။
xxxx အို…….ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း ၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် ၊ သရက်ရွက်တို့ 
ပြိုးပြက်နီနီ ၊ ဂိုဂင်နှီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ…….။
xxxx အဲသည်ကျွန်းမှာ
မိန့် ခွန်းမြွက်ကြား ၊ တရားဟောသံ
နိုင်ငံရေး လည်းမရှိဘူးကွယ့်……။
xxxx လူ့ ဘ၀၏
အပေါ်ယံလွှာ ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏ ၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး…..။
xxxx အဘွားလုပ်သူ
ငြူ စောင်းမြောင်း ၊ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ ၊ မကြားရဘူး
သိုက်မြုံဦးမှ ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာကြားရမယ်…….။
xxxx ရေညှိအောက်မှ
မြွေဟောက်ဝါကျား ၊ တို့ ကစားပြီး
စွန့် စားခန်းလည်း တွေ့ နိုင်သေး…..။
xxxx ရှန်ပိန်အရက်
မချက်လိုဘူး ၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့် ၊ မူးနောက်ဝေပြီး
သဲငွေ သောင်မှာအိပ်နိုင်သေး……။
xxxx ဆာရင်လည်းလေ
တွဲလွဲငုံ့ ဆိုင် ၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွတ်ကာ ၊ အခွံနွှာပြီး
ဗ်ီတာမင်များ ၊ ဓာတ်အားကြွယ်လှ
ပလုတ်ပလောင်းစားနိုင်သေး…..။
xxxx ဘာလိုသေးလဲ
အေးအေးမေ့ပျောက် ၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း ၊ လွတ်လပ်ခြင်းနဲ့ 
ရှိုက်မျှဉ်းတေးကို ၊ အော်ဆိုချင်ဆို
ပျက်ပြို အက်ကွဲကြောင်သွားပေစေ…..။
xxxx ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ် ၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး ၊ မျက်လုံးမှေး၍
တွေးတောကြံဖန် ၊ ကာရန်ကိုရှာ
ကဗျာစပ်ကာရူးနိုင်သေး…….။
xxxx ဘယ့်နှယ့်လဲမေ
လူထဲသူထဲ ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ ၊ ထိုကျွန်းသာသို့ 
ဘယ်ခါလိုက်မယ် ပြောစမ်းပ…..။
(ဒဂုန်တာရာ) ရှုမ၀မဂ္ဂဇင်း၊ ၁၉၄၉
တဟီတီသွားရအောင်(ကဗျာဆရာ၏မိမိကိုယ်ကိုထွက်ပြေးမူဝါဒ)
xxxx သရက်ပွင့်တို့ 
နီကြင့်ဝါ၀ါ ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ် ၊ ရေကမ်းစပ်သို့ 
ပြေးကပ်တော့မည် ၊ ပင်လယ်ဆီသို့ 
တဟီတီဆိုတဲ့ ကျွန်းကလေးလေ……..။
xxxx အို…….ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း ၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် ၊ သရက်ရွက်တို့ 
ပြိုးပြက်နီနီ ၊ ဂိုဂင်နှီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ…….။
xxxx အဲသည်ကျွန်းမှာ
မိန့် ခွန်းမြွက်ကြား ၊ တရားဟောသံ
နိုင်ငံရေး လည်းမရှိဘူးကွယ့်……။
xxxx လူ့ ဘ၀၏
အပေါ်ယံလွှာ ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏ ၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး…..။
xxxx အဘွားလုပ်သူ
ငြူ စောင်းမြောင်း ၊ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ ၊ မကြားရဘူး
သိုက်မြုံဦးမှ ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာကြားရမယ်…….။
xxxx ရေညှိအောက်မှ
မြွေဟောက်ဝါကျား ၊ တို့ ကစားပြီး
စွန့် စားခန်းလည်း တွေ့ နိုင်သေး…..။
xxxx ရှန်ပိန်အရက်
မချက်လိုဘူး ၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့် ၊ မူးနောက်ဝေပြီး
သဲငွေ သောင်မှာအိပ်နိုင်သေး……။
xxxx ဆာရင်လည်းလေ
တွဲလွဲငုံ့ ဆိုင် ၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွတ်ကာ ၊ အခွံနွှာပြီး
ဗ်ီတာမင်များ ၊ ဓာတ်အားကြွယ်လှ
ပလုတ်ပလောင်းစားနိုင်သေး…..။
xxxx ဘာလိုသေးလဲ
အေးအေးမေ့ပျောက် ၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း ၊ လွတ်လပ်ခြင်းနဲ့ 
ရှိုက်မျှဉ်းတေးကို ၊ အော်ဆိုချင်ဆို
ပျက်ပြို အက်ကွဲကြောင်သွားပေစေ…..။
xxxx ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ် ၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး ၊ မျက်လုံးမှေး၍
တွေးတောကြံဖန် ၊ ကာရန်ကိုရှာ
ကဗျာစပ်ကာရူးနိုင်သေး…….။
xxxx ဘယ့်နှယ့်လဲမေ
လူထဲသူထဲ ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ ၊ ထိုကျွန်းသာသို့ 
ဘယ်ခါလိုက်မယ် ပြောစမ်းပ…..။
(ဒဂုန်တာရာ) ရှုမ၀မဂ္ဂဇင်း၊ ၁၉၄၉
No comments:
Post a Comment