ကိုင်း… ကျနော်ဆိုလိုချင်တာအတွက် ပလ္လင်ခံရတာလည်းများနေလောက်ပါပြီ။ အဲဒီကုလားထိုင်ပူတွေ အပေါ် ထိုင်ခွင့်ရတုန်းမှာ ထိုင်ခဲ့ကြပေမယ့် (ကိုယ့်တရား ကိုယ်တာဝန်ယူကြသလို ကိုယ့်စကားကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူကြ)တာပဲဖြစ်ပါတယ်။
အခုလောလောလတ်လတ်အားဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် အသင်းတစ်ခုဖြစ်တဲ့ (ဆန်းဒါး လင်း)ကိုပဲကြည့်ပါ။ ကလပ်အသင်းရဲ့ ရလာဒ်တွေဆိုးရွားလာပြီး ရှုံးပြီးရင်းရှုံးနေတာမို့ ကလပ်အသင်း မန်နေ ဂျာ(ရွိုင်ကိန်း)ဟာ ဒီရက်ထဲမှာပဲ သူ့တာဝန်သူယူ၊ သူ့ကုလားထိုင်ပူ သူမြင်တွေ့သွားပြီး နူတ်ထွက်ပေးသွား ခဲ့ပါပြီ။ ဟုတ်ပေတာပေါ့…။ ဆန်းဒါးလင်း-ကလပ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀) ပြိုင်ကြတဲ့ ပွဲစဉ်တွေမှာ နံပါတ်စဉ်(၁၈)အထိကျရောက်သွားပြီး တန်းဆင်းဇုန်ကို ၀င်သွားရတာပေါ့။ ဒါ့ကြောင့်လဲ ရွိုင်ကိန်း ဟာ သိက္ခာရှိသောနူတ်ထွက်ခြင်းနဲ့ သိက္ခာရှိသောထွက်ပေါက်တစ်ခုကို ရွေးချယ်ဆောင်ရွက်ခဲ့တာပေါ့ဗျာ။ (ရွိုင်ကိန်း)ဆိုတာ ဘောလုံးလောကမှာ နယ်နယ်ရရ ပုဂ္ဂိုလ်မှ မဟုတ်တာ…။ မန်ချက်စတာယူနိုက်တက်က လပ်အသင်းကို (၁၉၉၆-ခုနှစ် ကနေ ၂၀၀၆-ခုနှစ်)အထိ ၁၀နှစ် ၁၀မိုးလုံးလုံးကွင်းလယ် ကျောက်ဆောင် (၀ါ)ကွင်းလယ်အဖျက်သမားတွေထဲမှာ သူ့ခေတ်သူ့အခါက အကောင်းဆုံးလူစာရင်းဝင်ခဲ့သူ တစ်ဦးဖြစ်သတဲ့ လေ။
နောက်တစ်ဦးက အခုလောလောလတ်လတ်ပြုတ်ကျသွားတဲ့ ထိုင်းဝန်ကြီးချုပ် (ဆွန်ချိုင်းဝေါင်ဆ၀ပ်) ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စောဒကတက်စရာက PAD (ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များအဖွဲ့)က ၆-လကြာ ဆန္ဒပြလို့ပြုတ်ကျသွားတာ၊ ဘုရင့်မိသားစုကလည်း ဖိအားပေးလို့၊ စစ်တပ်ကလည်း ဖိအားပေးလို့ စသဖြင့် ပြောစရာရှိပါတယ်။ ဘယ်လောက်ပဲ ဖိအားပေးပေး ခေါင်းမာမာနဲ့ အာဏာမစွန့်တဲ့ နအဖ ကိုပဲကြည့်ပါ။ ဒါကြောင့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဥပဒေကို အတော်အသင့်လေးစားမှုရှိပြီး ကိုယ်တိုင်လည်း တရားရေးဝန်ကြီး ဌာန အတွင်းဝန်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဘူးသူပီပီ ဒီလိုနူတ်ထွက်ပေးလိုက်တာဟာ သိက္ခာရှိသော နူတ်ထွက်ခြင်းလို့ မဆိုနိုင်ပေဘူးလားဗျာ။
နောက်တစ်ဦးကို ရှုကြရအောင်…။ ကျူးဘားခေါင်းဆောင်( ဖီဒယ်ကတ်စထရို)ရဲ့ အနားယူပေးခြင်းကို ကြည့်ပါ။ (၁၉၅၈)ခုနှစ်က စပြီးကျူးဘားခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်လာခဲ့ရင်း ၂၀၀၇ ခုနှစ် လောက်မှာ နူတ်ထွက်ပေးသွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ညီ(ရောလ်ကတ်စထရို)ကို တာဝန်အရပ်ရပ်ကို လွှဲပြောင်း ပေးခဲ့သလို ကျူးဘားပြည်ကိုလည်း ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နိုင်အောင် ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲ ပေးခဲ့တယ်လေ။
အလားတူစွာပဲ သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်တွေက အိန္ဒိယနိုင်ငံမှာ အဝေးပြေးမီးရထား တစ်စီးတိမ်း မှောက်လို့ လူတွေရာကျော်သေဆုံး၊ လူတွေရာကျော်ဒဏ်ရာရကြရာမှာ မီးရထားဝန်ကြီးလုပ်သူဟာ ကိုယ့်တာ ၀န်ကိုယ်ယူပြီး နူတ်ထွက်ပေးခဲ့တာမျိုးလည်း ရှိလေရဲ့။
ပါကစ္စတန်နိုင်ငံက စစ်အာဏာရှင်လည်းဖြစ်၊ သမ္မတတာဝန်ကိုလည်း အတင်းရယူထားသူ ဗိုလ်ချုပ် ကြီးဟောင်း (ပါဗက်မူရှာရက်ဗ်)ကိုပဲ ရှုပါဦး။ သွားလေသူ ဘီနေဇီယာဘူတို့ရဲ့ ခင်ပွန်းသည်(ဇက်ဒါရီ)တို့ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ(ပီပီပီ)က အနိုင်လည်းရရော သူကသိက္ခာရှိရှိနူတ်ထွက်ပေးခဲ့တာမဟုတ်ပါလား။ (ဒါက မြန်မာစစ်ဗိုလ်ချုပ်တွေ အတုယူနေတဲ့ (Guidance Democracy)(၀ါ)စစ်တပ်ဗဟိုပြု လမ်းညွှန်ဒီမိုကရေစီ နိုင်ငံပဲနော်၊ ဘယ်လောက်များထွက်ပေါက်ကို ထွက်တတ်ပါသလဲ။ ကြည့်ရင်သိတယ်ဗျနော်။)
(ဆက်လက်ဖော်ပြပါမည်)
ရှာဖွေ တင်ပြသူ…. သောင်ရင်းနဂါး
xxx ကျနော်တို့ လောက၊ ကျနော်တို့ နယ်ပယ်ဆိုတာက ကုလားထိုင်ပူပေါ်ထိုင်ရပြီဆိုရင် ပြန်ဆင်းပေး ချင်သူက ခပ်ရှားရှားရယ်…။ (ကုလားထိုင်ပူ)တဲ့။ နိုင်ငံရေးလောကမှာ သမ္မတနေရာ၊ ၀န်ကြီးချုပ်နေရာ၊ နိုင်ငံ ခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စတဲ့ပါဝါနေရာကြီးတွေရယ်၊ စီးပွားရေးလုပ်ငန်းစု ဥက္ကဌ၊ ကမ္ဘာ့ဘဏ်ဥက္ကဌ၊ အမေရိကန်ဗဟိုဘဏ်ဥက္ကဌ၊ IMF (နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့)ဥက္ကဌ စတဲ့နေရာကြီး တွေရယ်၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချဲလ်ဆီး စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ရိုးမား စတဲ့ အီတလီစီးရီးအေကလပ်တွေ၊ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဗလင်စီယာ၊ အက်သလက်တီကို မက်ဒရစ်၊ ဆီဗီလာစတဲ့ စပိန်နိုင်ငံက လာလီဂါကလပ်တွေ၊ ဘိုင်ယန်မြူးနစ်၊ ဟမ်းဘတ်၊ ၀ါဒါဘရီမင်၊ စတုဂတ်၊ ဘိုရုရှားဒေါ့တ်မန် စတဲ့ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါကလပ်တွေ စတဲ့ ဘောလုံးကလပ်တွေရဲ့ ကလပ်အသင်းဥက္ကဌတွေ၊ CEO (ခေါ်) အမှုဆောင်အရာရှိချုပ်တွေ၊ မန်နေဂျာတွေဟာ သူတို့တာဝန်ယူရတဲ့ ကြီးမားလေးလံသော တာဝန်တွေ(ကုလားထိုင်ပူ)တွေကို ထိုင်ရသူတွေလို့ မီဒီယာသုံး စကားအရ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ကိုင်း… ကျနော်ဆိုလိုချင်တာအတွက် ပလ္လင်ခံရတာလည်းများနေလောက်ပါပြီ။ အဲဒီကုလားထိုင်ပူတွေ အပေါ် ထိုင်ခွင့်ရတုန်းမှာ ထိုင်ခဲ့ကြပေမယ့် (ကိုယ့်တရား ကိုယ်တာဝန်ယူကြသလို ကိုယ့်စကားကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူကြ)တာပဲဖြစ်ပါတယ်။
အခုလောလောလတ်လတ်အားဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် အသင်းတစ်ခုဖြစ်တဲ့ (ဆန်းဒါး လင်း)ကိုပဲကြည့်ပါ။ ကလပ်အသင်းရဲ့ ရလာဒ်တွေဆိုးရွားလာပြီး ရှုံးပြီးရင်းရှုံးနေတာမို့ ကလပ်အသင်း မန်နေ ဂျာ(ရွိုင်ကိန်း)ဟာ ဒီရက်ထဲမှာပဲ သူ့တာဝန်သူယူ၊ သူ့ကုလားထိုင်ပူ သူမြင်တွေ့သွားပြီး နူတ်ထွက်ပေးသွား ခဲ့ပါပြီ။ ဟုတ်ပေတာပေါ့…။ ဆန်းဒါးလင်း-ကလပ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀) ပြိုင်ကြတဲ့ ပွဲစဉ်တွေမှာ နံပါတ်စဉ်(၁၈)အထိကျရောက်သွားပြီး တန်းဆင်းဇုန်ကို ၀င်သွားရတာပေါ့။ ဒါ့ကြောင့်လဲ ရွိုင်ကိန်း ဟာ သိက္ခာရှိသောနူတ်ထွက်ခြင်းနဲ့ သိက္ခာရှိသောထွက်ပေါက်တစ်ခုကို ရွေးချယ်ဆောင်ရွက်ခဲ့တာပေါ့ဗျာ။ (ရွိုင်ကိန်း)ဆိုတာ ဘောလုံးလောကမှာ နယ်နယ်ရရ ပုဂ္ဂိုလ်မှ မဟုတ်တာ…။ မန်ချက်စတာယူနိုက်တက်က လပ်အသင်းကို (၁၉၉၆-ခုနှစ် ကနေ ၂၀၀၆-ခုနှစ်)အထိ ၁၀နှစ် ၁၀မိုးလုံးလုံးကွင်းလယ် ကျောက်ဆောင် (၀ါ)ကွင်းလယ်အဖျက်သမားတွေထဲမှာ သူ့ခေတ်သူ့အခါက အကောင်းဆုံးလူစာရင်းဝင်ခဲ့သူ တစ်ဦးဖြစ်သတဲ့ လေ။
နောက်တစ်ဦးက အခုလောလောလတ်လတ်ပြုတ်ကျသွားတဲ့ ထိုင်းဝန်ကြီးချုပ် (ဆွန်ချိုင်းဝေါင်ဆ၀ပ်) ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စောဒကတက်စရာက PAD (ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များအဖွဲ့)က ၆-လကြာ ဆန္ဒပြလို့ပြုတ်ကျသွားတာ၊ ဘုရင့်မိသားစုကလည်း ဖိအားပေးလို့၊ စစ်တပ်ကလည်း ဖိအားပေးလို့ စသဖြင့် ပြောစရာရှိပါတယ်။ ဘယ်လောက်ပဲ ဖိအားပေးပေး ခေါင်းမာမာနဲ့ အာဏာမစွန့်တဲ့ နအဖ ကိုပဲကြည့်ပါ။ ဒါကြောင့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဥပဒေကို အတော်အသင့်လေးစားမှုရှိပြီး ကိုယ်တိုင်လည်း တရားရေးဝန်ကြီး ဌာန အတွင်းဝန်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဘူးသူပီပီ ဒီလိုနူတ်ထွက်ပေးလိုက်တာဟာ သိက္ခာရှိသော နူတ်ထွက်ခြင်းလို့ မဆိုနိုင်ပေဘူးလားဗျာ။
နောက်တစ်ဦးကို ရှုကြရအောင်…။ ကျူးဘားခေါင်းဆောင်( ဖီဒယ်ကတ်စထရို)ရဲ့ အနားယူပေးခြင်းကို ကြည့်ပါ။ (၁၉၅၈)ခုနှစ်က စပြီးကျူးဘားခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်လာခဲ့ရင်း ၂၀၀၇ ခုနှစ် လောက်မှာ နူတ်ထွက်ပေးသွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ညီ(ရောလ်ကတ်စထရို)ကို တာဝန်အရပ်ရပ်ကို လွှဲပြောင်း ပေးခဲ့သလို ကျူးဘားပြည်ကိုလည်း ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နိုင်အောင် ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲ ပေးခဲ့တယ်လေ။
အလားတူစွာပဲ သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်တွေက အိန္ဒိယနိုင်ငံမှာ အဝေးပြေးမီးရထား တစ်စီးတိမ်း မှောက်လို့ လူတွေရာကျော်သေဆုံး၊ လူတွေရာကျော်ဒဏ်ရာရကြရာမှာ မီးရထားဝန်ကြီးလုပ်သူဟာ ကိုယ့်တာ ၀န်ကိုယ်ယူပြီး နူတ်ထွက်ပေးခဲ့တာမျိုးလည်း ရှိလေရဲ့။
ပါကစ္စတန်နိုင်ငံက စစ်အာဏာရှင်လည်းဖြစ်၊ သမ္မတတာဝန်ကိုလည်း အတင်းရယူထားသူ ဗိုလ်ချုပ် ကြီးဟောင်း (ပါဗက်မူရှာရက်ဗ်)ကိုပဲ ရှုပါဦး။ သွားလေသူ ဘီနေဇီယာဘူတို့ရဲ့ ခင်ပွန်းသည်(ဇက်ဒါရီ)တို့ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ(ပီပီပီ)က အနိုင်လည်းရရော သူကသိက္ခာရှိရှိနူတ်ထွက်ပေးခဲ့တာမဟုတ်ပါလား။ (ဒါက မြန်မာစစ်ဗိုလ်ချုပ်တွေ အတုယူနေတဲ့ (Guidance Democracy)(၀ါ)စစ်တပ်ဗဟိုပြု လမ်းညွှန်ဒီမိုကရေစီ နိုင်ငံပဲနော်၊ ဘယ်လောက်များထွက်ပေါက်ကို ထွက်တတ်ပါသလဲ။ ကြည့်ရင်သိတယ်ဗျနော်။)
(ဆက်လက်ဖော်ပြပါမည်)
ရှာဖွေ တင်ပြသူ…. သောင်ရင်းနဂါး
No comments:
Post a Comment