xxxx တသွင်သွင်တည့်
ညင်ညင်ညောညော ၊ မြစ်တကြောဝယ်
မမောမပန်း ၊ စီးဆင်းသန်းသည်
ဝိုက်ဝန်းမကွေ့  ၊ ကျောက်ဆောင်တွေ့ လည်း
တိုးဝှေ့ ဆန်ဆန် ၊ ရေကြောင်းသန်သည်
တော်လှန်ခြား၍ စီးဆင်း၏….။
xxxx ရှေးယခေါင်မှ
တောတောင်မြစ်ဖျား ၊ မိုးရေများသည်
ကမ်းပါးစောက်စောက် ၊ အမြင့်ပေါက်၍
တောက်လျှောက်ကျဆင်း ၊ အရှိန်ပြင်းသည်
အားချင်းစည်းရုံး၊ ဘက်မဲ့ဆုံးအောင်
လုံးလုံးလျားလျား ၊ စွမ်းပကားဖြင့်
အင်အားတက်ကြွ ၊ တိုးတက်လှသည်
ပင်မရေစီးမြစ်တကား….။
xxxx မြစ်ကမ်းစပ်မှ
ဒိုက်ဖတ်အမှိုက် ၊ ညစ်သရိုက်တို့ 
လွင့်တိုက်ချာလည် ၊ ပလုံစီ၍
ဝေ့မည်တုံ့ ပြန် ၊ တုန်လှုပ်ဟန်ကား
ဆုတ်ကန်ခုန်လျက် ၊ ခဏတက်သည်
ရေပွက်တစ်ပွက် နှစ်ပွက်လေ….။
xxxx ရေစီးကြောင်းကား
သစ်လောင်းအားသစ် ၊ အသစ်ဖြစ်၍
ပေါင်းမြစ်လက်တက် ၊ စီးဆင်းလျက်သည်
တိုးတက်စာပေ သွင်သွင်တည်း….။
ဒဂုန်တာရာ(တာရာမဂ္ဂဇင်း ၊ ၁၉၄၉)
မှတ်ချက် ။ ။ စာပေသစ်ကိုရည်ညွှန်းဖွဲ့ ဆိုဟန်ရှိပါသည်။
(ပင်မရေစီး)
xxxx တသွင်သွင်တည့်
ညင်ညင်ညောညော ၊ မြစ်တကြောဝယ်
မမောမပန်း ၊ စီးဆင်းသန်းသည်
ဝိုက်ဝန်းမကွေ့  ၊ ကျောက်ဆောင်တွေ့ လည်း
တိုးဝှေ့ ဆန်ဆန် ၊ ရေကြောင်းသန်သည်
တော်လှန်ခြား၍ စီးဆင်း၏….။
xxxx ရှေးယခေါင်မှ
တောတောင်မြစ်ဖျား ၊ မိုးရေများသည်
ကမ်းပါးစောက်စောက် ၊ အမြင့်ပေါက်၍
တောက်လျှောက်ကျဆင်း ၊ အရှိန်ပြင်းသည်
အားချင်းစည်းရုံး၊ ဘက်မဲ့ဆုံးအောင်
လုံးလုံးလျားလျား ၊ စွမ်းပကားဖြင့်
အင်အားတက်ကြွ ၊ တိုးတက်လှသည်
ပင်မရေစီးမြစ်တကား….။
xxxx မြစ်ကမ်းစပ်မှ
ဒိုက်ဖတ်အမှိုက် ၊ ညစ်သရိုက်တို့ 
လွင့်တိုက်ချာလည် ၊ ပလုံစီ၍
ဝေ့မည်တုံ့ ပြန် ၊ တုန်လှုပ်ဟန်ကား
ဆုတ်ကန်ခုန်လျက် ၊ ခဏတက်သည်
ရေပွက်တစ်ပွက် နှစ်ပွက်လေ….။
xxxx ရေစီးကြောင်းကား
သစ်လောင်းအားသစ် ၊ အသစ်ဖြစ်၍
ပေါင်းမြစ်လက်တက် ၊ စီးဆင်းလျက်သည်
တိုးတက်စာပေ သွင်သွင်တည်း….။
ဒဂုန်တာရာ(တာရာမဂ္ဂဇင်း ၊ ၁၉၄၉)
မှတ်ချက် ။ ။ စာပေသစ်ကိုရည်ညွှန်းဖွဲ့ ဆိုဟန်ရှိပါသည်။
No comments:
Post a Comment