စွတ်စိုနှင်းရည် ၊ တညနေ၀ယ်
ပန်းခွေကိုင်မ ၊ တရွရွနှင့်
သွားကြစီရီ ၊ ရင်ပြင်နီတွင်
မှောင်ရီပျိုးဆဲ ၊ မသဲကွဲသည်
မည်းမည်းလူတန်းကြီးပင်တည်း…။
xxxx ရင်ပြင်နီကား
ရှေ့ ဆီမှာသမ်း ၊ မီးမောင်းဝန်းဖြင့်
ထွန်းပြထိုးလက် ၊ မိုးစက်စက်ဝယ်
ကျေးငှက်လင်းပြာ ၊ အိပ်တန်းရှာထင့်
ညည်းလာအသံ ၊ ညံညံညိုးထင်
ကရင်မလင် ၊ ကျုံး ပစ္စင်တည့်
မျှော်စင်ထက်မှကြယ်နီပွင့်….။
xxxx မြို့ ရိုးဘေးရှိ
ဖွေးဖွေးနှင်းခဲ ၊ ကျဆဲပွင့်စက်
နှင်းပက်ကျောက်သား ၊ ပတ်သန့် ရံခင်း
ထင်းရှူးစိမ်းရင့် ၊ နှင်းပွင့်သရဖူ
ရွက်ဖြူဆွတ်လွ ၊ မှိုင်းမြမြသည်
ညနေဆည်းဆာ ၊ မှုန်ဖျော့စ….။
xxxx တိတ်ဆိတ်စွာလျှင်
ဝင်လာဂူပေါက် ၊ လိုဏ်ဝရောက်မှ
ကျောက်သားလှေကား ၊ သွားရတထစ်ချင်း
ဆင်းလာပြီး၍ ၊ တစ်ခန်းရှေ့ ထိ
တကွေ့ ပတ်လွန် ၊ တွေ့ ရဟန်ကား
မှန်ခေါင်းကြီးထက် ၊ လျောင်းပက်လက်သည်
အိပ်စက်နေကြသကဲ့သို့ …..။
xxxx မှန်ခေါင်းထက်ဝယ်
ဝင်းပရောင်နီ ၊ လင်းမီးခြည်ဝယ်
ညီညီချလက် ၊ ၀က်ရုံနက်ဖြင့်
အိပ်စက်လီနင် ၊ စတာလင်တို့ 
ယှဉ်၍နေရာ ၊ ပတ်၍လာသော်
အသာဖြည်းညင်း ၊နင်းကြအသံ
ညဥ့်ယံဂူထက် ၊ ကြားရလျက်သည်
ငြိမ်သက်တိတ်ဆိတ် သွားကြ၏…။
xxxx ရင်တွင်း၌ကား
လှိုက်ဖိုရှိုက်မက် ၊ တသက်သက်တည့်
ပေါ်လျက်လာသည် ၊ မျက်ရည်ပျို့ ဆွတ်
လွတ်လပ်ရေးတွက် ၊ တိုက်ပွဲရက်တွင်
အသက်ဆုံးရ ၊သခင်ဗဟိန်း
စိမ်းစိမ်းမြည့်မြည့် ၊ အောက်မေ့ စိတ်မှန်း
တမ်းတညွတ်ညွတ် ၊ လွမ်းဆွတ်ဆွတ်မိ....။
xxxx အပြင့်ဘက်တွင်
စက်စက်မိုးရေ ၊ ကျထွေထွေသည်
ပင်ခြေထင်းရှူး ၊ ယှက်ကူးဝန်းအုပ်
ရုပ်တုကျောက်သား ၊ တည်ထားလမ်းမြှောင်
ခေါင်းဆောင်အများ ၊ ဂူအကြားမှ
ဖြတ်သွားစီရီ ၊ ရင်ပြင်နီသို့ 
လီနင်ဖန်တီး ၊ တိုင်းပြည်ကြီးကား
ပြီးစီးကြွယ်ဝ ၊ အံ့ဘွယ်စွဟု
လှပဆန်းတင့်နိုင်ငံကို….။
xxxx တော်လှန်ရေး၏
သွေးဖြင့်ဆောက်တည် ၊ ယင်းတိုင်းပြည်တွင်
မြေဆီအင်အား ၊ စက်ရုံများကို
လုပ်သားလူထု ၊ ပိုင်ဆိုင်ပြု၍
စက်မှုအတတ် ၊ လျှပ်စစ်စီမံ
သိပ္ပံ ဘာသာ ၊ တိုးတက်စွာသည်
ပညာစွမ်းမျှ ၊ ခံစားရကြောင့်
လိုတရစေ ၊ ချမ်းသာပေသည်
ရွှေပြည်သာယာတိုင်းသစ်တည်……။
(ဒဂုန်တာရာ)သွေးသောက်မဂ္ဂဇင်း ၊ ၁၉၅၄ ။
xxxx မော်စကို၏
စွတ်စိုနှင်းရည် ၊ တညနေ၀ယ်
ပန်းခွေကိုင်မ ၊ တရွရွနှင့်
သွားကြစီရီ ၊ ရင်ပြင်နီတွင်
မှောင်ရီပျိုးဆဲ ၊ မသဲကွဲသည်
မည်းမည်းလူတန်းကြီးပင်တည်း…။
xxxx ရင်ပြင်နီကား
ရှေ့ ဆီမှာသမ်း ၊ မီးမောင်းဝန်းဖြင့်
ထွန်းပြထိုးလက် ၊ မိုးစက်စက်ဝယ်
ကျေးငှက်လင်းပြာ ၊ အိပ်တန်းရှာထင့်
ညည်းလာအသံ ၊ ညံညံညိုးထင်
ကရင်မလင် ၊ ကျုံး ပစ္စင်တည့်
မျှော်စင်ထက်မှကြယ်နီပွင့်….။
xxxx မြို့ ရိုးဘေးရှိ
ဖွေးဖွေးနှင်းခဲ ၊ ကျဆဲပွင့်စက်
နှင်းပက်ကျောက်သား ၊ ပတ်သန့် ရံခင်း
ထင်းရှူးစိမ်းရင့် ၊ နှင်းပွင့်သရဖူ
ရွက်ဖြူဆွတ်လွ ၊ မှိုင်းမြမြသည်
ညနေဆည်းဆာ ၊ မှုန်ဖျော့စ….။
xxxx တိတ်ဆိတ်စွာလျှင်
ဝင်လာဂူပေါက် ၊ လိုဏ်ဝရောက်မှ
ကျောက်သားလှေကား ၊ သွားရတထစ်ချင်း
ဆင်းလာပြီး၍ ၊ တစ်ခန်းရှေ့ ထိ
တကွေ့ ပတ်လွန် ၊ တွေ့ ရဟန်ကား
မှန်ခေါင်းကြီးထက် ၊ လျောင်းပက်လက်သည်
အိပ်စက်နေကြသကဲ့သို့ …..။
xxxx မှန်ခေါင်းထက်ဝယ်
ဝင်းပရောင်နီ ၊ လင်းမီးခြည်ဝယ်
ညီညီချလက် ၊ ၀က်ရုံနက်ဖြင့်
အိပ်စက်လီနင် ၊ စတာလင်တို့ 
ယှဉ်၍နေရာ ၊ ပတ်၍လာသော်
အသာဖြည်းညင်း ၊နင်းကြအသံ
ညဥ့်ယံဂူထက် ၊ ကြားရလျက်သည်
ငြိမ်သက်တိတ်ဆိတ် သွားကြ၏…။
xxxx ရင်တွင်း၌ကား
လှိုက်ဖိုရှိုက်မက် ၊ တသက်သက်တည့်
ပေါ်လျက်လာသည် ၊ မျက်ရည်ပျို့ ဆွတ်
လွတ်လပ်ရေးတွက် ၊ တိုက်ပွဲရက်တွင်
အသက်ဆုံးရ ၊သခင်ဗဟိန်း
စိမ်းစိမ်းမြည့်မြည့် ၊ အောက်မေ့ စိတ်မှန်း
တမ်းတညွတ်ညွတ် ၊ လွမ်းဆွတ်ဆွတ်မိ....။
xxxx အပြင့်ဘက်တွင်
စက်စက်မိုးရေ ၊ ကျထွေထွေသည်
ပင်ခြေထင်းရှူး ၊ ယှက်ကူးဝန်းအုပ်
ရုပ်တုကျောက်သား ၊ တည်ထားလမ်းမြှောင်
ခေါင်းဆောင်အများ ၊ ဂူအကြားမှ
ဖြတ်သွားစီရီ ၊ ရင်ပြင်နီသို့ 
လီနင်ဖန်တီး ၊ တိုင်းပြည်ကြီးကား
ပြီးစီးကြွယ်ဝ ၊ အံ့ဘွယ်စွဟု
လှပဆန်းတင့်နိုင်ငံကို….။
xxxx တော်လှန်ရေး၏
သွေးဖြင့်ဆောက်တည် ၊ ယင်းတိုင်းပြည်တွင်
မြေဆီအင်အား ၊ စက်ရုံများကို
လုပ်သားလူထု ၊ ပိုင်ဆိုင်ပြု၍
စက်မှုအတတ် ၊ လျှပ်စစ်စီမံ
သိပ္ပံ ဘာသာ ၊ တိုးတက်စွာသည်
ပညာစွမ်းမျှ ၊ ခံစားရကြောင့်
လိုတရစေ ၊ ချမ်းသာပေသည်
ရွှေပြည်သာယာတိုင်းသစ်တည်……။
(ဒဂုန်တာရာ)သွေးသောက်မဂ္ဂဇင်း ၊ ၁၉၅၄ ။
No comments:
Post a Comment