နှစ် , နှစ်ဆယ်ကြာခဲ့
သွေးနဲ့ ရေးတဲ့စာမျက်နှာတွေပေါ်
ငြင်းခုန်ခြင်းတွေနဲ့ ညိုရော်လို့ အာဏာရှင်ကိုပျော်စေတော့မလား...။
မတရားမှုကောင်းကင်အောက်ကယုံကြည်ချက်စိုက်ခင်းတွေဟာလည်း
မညီညွတ်ခြင်းတွေနဲ့ ခြောက်ကပ်လို့ 
ကျားကိုအတောင်ပံတပ်ပေးတော့မှာလား......။
xxxx ညီအကိုတို့ ရယ်...အမေ့မျက်နှာကိုကြည့်ကြပါဦး
ညီအကိုတို့ ရယ်.. စွန့် လွှတ်ခဲ့တာကိုငဲ့ညှာပါဦး
ညီအကိုတို့ ရယ်.. ၆၅ နှစ်ခံရသူတွေကိုထောက်ထားပါဦး..။
xxxx ၀ိညဉ်တွေသာစကားပြောခဲ့မယ်ဆိုရင်
ဒုတိယမြောက်လွတ်လပ်ရေးမရခင်အမျှမဝေချင်ပါနဲ့ 
ငါတို့ နဲ့ ပူးကပ်လို့ သွေးကြွေးဆပ်ပါရစေဦးတဲ့
ဒီလိုနဲ့ ...ရန်သူရဲ့ ရက်စက်တဲ့ခြေလှမ်းတွေက
ခက်ကြမ်းကြမ်းနင်းလို့ ၂၀၀၉ ကိုချဉ်းကပ်
ပြည်သူ့ ဆန္ဒကိုနင်းသတ်တော့မယ်......။
xxxx ညီအကိုတို့ ရေ....
အင်တာနက်စာမျက်နှာကိုအဆုံးသတ်
ခါးတွေမတ်မတ်ရပ်ကြတော့
ရင်ဘတ်တွေကိုဖွင့်ကြတော့
မညီတဲ့လက်တွေတွဲကြတော့
ဒါမှ...တီးသူမဲ့စန္ဒရား
၂၀၀၉ မှာအသံကြားရမှာလေ...။
ပေးပို့ သူ .....ဇော်မြင့် (မလေးရှား)
xxxx မပြေလည်ခြင်း နေ့ ရက်တွေကို ပွေ့ ဖက်ထားရတာလဲ

No comments:
Post a Comment