ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 16, 2008

16 Dec,2008… ယမကာ သမားများအတွက်မေတ္တာစာ…

> ယမကာသောက်နည်း..အဖြာဖြာတို့ ကိုကဇော်သမား(၀ါ)ယမကာလုလင်များ
၊ယမကာဘဘများ ၊ ယမကာဦးဦးများ ၊ ယမကာနောင်ကြီးများ သိစေရန် စန်းဝင်းရှိန်(သမိုင်း)ဟူသောကလောင်ရှင်ကသည်လိုရည်ညွှန်းထားပါသည်။အဲသဟာကတော့…ဒီလိုပါခင်ဗျ…။

(၁)..ကလေးရမှကြောက်ရသည်မဟုတ်ပါ။သူဌေး “မ” မှသောက်ရသည်မဟုတ်ပါ။
xxxx ကလေးမရခင်လည်းကြောက်ရပါသည်။ အကြွေးရလျှင်လည်းသောက်ရ ပါသည်။
(၂)ဘီယာမှမူးသည်မဟုတ် ပါ။ဆီပါမှထူးသည်မဟုတ်ပါ။
xxxxချားစီးလျှင်လည်းမူးပါသည်။(ချားစီးကြည့်ကြပါကုန်၊)ဆားရှိလျှင်လည်းထူးပါသည်။
(၃)ဆန်မှာအရက်နှင့်လဲဖို့ ဖြစ်ချေသည်။ပန်းကန်မှာလက်ဖြင့်ခွဲဖို့ ဖြစ်ချေသည်။
(၄)အနီးကြည့်ပိုလှသည်။အမြည်းရှိမှမျို့ ကျသည်။
(၅)အကြံကောင်းမှအပြေးလှသည်။ဟန်ကောင်းမှအကြွေးရသည်။ xxxအကြံကောင်းလည်းအဖျားရှူးပြီးလွဲတတ်သည်။ဟန်ကောင်းသော်လည်းတအားမူးပြီးလဲတတ်သည်။
(၆)အကြံပင်ရှိသော်လည်းအဖန်ကူရမည်။ဟန်ပင်ရှိသော်လည်းအသံဆူရမည်။
(၇)အဆော့ကြမ်းလျှင်ဒူးမျက်သည်။အပေါ့ပန်းလျှင်ရှူးထွက်သည်။အမော့ကြမ်းလျှင်အမူး ခက်သည်။
xxxxအဆော့မကြမ်းဘဲနုရမည်။အပေါ့မပန်းဘဲစုရမည်။အမော့မကြမ်းဘဲရှုရမည်။
(၈)အမျိုးသမီးနှင့်တူသည်လို့ အခြောက်ကိုလည်းမစမ်းနှင့်။သတို့ သမီးနှင့်မြူကြည်လို့ အသောက်ကိုမကြမ်းနှင့်။
xxxxအခြောက်စမ်းလျှင်ကိုယ်ကျိုးနည်းတတ်သည်။အသောက်ကြမ်းလျှင်ကိုယ့်ပုဆိုးပြဲ
တတ်သည်။
(၉)ဂူထဲမှာလည်းမသောက်နှင့်။လူမွဲမှာလည်းမကြောက်နှင့်။
xxxဂူထဲမှာသောက်လျှင်သရဲခြောက်တတ်သည်။လူမွဲကြောက်လျှင်ငရဲရောက်တတ်သည်။
(၁၀)မူးတိုင်းလည်းကုန်း၍မအော်နှင့်။မြူးတိုင်းလည်းပြုံး၍မပျော်နှင့်။
xxxမူးတိုင်းကုန်း၍အော်လျှင်ဘီလူးနှင့်တူသည်။မြူးတိုင်းပြုံး၍ပျော်လျှင်အရူးနှင့်တူသည်။
အရက်၏ဆရာဖြစ်သော(အရက်သမား)စင်စစ်ဧကန်ဖြစ်ရန်ကိုကား-ဆရာစန်းဝင်းရှိန်က
ဤပုံဤနယ် ဆက်လက်ရည်ညွှန်းပြန်ပါသည်။
(၁)လက်ဖက်ရည်ကိုလည်းရှောင်ရမည်။မနက်ရည်ကိုလည်းဆောင်ရမည်။
(၂)ပေါင်စရာရှိတာကိုလည်းပေါင်ရမည်။ထောင်စရာရှိတာကိုလည်းထောင်ရမည်။(ပုလင်းကိုပြောတာ)
(၃)စကားကိုလည်းမိုက်ရမည်။မယားကိုလည်းရိုက်ရမည်။
(၄)ဟာသကိုလည်းပြောရမည်။ပါသမျှငွေကိုလည်းဖျောရမည်။
(၅)မပိုင်တာကိုလည်းကြွားရမည်။ဆိုင်တကာကိုလည်းသွားရမည်။
(၆)၀ိုင်းကူလည်းမြန်ရမည်။လိုင်းပူးလည်းမှန်ရမည်။
(၇)ပုလင်းကိုလည်းရိုက်ခွဲရမည်။နားရင်းကိုလည်းရိုက်ရဲရမည်။
(၈)ကပ်တီးသမားကိုလည်းရှောင်ရမည်။ကတ်ကြေးဓားကိုလည်းဆောင်ရမည်။
(၉)အချောင်ဘောလည်းသောက်ရမည်။အမှောင်တောလည်းလျှောက်ရမည်။
(၁၀)အသည်းကျွမ်းတာလည်းခံရဲရမည်.။ရဲဖမ်းတာလည်းခံရဲရမည်။
(၁၁)ဆိုင်ရှင်ကိုလည်းမသိမသာမြှောက်ရမည်။မနိုင်ဝန်ကိုလည်းဖိကာသောက်ရမည်။
(၁၂)အရက်မှန်သမျှကိုလည်းမျိုရမည်။ခွက်မှန်သမျှကိုလည်းတိုရမည်။
(၁၃)ဇာတ်သဘင်သီချင်းကိုလည်းဆိုရမည်။နတ်တင်ပုလင်းကိုလည်းဖြို ရမည်။
(၁၄)သူဌေးသားလာလျှင်အပိုင်ပေါင်းရမည်။အကြွေးသမားလာလျှင်ဆိုင်ပြောင်းရမည်။
(၁၅)အပျက်ကိုကြိုက်ကအဖျက်သမားဖြစ်သည်။အရက်ကိုကြိုက်မှအရက်သမားဖြစ်သည်။
ဆရာကြီးရှိန်ကနိဂုံးချူပ်အနေဖြင့်မာလကီးယားပြည်မှာမာလကာသီးစားရန်…..
(အဲလေ၊သဟာကဂုရုဆန်ရဲ့ အာမေဍိတ်သံပေပဲ ၊ရောသွားတယ်၊ဘွာတေး)
(၁)အရက်သမားစစ်လျှင်ရေမရော။ရေရောလျှင်အသေစောတတ်သည်။
(၂)အသောက်မပျက်စေနှင့်။အသောက်ပျက်ကအသက်ပျောက်တတ်သည်။
(၃)ရေမလျှံသော်လည်းလေကန်နိုင်ရမည်။လေလှန်မှအနေမှန်သည်။
မူရင်းတွေးခေါ်ရှင်…..စန်းဝင်းရှိန်(သမိုင်း)
(၂၀၀၈ ခုနှစ် ၊ အောက်တိုဘာလထုတ် ၊ ရယ်စရာမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။)

ယမကာသောက်နည်း..အဖြာဖြာတို့ ကိုကဇော်သမား(၀ါ)ယမကာလုလင်များ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)