ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဆာသူးလေအထက်တန်းကျောင်းတွင် ယနေ့ (ဒီဇင်ဘာလ ၂၉ရက်)နှင့် မနက်ဖြန် (ဒီဇင်ဘာလ ၃၀ရက်)နေ့များတွင် ကျောင်းသားအားကစားပွဲအဖြစ် ကျင်းပနေခြင်းဖြစ်သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC)၏ ဥက္ကဌ ဖြစ်သူ ဆရာမနော်ဖောရေ၏ ပြောဆိုချက်အရ-`ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် ပတ်ဝန်ကျင်မြို့ရွာများမှ မြန်မာကျောင်း(၃၀) ထိုင်းကျောင်း(၄)ကျောင်းတို့မှ ကျောင်းသား (၃၀၀)ခန့် ပါဝင်ဆင်နွဲကြကြောင်း´ သိရသည်။ ဆက်လက်၍ `ထိုင်းကလေးတွေနဲ့ မြန်မာကလေးတွေ ရင်းနှီးမှုရှိအောင် သူတို့အချင်းချင်း နားလည်မှုရှိအောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်´ ဟူ၍ ထပ်မံ ပြောဆိုပါသည်။ ဤဓါတ်ပုံများတွင် ချစ်စရာကောင်းသော ကျနော်တို့၏ အဝေးရောက်မြန်မာကလေးငယ်များ ပျော်ရွှင်စွာကစားနေကြသည်ကို တွေ့မြင်ရပါမည်။
*** သတင်းမှတ်တမ်း= မြန်မာပြည်သားအဖွဲ့

No comments:
Post a Comment