Xx ကြိမ်ဒဏ်ရာရဲ့ 
အမာရွတ်များ
ငှက်ဖျားနာလို
မကြာမကြာပြန်ဖြစ်မိ….။
++ ကျည်ဒဏ်ရာရဲ့ 
သွေးဆာမှုများ
ခါးသီးရွံ့ မုန်း
နောက်ဆုံးခံစစ်
မှိုနဲ့ မျှစ်ကိုနှုတ်ခဲ့ပြီ…..။
## ဘ၀ဒဏ်ရာ
နာတာရှည်လား
ကုစားဆေးပေး
အိပ်ရေးခက်ခဲ
လွင်ရဲနှင်းဆီ
အိပ်မက်ပန်းချီကား
နှလုံးသားသစ္စာ
အဖိနှိပ်ခံကဗျာတပုဒ်
သူရဲကောင်းရုပ်ပုံလွှာ
သေရွာပါကြောင်း
ခွပ်ဒေါင်းသက်သေပြပါတော့……..။ ။
(မောင်လွမ်းဏီ)
မှတ်ချက် ။ ။ ဆရာမောင်လွမ်းဏီ၏``သူပုန် နှင့်သူ၏ရဲဘော်ရဲဘက်များ´´
ကဗျာစာအုပ်လက်ဆောင်ရသည်ကိုမိမိတို့ မြန်မာပြည်သားဘလော့ဂ်မှ
ှဝမ်းသာကျေးဇူးတင်စွာဖြင့်နေ့ စဉ်ကဗျာတပုဒ်စီဖော်ပြပေးနေခြင်းဖြစ်ပါသည်။
(လူထုကာချင်း)

No comments:
Post a Comment