ဟို မဒီ, ခပ်သွက်သွက်တွေဗျာ
ပါးပြင်ထက်မှာ ပါးကွက်ကြားနဲ့
အသားကောင်း ရင်ဖုံးအင်္ကျီ
ချိတ်ထမီဝတ်ပြီး လှနိုင်တဲ့
ကွမ်းတောင်ကိုင် အမေ့သမီး
တောသူကြီး မြမြ၊ လှလှ၊ ပပ တို့တတွေ
မြင်စေချင်ရဲ့ အမေ…။
မြင်စေချင်ရဲ့ အမေ…။
xxx သူမတို့ ပါးပြင်မှာလေ
ရောင်စုံမွှေ ခြယ်သလို့
လည်ဟိုက်က မလျော်
ဗိုက်သားက ချက်ဖေါ်
စကတ်က ပေါင်လယ်ပေါ်
နောက်ကလည်း ခွဲသေး
ဒေါက်ဖိနပ်က တမိုက်တထွာ
ရိုင်းလိုက်တဲ့ ဒီအမူအယာ
ဒါ မြန်မာတဲ့လား…
အဲသဟာ မြန်မာတဲ့လား…။
xxx လိုရင်းမှ မရခင်
ငိုချင်းက ခုချချင်
ဒီအမြင် ဒီအဖြစ်ဆိုး
အမျိုးမချစ်တဲ့ လူတွေကလေ
ရေစုန်မှာ ရွက်ဖွင့်လို့ ပျော်နေကြပြီ
အမေရယ်…။
မောင်သစ္စာ (မြစ်ဝကျွန်းပေါ်)
Xxx အို… မြန်မာ့မြေ၊ မြန်မာ့ရေ
ဟို မဒီ, ခပ်သွက်သွက်တွေဗျာ
ပါးပြင်ထက်မှာ ပါးကွက်ကြားနဲ့
အသားကောင်း ရင်ဖုံးအင်္ကျီ
ချိတ်ထမီဝတ်ပြီး လှနိုင်တဲ့
ကွမ်းတောင်ကိုင် အမေ့သမီး
တောသူကြီး မြမြ၊ လှလှ၊ ပပ တို့တတွေ
မြင်စေချင်ရဲ့ အမေ…။
မြင်စေချင်ရဲ့ အမေ…။
xxx သူမတို့ ပါးပြင်မှာလေ
ရောင်စုံမွှေ ခြယ်သလို့
လည်ဟိုက်က မလျော်
ဗိုက်သားက ချက်ဖေါ်
စကတ်က ပေါင်လယ်ပေါ်
နောက်ကလည်း ခွဲသေး
ဒေါက်ဖိနပ်က တမိုက်တထွာ
ရိုင်းလိုက်တဲ့ ဒီအမူအယာ
ဒါ မြန်မာတဲ့လား…
အဲသဟာ မြန်မာတဲ့လား…။
xxx လိုရင်းမှ မရခင်
ငိုချင်းက ခုချချင်
ဒီအမြင် ဒီအဖြစ်ဆိုး
အမျိုးမချစ်တဲ့ လူတွေကလေ
ရေစုန်မှာ ရွက်ဖွင့်လို့ ပျော်နေကြပြီ
အမေရယ်…။
မောင်သစ္စာ (မြစ်ဝကျွန်းပေါ်)
No comments:
Post a Comment