ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 5, 2008

ခေါင်းဆောင်ကောင်း တချို့တလေ ဆောင်းမှာမွေးဖွားပါသလေ….အပိုင်း-၁

> 5 Dec, 2008…..
xxx အားယိုးယိုး… ကုလားငတိုးတောင်… ဘရားဗိုးလို့ မဆိုနိုင်အောင်… မွန်ဘိုင်းအကြမ်းဖက်မှုကြီးနဲ့ ဂျာအေး သူ့ အမေရိုက်ကိန်းဆိုက် နေပါပေါ့လား…။
ဒါတင်ဘယ်ကမလဲ။ အဆိုကျော်သန်းမြတ်စိုးရဲ့ (နိုဝင်ဘာမှာ လာမှာလား၊ ဒီဇင်ဘာမှာ လာမှာလား) သီချင်း လေးကို ညည်းထွားလို့ မနက်စောစောစီးစီး အိပ်ယာကနိုးထပြီး ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်တ ၀ိုက် ဗျောက်ကိုင်မိုက်တဲ့(အဲလေ)ကျောက်တိုင်စိုက်တဲ့၊ အုန်းပင်စိုက်တဲ့ ဂုရုဆန်တစ်ယောက် လောက်လောက် လား လားနှင့် ပေါက်ပေါက်များများရှိသော ခေါင်းဆောင်ကောင်းတချို့တလေအကြောင်းကို ခေါင်းကုပ်ကာ စဉ်းစား ကြည့်သည်။ ဟော… တယောက်ပေါ်လာပြီ။ အမေလူထုအဒေါ်အမာ(နိုဝင်ဘာလ ၂၉ရက်)၊ အဲ… နောက်တစ် ယောက်ပေါ်လာပြီ။ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ခ်ျ(ဒီဇင်ဘာလ ၅ရက်)၊ ဟောဗျ… သူတို့ထဲက အသက် အငယ်ဆုံး နောက်တစ်ယောက် (ဒီဇင်ဘာလ ၆ရက်)မှာ မွေးတဲ့ ဒေါက်တာ-စင်သီယာမောင်…။

ဂုရုဆန်၏ အတွေးလိပ်ပြာများသည် ဟိုဟိုဒီဒီပျံဝဲပြီး သကာလ အဆိုကျော်သန်းမြတ်စိုး သီဆိုခဲ့သော (ဆောင်းပန်းချီ)အစချီသီချင်းကို မီးပုံးတွင်ရှုံ့ထားသော သစ်ကိုင်းခြောက်များကိုရှုကာ ဤသို့ စတင်လိုက်သည်။
“ဆောင်းပန်းချီxxx ခြုံလွှမ်းလို့xxx ချမ်းလှပြီကွယ်xxx နှင်းရည်xxx ပက်ဖျန်းလို့xxx အအေးဓာတ် ကြည်စယ်xxx ဖွေးဖွေးဖြူတယ်xxx နှင်းလေးတွေရယ်xxx သတင်းစကားပြောဖို့xxx ဖြစ်နိုင်ရင်တကယ်xxx ချစ်သူလေးထံxxx ပြန်လာခဲ့ဖို့xxx ပြောပေးပါကွယ်) (ချစ်သူလေးလေးထံxxx ပြန်လာခဲ့ဖို့xxx ပြောပေးxxx …….ပါကွယ်)
(ဒုတိယအပိုဒ်ကိုတော့ ရှည်သွားမှာစိုးလို့ ချမရေးတော့ဘူးနော်…)
(နိုဝင်ဘာမှာxxx လာမှာလားxxx ဒီဇင်ဘာမှာxxx လာမှာလားxxx ရွှေရင်ဖိုကာxxx တမ်းတမိတယ်xxx ပျော်ချင်ပါတယ်xxx နှစ်ယောက်သားxxx ဇန်န၀ါရီင်္မှာ လာမှာလားxxx မျှော်နေသူမှာxxx နွမ်းလျပါ တယ်xxx)-၃
အဲသည်လို၊ ဟောဒီလို၊ ဟိုလိုဒီလိုနှင့် မီးပုံကိုရှို့လိုက်၊ ထင်းစတွေ ကောက်ထည့်လိုက်နှင့် ဂုရုဆန် အလေး အနက်(ခေါင်းပေါ်ကို နာဠာဂီရိဆင်တင်၍) စဉ်းစားနေမိသည်။ ခေါင်းဆောင်ကောင်း… ခေါင်းဆောင်ကောင်း ဘယ်မှာလဲ…။ နိုင်ငံတကာပြည်သူတွေက လေးစားဦးညွတ်စေမယ့် ခေါင်းဆောင်ကောင်းတွေ၊ အခုလို ဆောင်း တွင်းကြီးမှာ မွေးဖွားလာကြပြီး လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ကြသူတွေ…။ (ကျနော်တို့လေ) ဦး ညွတ်ပြီးရင်း ဦးညွတ်ရင်း… လင်းတောက်ခဲ့တဲ့ ကြယ်စင်တွေ၊ လင်းတောက်နေဆဲ ကြယ်စင်တွေကို အခု လိုတွေး ချမိပါရဲ့။
နိုဝင်ဘာလ ၂၉ရက်…။ အမေမာ(၀ါ)လူထုဒေါ်အမာ-မွေးဖွားတဲ့ ထိုဆောင်းတစ်ရက်…။ လူထု အဒေါ်အမာ ဆိုတာက လူထုဂျာနယ်နဲ့ လူုထုသတင်းစာထုတ်ဝေလို့ လူထုအဒေါ်အမာလို့ အမည်တွင်တာမဟုတ်…။ လူထုက မန္တလေးမြို့၏ ဂုဏ်ဆောင်၊ မြန်မာပြည်၏ ဂုဏ်ဆောင် စာပေအနုပညာရှင်ကြီး၊ ယဉ်ကျေးမှု ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် သမိုင်းမော်ကွန်းရေးခြစ်ပေးခဲ့ခြင်းဖြစ်သည်။ လူထုဒေါ်အမာဆိုတာက “လူထုဦးလှ” “ကြီးပွားရေး ဦးလှ” ရဲ့ဇနီး၊ စာပေနဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သလို မောင်တစ်ထမ်း, မယ်တစ်ရွက် ဆိုတာ ထက် ပိုမိုထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦး(၀ါ)ရဲဘော် ရဲဘက်တစ်ဦးဖြစ်ခဲ့တာပေါ့ဗျာ...။
သားသမီးတွေထဲက တချို့တလေကိုလည်း ကြည့်ပါဦး။ မန်းတက္ကသိုလ်ကျောင်းသားခေါင်းဆောင်- ကိုစိုးဝင်း (တောခို၊ အစီရင်ခံရ) ရဲဘော်ဖိုးသံချောင်း(လက်ရှိ CPB ပြောခွင့်ရသူ) ကိုငြိမ်းချမ်း(ခေါ်) စာရေးဆရာ ညီပုလေး စသည်ဖြင့် စာပေနှင့် နိုင်ငံရေးကို အပတ်တကုတ် အားထုတ်ကြိုးပမ်းကြသူများ ပါဝင်ပါသည်။
သဟာဆိုရင် ဒေါ်အမာကိုယ်တိုင်ကိုရော ရှုပါဦး။ ၁၉၃၈ ခုနှစ်၊ တတိယကျောင်းသားသပိတ်တိုက်ပွဲကို ပါဝင်ဆင် နွဲခဲ့သော တကသ-အဖွဲ့ဝင် တက္ကသိုလ်ကျောင်းသူ မအမာ ဘ၀မှသည် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ အာဏာရှင် ကိုလှရွှေ၊ ကိုဗဆွေတို့၏ သူငယ်ချင်းရဲဘော် တစ်ဦး မဟုတ်တုံလော...။
စာပေရေးသားသူ မအမာအဖြစ် ဒဂုန်တာရာ(ခေါ်) ကိုဌေးမြိုင်တို့၏ စာပေရေးဖော် သူငယ်ချင်းတစ်ဦး မဟုတ် တုံလော...။ လူထုဒေါ်အမာ၏ အကောင်းဆုံး စာပေလက်ရာမွန်အဖြစ် တင်စားကြရသော “ဖိုးစိန်, စိန်ကတုံး, အောင်ဗလ တို့နှင့် ပြည်သူချစ်သောအနူပညာရှင်များ”သည်လည်းကောင်း၊ မဂ္ဂဇင်းများတွင် သူမ၏အတွေ့ အကြုံနှင့် ဗဟုသုတတို့ကို လူငယ် မောင်မယ်တို့သိစေရန် ရည်ရွယ်လျက် “ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့” အပါအ၀င် ဆောင်းပါးပေါင်းစုံတို့ဖြင့် အသိပေးဆုံးမခဲ့သူ...။ မောရစ်ကောလစ် ရေးသားခဲ့သော စာအုပ်အချို့ကို လူထုဒေါ်အမာ ဘာသာပြန်ထုတ်ဝေခဲ့သလို မြန်မာမှု မြန်မာ့နယ်ဆိုင်ရာ စာအုပ်စာတမ်းအချို့ကိုလည်း ပီပြင်စွာ ရေးသားခဲ့သူဖြစ်သည်။
ကျောင်းသားခေါင်းဆောင် (နောင်-အမျိုးသားခေါင်းဆောင်)ကိုအောင်ဆန်းနှင့် သက္ကရာဇ်တခုထဲ, တနှစ်ထဲ မွေးဖွားရှင်သန်ခဲ့သူ (၁၉၁၅ နိုဝင်ဘာလ ၂၉ရက်)သည် ဤကမ္ဘာမြေအတွက်ရော, ကျနော်တို့ မြန်မာ့မြေ အတွက်ပါ သမိုင်းတာဝန်ကျေခဲ့သော(၀ါ) လူသားတာဝန်ကျေခဲ့သော သားကောင်းရတနာတပါး(၀ါ) မြန်မာ နိုင်ငံ၏ မိခင်ကောင်းတစ်ဦး(၀ါ) ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်ဟု အလေးအနက်ဂုဏ်ပြုချင်ပါသည်။
အခြားခေါင်းဆောင်တဦး အကြောင်းဆက်ပြောပါရစေ...။ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ခ်ျ ဖြစ်ပါသည်။ ဒီဇင်ဘာလ ၅ရက်နေ့တွင် မွေးဖွားရှင်သန်ခဲ့သော ထိုင်းဘုရင်သည် ယခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် သက်တော် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ချောင်းကြား, မြောင်းကြား, လူထုကြားသို့ သွားလာ လှုပ်ရှားကာ လူထုကိုအလုပ်အကျွေးပြုသူတစ်ဦး(၀ါ) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်းရေး, လူ့အခွင့်အရေးစသည့် လုပ်ငန်းများကို အသက်အရွယ်ကြီးရင့်နေလင့်ကစား အောက်ခြေအထိ ဆင်းကာ လူထုအကျိုးကို ဖေါ်ဆောင်ပေးနေသူကိုမှ လူထုကမချစ်လျှင် မည်သူကချစ်ပါအံ့နည်း...။ ထိုင်း နိုင်ငံတွင် စစ်အာဏာသိမ်းမှု (၁၈)ကြိမ်အထိ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းခေါင်းဆောင်မှန်သမျှသည် အဘယ်အတွက်ကြောင့် ထိုင်းဘုရင် ဘူမိဘောကို ဆက်လက်သစ္စာစောင့်သိ ရိုသေကြပါသနည်း။ ထိုင်းနိုင်ငံ အကျပ်အတည်းဆိုက်ရောက်သည့်အခါတိုင်း ထိုင်းဘုရင် ဘူမိဘောသည် အကောင်းဆုံး ဆုံးဖြတ်ချက်ပေးရန် ထိုင်းအစိုးရနှင့် ပြည်သူ့ရှေ့မှောက်သို့ ရောက်ရှိလာစမြဲဖြစ်သည်ကို ထိုင်းနိုင်ငံရေးအား လေ့လာအကဲခပ်သူတိုင်း သတိထားမိကြပေမည်။ ထိုင်းပြည်သူ သန်း(၇၀)ကျော်တို့က သာမက ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ် သမားများအဖြစ် လာရောက်အခြေချလုပ်ကိုင် စားသောက်နေကြသော လူ ၂-သန်းကျော်သော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် လည်းကောင်း၊ သိန်းဂဏန်းမျှရှိသော ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်း အလုပ်သမားများသည်လည်းကောင်း၊ အဘယ်အတွက်ကြောင့် ထိုင်းဘုရင်အား လေးစားကြရပါသနည်း။ လူလေးစား, သူလေးစားဖြစ်တည်ရသည်ဆိုသည်မှာ လွယ်ကူသောအရာမဟုတ်ချေ။ ခေါင်းဆောင်ကောင်း ပီသ၍, ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသဖြင့် အများသူငါက လေးစားရခြင်းဖြစ်တန်ရာသည်။
နောက်ထပ် အသက်အငယ်ဆုံး ခေါင်းဆောင်ကောင်းတစ်ဦးအကြောင်း ဆက်ပါဦးမည်။ သူမကား ဒေါက်တာ-စင်သီယာမောင်အမည်ရှိသော မြန်မာ့ဂုဏ်ဆောင် ကရုဏာရှင်တစ်ဦး အကြောင်းပင်ဖြစ်ပါသည်။ ဒေါက်တာ-စင်သီယာမောင်ကို ဒီဇင်ဘာလ ၆ရက်နေ့တွင် မွေးဖွားသန့်စင်ခဲ့သည်ဖြစ်ရာ ဆောင်းမှာမွေးဖွားခဲ့သော ခေါင်းဆောင်ကောင်းတချို့တလေထဲမှာ အားကျဂုဏ်ယူစရာ(၀ါ) မြင်ရသူတိုင်း စိတ်နှလုံးချမ်းမြေ့စရာ ကရုဏာ ရှင်တစ်ဦးသည်ကား ထိုင်း-မြန်မာနယ်စပ်မှ ဒေါက်တာ-စင်သီယာမောင်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

တင်ပြသူ…ဆန်တာကလော့(စ်) ခေတ္တ-အင်္ဂပူ..

5 Dec, 2008…..

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)