ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 6, 2008

6 Dec, 2008…ခေါင်းဆောင်ကောင်း တချို့တလေ ဆောင်းမှာမွေးဖွားပါသလေ….အပိုင်း-၂

> xxx ဒေါက်တာ-စင်သီယာမောင်သည် ၁၉၈၈(ရှစ်လေးလုံး)လူထုလှုပ်ရှားမှုကြီးပြီးသည့်နောက်တွင် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာကာ (၁၉၈၉)ခုနှစ်မှစ၍ မယ်တော်ဆေးခန်းကို မဲဆောက်မြို့ မယ်တော်ကျေးရွာ၌ ထူထောင်ခဲ့သူဖြစ်သည်။ ဒေါက်တာ-စင်သီယာမောင်သည် မယ်တော်ဆေးခန်းအား ဆေးခန်းနှင့်တူအောင်၊ လူနာများကိုလည်း ပြုစုစောင့်ရှောက်နိုင်အောင် တစထက် တစကြိုးပမ်းတည်ဆောက်လာနိုင်ခဲ့သည်။ ထိုသို့ ဆေးခန်းနှင့်တူအောင် တည်ဆောက်နေဆဲမှာပင် မလိုလားအပ်သော အနှောက်အယှက် အဖျက်အဆီးမျိုးစုံ, ဖိအားပေးမှုမျိုးစုံတို့ကိုလည်း သူမခံခဲ့ရပေသည်။ ဒီလိုဖိအားပေးရုံနဲ့ ဒေါက်တာစင်သီယာလို ဘာမထီမျိုးက သူ့ခြေလှမ်းတွေကို ရပ်လိုက်ရိုးလား...။ ဆက်လျှောက်တာပေါ့... ဖိအားပေါင်းစုံနဲ့ ရှင်သန်ရတယ်ဆိုတာ (စွန်)တွေလိုပေါ့ဗျာ။ စွန်(လေတံခွန်)ဆိုတာမျိုးက လေဆန်ကြမှသာ အပေါ်ကိုပိုပြီး လွှင့်ပျံတတ်တဲ့အမျိုး မဟုတ်လား။ လေဟုန်ကိုဆန်xxx မိုးကောင်းကင်ယံxxx ဆိုတဲ့ သီချင်းလေးလိုပေါ့ဗျာ...။ ပျံပြီ... အမြင့်ဆုံး, အဝေးဆုံး ပန်းတိုင်ရှိရာဆီသို့လေ...။

မယ်တော်ဆေးခန်းတွင်လည်း အမှန်တကယ်ကျန်းမာရေးမှူးစိတ်ထားရှိသူ ရှိသလို တတိယနိုင်ငံထွက် ခွာရန်အတွက် ကျန်းမာရေးမှူးအဖြစ် လာရောက်ဟန်ဆောင်သူတို့လည်း အများအပြားရှိခဲ့သည်။ ယခုလည်းရှိ နေဆဲဖြစ်သည်။
ဒေါက်တာ-စင်သီယာမောင်တည်းဟူသော အရိပ်ကောင်းသော သစ်တစ်ပင်သည် မည်သို့သော အရိပ် ခိုသူကိုမဆို ခိုနားခွင့်ပေးရမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ သို့သော အရိပ်ခိုသူတို့ဘက်ကသာ “အရိပ်နေနေ… အခက်ချိုးချိုး” မလုပ်ကြစေရန် အထူးသတိပြုရန်လိုသည်။ ကိုယ်စွမ်းကိုယ်စမရှိကြသဖြင့် သူတပါး၏ကိုယ် ပေါ်ဝယ် ကပ်ပါးအဖြစ်(၀ါ) ပိုးမွှားငယ်အဖြစ် ခိုနားဆိုက်ကပ်နေရသူတို့သည် ကိုယ်စွမ်းကိုယ်စကြီးမားသူတို့ ဟူသည် မည်သည့်အတွက်ကြောင့် ဤသို့စွမ်းအားရှင်များ(၀ါ) ခေါင်းဆောင်ကောင်းများဖြစ်လာကြသနည်း… ဆို တာကို လေ့လာရုံမျှမပြီးသေးပေ။ အတုယူတန်တာ ယူသင့်ကြပေသည်။ ကျနော်တို့မြန်မာ နီတိတွင်လည်း ရှိပါသည်။ “ဇွန်းဟူသည် ဟင်း၏ အရသာမသိ၊ ယောင်းမဟူသည် ဟင်း၏ အရသာကိုမသိ…” ဟူ၍ လောက နီတိကျမ်းတွင် ဖော်ပြပါရှိပါသည်။
xxx “ပြုံးချိုမြမြ ထိုဒေါက်တာ
စင်သီယာလို့ တွင်တယ်ဗျာ…။
xxx ထိုင်းနဲ့ မြန်မာ လေးစားကြ
မျက်နှာဖြူ, မျက်နှာဝါ မကျန်ဗျ…။
xxx အမည်း , အနီ လေးစားသည်
သူမအမည် မွှေးပျံ့ကြည်…။
xxx ဆင်းရဲချမ်းသာ မခွဲခြား
အပြောနဲ့ အလုပ် ညီမျှသား…။
xxx လူထုခေါင်းဆောင် အမည်ခံ
အမှန်အကန်ဖြစ်ဖို့ အားမထည့်ပြန်…။
xxx စင်သီယာက ရှေ့ဆောင်ပြ
ခေါင်းဆောင်ဆိုတာ ဒီလိုဗျ…။
xxx ခေါင်းဆောင်ကြတော့ လုပ်လိုက်ချင်
လူထုနဲ့ဆက်ဆံ… အင်တင်တင်…။
xxx လူထုနဲ့ ခွဲခြား… ဒီလူများ
မိုးကောင်းကင်က နတ်တွေလား…။
xxx မျက်နှာဖြူကျတော့ ပြုံးဖြီးဖြီး
သခင်အခေါ်ခွေးလို အမြီးနှံ့တနည်း…။
xxx လက်အုပ်ကိုလည်း ချီလိုက်ပြီ
မိဘ, ဘုရားထက် ကျေးဇူးကြီးသည်…။
xxx အဲဒီလိုအကျင့်ပျက် လူတွေကြား
စင်သီယာက တမူခြား…။
(ယနေ့ကျရောက်သော ထိုင်း-မြန်မာနယ်စပ်မှ လူထုခေါင်းဆောင်(၀ါ) ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သော ဒေါက်တာ စင်သီယာမောင်၏ ၄၉-နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုရေးသားခြင်းဖြစ်ပါသည်။ ဒေါက်တာစင်သီယာမောင် အသက်ရှည် ရှည်နေရခြင်းသည် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာပြည်သားများနှင့် ထိုင်း, အခြားလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အယူ အဆပေါင်းစုံ စသည်တို့အတွက် ဘုရားပေးသော အကောင်းဆုံးလက်ဆောင်- ဒေါက်တာစင်သီယာမောင် ဟူ၍ အမှတ် တရဂုဏ်ပြုလိုက်ရပါကြောင်း…)

(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ… ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

xxx ဒေါက်တာ-စင်သီယာမောင်သည် ၁၉၈၈(ရှစ်လေးလုံး)လူထုလှုပ်ရှားမှုကြီးပြီးသည့်နောက်တွင် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာကာ (၁၉၈၉)ခုနှစ်မှစ၍ မယ်တော်ဆေးခန်းကို မဲဆောက်မြို့ မယ်တော်ကျေးရွာ၌ ထူထောင်ခဲ့သူဖြစ်သည်။ ဒေါက်တာ-စင်သီယာမောင်သည် မယ်တော်ဆေးခန်းအား ဆေးခန်းနှင့်တူအောင်၊ လူနာများကိုလည်း ပြုစုစောင့်ရှောက်နိုင်အောင် တစထက် တစကြိုးပမ်းတည်ဆောက်လာနိုင်ခဲ့သည်။ ထိုသို့ ဆေးခန်းနှင့်တူအောင် တည်ဆောက်နေဆဲမှာပင် မလိုလားအပ်သော အနှောက်အယှက် အဖျက်အဆီးမျိုးစုံ, ဖိအားပေးမှုမျိုးစုံတို့ကိုလည်း သူမခံခဲ့ရပေသည်။ ဒီလိုဖိအားပေးရုံနဲ့ ဒေါက်တာစင်သီယာလို ဘာမထီမျိုးက သူ့ခြေလှမ်းတွေကို ရပ်လိုက်ရိုးလား...။ ဆက်လျှောက်တာပေါ့... ဖိအားပေါင်းစုံနဲ့ ရှင်သန်ရတယ်ဆိုတာ (စွန်)တွေလိုပေါ့ဗျာ။ စွန်(လေတံခွန်)ဆိုတာမျိုးက လေဆန်ကြမှသာ အပေါ်ကိုပိုပြီး လွှင့်ပျံတတ်တဲ့အမျိုး မဟုတ်လား။ လေဟုန်ကိုဆန်xxx မိုးကောင်းကင်ယံxxx ဆိုတဲ့ သီချင်းလေးလိုပေါ့ဗျာ...။ ပျံပြီ... အမြင့်ဆုံး, အဝေးဆုံး ပန်းတိုင်ရှိရာဆီသို့လေ...။

မယ်တော်ဆေးခန်းတွင်လည်း အမှန်တကယ်ကျန်းမာရေးမှူးစိတ်ထားရှိသူ ရှိသလို တတိယနိုင်ငံထွက် ခွာရန်အတွက် ကျန်းမာရေးမှူးအဖြစ် လာရောက်ဟန်ဆောင်သူတို့လည်း အများအပြားရှိခဲ့သည်။ ယခုလည်းရှိ နေဆဲဖြစ်သည်။
ဒေါက်တာ-စင်သီယာမောင်တည်းဟူသော အရိပ်ကောင်းသော သစ်တစ်ပင်သည် မည်သို့သော အရိပ် ခိုသူကိုမဆို ခိုနားခွင့်ပေးရမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ သို့သော အရိပ်ခိုသူတို့ဘက်ကသာ “အရိပ်နေနေ… အခက်ချိုးချိုး” မလုပ်ကြစေရန် အထူးသတိပြုရန်လိုသည်။ ကိုယ်စွမ်းကိုယ်စမရှိကြသဖြင့် သူတပါး၏ကိုယ် ပေါ်ဝယ် ကပ်ပါးအဖြစ်(၀ါ) ပိုးမွှားငယ်အဖြစ် ခိုနားဆိုက်ကပ်နေရသူတို့သည် ကိုယ်စွမ်းကိုယ်စကြီးမားသူတို့ ဟူသည် မည်သည့်အတွက်ကြောင့် ဤသို့စွမ်းအားရှင်များ(၀ါ) ခေါင်းဆောင်ကောင်းများဖြစ်လာကြသနည်း… ဆို တာကို လေ့လာရုံမျှမပြီးသေးပေ။ အတုယူတန်တာ ယူသင့်ကြပေသည်။ ကျနော်တို့မြန်မာ နီတိတွင်လည်း ရှိပါသည်။ “ဇွန်းဟူသည် ဟင်း၏ အရသာမသိ၊ ယောင်းမဟူသည် ဟင်း၏ အရသာကိုမသိ…” ဟူ၍ လောက နီတိကျမ်းတွင် ဖော်ပြပါရှိပါသည်။
xxx “ပြုံးချိုမြမြ ထိုဒေါက်တာ
စင်သီယာလို့ တွင်တယ်ဗျာ…။
xxx ထိုင်းနဲ့ မြန်မာ လေးစားကြ
မျက်နှာဖြူ, မျက်နှာဝါ မကျန်ဗျ…။
xxx အမည်း , အနီ လေးစားသည်
သူမအမည် မွှေးပျံ့ကြည်…။
xxx ဆင်းရဲချမ်းသာ မခွဲခြား
အပြောနဲ့ အလုပ် ညီမျှသား…။
xxx လူထုခေါင်းဆောင် အမည်ခံ
အမှန်အကန်ဖြစ်ဖို့ အားမထည့်ပြန်…။
xxx စင်သီယာက ရှေ့ဆောင်ပြ
ခေါင်းဆောင်ဆိုတာ ဒီလိုဗျ…။
xxx ခေါင်းဆောင်ကြတော့ လုပ်လိုက်ချင်
လူထုနဲ့ဆက်ဆံ… အင်တင်တင်…။
xxx လူထုနဲ့ ခွဲခြား… ဒီလူများ
မိုးကောင်းကင်က နတ်တွေလား…။
xxx မျက်နှာဖြူကျတော့ ပြုံးဖြီးဖြီး
သခင်အခေါ်ခွေးလို အမြီးနှံ့တနည်း…။
xxx လက်အုပ်ကိုလည်း ချီလိုက်ပြီ
မိဘ, ဘုရားထက် ကျေးဇူးကြီးသည်…။
xxx အဲဒီလိုအကျင့်ပျက် လူတွေကြား
စင်သီယာက တမူခြား…။
(ယနေ့ကျရောက်သော ထိုင်း-မြန်မာနယ်စပ်မှ လူထုခေါင်းဆောင်(၀ါ) ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သော ဒေါက်တာ စင်သီယာမောင်၏ ၄၉-နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုရေးသားခြင်းဖြစ်ပါသည်။ ဒေါက်တာစင်သီယာမောင် အသက်ရှည် ရှည်နေရခြင်းသည် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာပြည်သားများနှင့် ထိုင်း, အခြားလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အယူ အဆပေါင်းစုံ စသည်တို့အတွက် ဘုရားပေးသော အကောင်းဆုံးလက်ဆောင်- ဒေါက်တာစင်သီယာမောင် ဟူ၍ အမှတ် တရဂုဏ်ပြုလိုက်ရပါကြောင်း…)

(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ… ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)