ဖြစ်ရပ်-၁ ။ ။
ရှမ်းပြည်နယ်အရှေ့ ပိုင်းထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တွင်လောင်းကစားဝိုင်းများပေါများလာခြင်းနှင့်အတူမူးယစ်ဆေးဝါးသုံးစွဲမူများလည်း
ပေါများလာနေကြောင်းဇန်န၀ါရီလ၁၁ရက်နေ့ (ယနေ့)ညပိုင်းRFAသတင်းတပုဒ်မှာ
ဖော်ပြသည် ။တာချီလိတ်မြို့ တွင်ယခုအခါမက်တာဖီတာမင်းဆေးပြားတပြားလျှင်
်ထိုင်းဘတ်ငွေ- ၆၀ နှုန်းဖြင့်လည်းကောင်း, လောင်းကစားဝိုင်းများသို့ ဝင်ကြေး(၂၀) ဘတ်နှုန်းဖြင့်လည်းကောင်းလွတ်လပ်စွာဆောင်ရွက်လျက်ရှိကြောင်းမြို့ ခံများက
ပြောဆိုကြသည် ။
(RFA-ညပိုင်း)
ဖြစ်ရပ်-၂ ။ ။ ထိုင်း-မြန်မာနယ်စပ်ရနောင်းမြို့ တွင်မြန်မာရွှေ့ ပြောင်းအလုပ်သမား
များ၏ရင်သွေးငယ်-၂၅၀ယောက်ခန့် ကိုပညာသင်ကြားပေးနေသောစာသင်ကျောင်းတကျောင်းအားထိုင်းအာဏာပိုင်များက၀င်ရောက်ရှာဖွေဖမ်းဆီးကာယနေ့
့၌ပင်တဖက်ကမ်းရှိကော့သောင်းမြို့ စစ်ဘက်လုံခြုံရေးဌာန(စရဖ)လက်သို့ ကျောင်း
ဆရာများကိုအပ်နှင်းလိုက်ကြောင်းသတင်းရရှိသည် ။အဆိုပါကျောင်းသည်လွန်ခဲ့
သော၁၀နှစ်ခန့် မှစ၍မြန်မာကလေးငယ်များကိုပညာသင်ကြားပေးလာခဲ့ပြီးယခုကဲ့သို
့ဖမ်းဆီးအရေးယူမှုသည်ရနောင်းမြို့ တွင်ပထမဆုံးအကြိမ်ဖြစ်သည်။(RFA-ညပိုင်း)
(ဇန္န၀ါရီလ ၁၁ ၊ ၂၀၀၉)

No comments:
Post a Comment