xxxအရုဏ်ဦးလား
ပန်းများ ဖူးဝေ ၊ မြောက်လေပြန်နှိုး
မြစ်ရိုးဧရာ ၊ ကဗျာနိမိတ်ပုံ ။
+++လူမှုဝေဒနာ
နှစ်ရှည် ကြာမျော ၊ ပေါလောသိုးပုတ်
တမံချုပ်နှောင် ၊ ယောင်အေ၀၀ါး
တရားပျက်ကြွေ ၊ နွေဟောင်းတရား ။
xxx ဘ၀ဆိုတာ
ကံကြမ္မာလား ၊သံသရာလား
စံတရားဓားနဲ့ ပိုင်းစစ်ရင် ။
+++အမှောင်ဆုံးကျဉ်း
တွင်းနက်ထဲက ၊ သွေးရဲသံရဲ
အံခဲ မာန်ကြွ ၊ ရုန်းထဆန့် တန်း
ပန်းပေါင်းတရာ ပွင့်ရမယ် ။
xxxခံယူချက်ကို
ယုံကြည်ချက်နဲ့ သွန်းလောင်းကြည့်
ရဲရင့်ခြင်းကို
သစ္စာဆို၍ တွန်းအားဖိ ၊
ဖိနှိပ်ခြင်းကို
တော်လှန်ခြင်းနဲ့ မီးထွန်းညှိ ။
+++ပင်မရေစီး
သမိုင်းဘီးကား
ရပ်နားခဲ့သည်မရှိချေ ။
xxx အနာဂတ်ရေး
ပန်းလို့ မွှေးအောင်
သွေးဖြင့်ပက်ဖြန်းပြီးခဲ့ရင် ။
+++လောကသစ်ရဲ့ 
အလှခေတ်ဦး
ခူးဆွတ်ချွေယူနိုင်ရမယ် ။ ။
(မောင်လွမ်းဏီ)
မှတ်ချက် ။ ။ ဆရာမောင်လွမ်းဏီ ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များစာအုပ်မှ....
``လောကသစ်သို့ ခရီးသွားခြင်း´´
xxxအရုဏ်ဦးလား
ပန်းများ ဖူးဝေ ၊ မြောက်လေပြန်နှိုး
မြစ်ရိုးဧရာ ၊ ကဗျာနိမိတ်ပုံ ။
+++လူမှုဝေဒနာ
နှစ်ရှည် ကြာမျော ၊ ပေါလောသိုးပုတ်
တမံချုပ်နှောင် ၊ ယောင်အေ၀၀ါး
တရားပျက်ကြွေ ၊ နွေဟောင်းတရား ။
xxx ဘ၀ဆိုတာ
ကံကြမ္မာလား ၊သံသရာလား
စံတရားဓားနဲ့ ပိုင်းစစ်ရင် ။
+++အမှောင်ဆုံးကျဉ်း
တွင်းနက်ထဲက ၊ သွေးရဲသံရဲ
အံခဲ မာန်ကြွ ၊ ရုန်းထဆန့် တန်း
ပန်းပေါင်းတရာ ပွင့်ရမယ် ။
xxxခံယူချက်ကို
ယုံကြည်ချက်နဲ့ သွန်းလောင်းကြည့်
ရဲရင့်ခြင်းကို
သစ္စာဆို၍ တွန်းအားဖိ ၊
ဖိနှိပ်ခြင်းကို
တော်လှန်ခြင်းနဲ့ မီးထွန်းညှိ ။
+++ပင်မရေစီး
သမိုင်းဘီးကား
ရပ်နားခဲ့သည်မရှိချေ ။
xxx အနာဂတ်ရေး
ပန်းလို့ မွှေးအောင်
သွေးဖြင့်ပက်ဖြန်းပြီးခဲ့ရင် ။
+++လောကသစ်ရဲ့ 
အလှခေတ်ဦး
ခူးဆွတ်ချွေယူနိုင်ရမယ် ။ ။
(မောင်လွမ်းဏီ)
မှတ်ချက် ။ ။ ဆရာမောင်လွမ်းဏီ ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များစာအုပ်မှ....
No comments:
Post a Comment