ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 11, 2009

11Jan,2009...နိုင်ငံရေးအကျဉ်းသားများအားရဲဘက်စခန်းသို့ ပို့ …….

> နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ
နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။ ၂၀၀၇
စက်တင်ဘာလ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိန်းသိမ်း ခံရသည့် တက္ကသိုလ် ကျောင်းသား
ကိုကျော်ဇောသည် မကြာသေးမီက ရန်ကုန်တိုင်း တွံတေးမြို့နယ် ရွှေသူဌေး ရဲဘက်စခန်းသို့
ပို့ဆောင်ခံခဲ့ရသည်......

“ကျော်ဇောကို အင်းစိန်ကနေ ရွှေသူဌေးကို ပို့လိုက်ပြီ၊ သူက ဥပဒေ၊ ဒုတိယနှစ် တက်နေတာ။
အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။
အခြား တဦးမှာ မကြာသေးမီက ထောင်ဒဏ် ၉ နှစ် ချခံထားရသော ကိုဇော်နိုင်ထွေး (ခေါ်)
ကိုကက်နက် ဖြစ်ပြီး ယခုအခါ တောင်ငူ မြို့နယ် လေးမိုင် ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်
ဟု သိရသည်။ ကိုဇော်နိုင်ထွေးသည် နိုင်ငံရေးမှုဖြင့် အကျဉ်း ကျနေသော ၎င်း၏ အကိုဖြစ်သူ
ကိုကျော်ကျော်ထွေးနှင့် စာပေးစာယူ လုပ်ရန်အတွက် ထောင်ဝန်ထမ်း ၃ ဦးကို လာဘ်ထိုး ခဲ့သည်
ဟု စွပ်စွဲခံရပြီး ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောင့်ရေး အသင်းမှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က
ရဲဘက်စခန်းသို့ ပို့ဆောင် ခံရသူများ၏ အသက် အန္တရာယ်အတွက် စိုးရိမ်မိသည်ဟု ဆိုသည်။
“ရဲဘက် စခန်းတွေ ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှုရော၊ နှိပ်စက် ညှဉ်းပန်းမှုရော အရမ်း
အခြေအနေဆိုးတဲ့ အနေအထား မျိုးတွေရှိတယ်။ ရဲဘက် စခန်းတွေကို ပို့တယ် ဆိုတာက
ထောင်ထဲ မှာထက် စာရင် သေဖို့အတွက် ပိုနီးသွားတဲ့ အနေအထား မျိုးတွေ ဖြစ်တော့ အတော်
စိုးရိမ်စရာ ကောင်းတယ်” ဟု ကိုဘိုကြည်က သုံးသပ်ပြသည်။
၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာ့ ဆန္ဒပြပွဲ နောက်ပိုင်း ဖမ်းဆီးခံရ သူများအနက် ရဲဘက်စခန်း
အသီးသီးသို့ ပို့ဆောင် ခံရသူပေါင်း အနည်းဆုံး အမျိုးသား ၁၆ ဦး၊ သံဃာ ၁ ပါး ရှိကြောင်း AAPP
အသင်း၏ မှတ်တမ်းများအရ သိရှိရသည်။
အာဏာပိုင်များက အကျဉ်းသားများကို အခြားထောင်များ၊ ရဲဘက် စခန်းများ၊ ရှေ့တန်း စစ်မြေပြင်များသို့
ပို့ဆောင်သည့် အခါ သက်ဆိုင်ရာ မိသားစုသို့ အကြောင်းကြားလေ့ မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ လင်တန် ရဲဘက်စခန်းမှ ထွက်ပြေး
လွတ်မြောက် လာသော ရဟန်းတော် ဦးပညာသီရိက ရဲဘက်စခန်းတွင် ၁ ပတ်လျှင် ၆ ရက် အလုပ်ကြမ်း
မျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ အစား အသောက် အနေအထိုင် ဆင်းရဲမှု၊ နှိပ်စက် ညှဉ်းပန်းမှု များကြောင့်
အသေ အပျောက်များ ရှိကြောင်း သတင်းဌာန များသို့ မိန့်ကြားခဲ့သည်။
ယခင်ကလည်း နိုင်ငံရေး အကျဉ်းသားများ ရဲဘက် စခန်းသို့ ပို့ဆောင် ခံရဖူးသည်။ ၁၉၉၆ ခုနှစ်က
မန္တလေးမြှို့မှ ဦးထွေး၊ ဦးအောင်၊ နာမည်ကျော် လူရွှင်တော်များ ဖြစ်ကြသော ဦးပါပါလေး၊ ဦးလူဇော်
တို့သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား လေဆိပ် ဆောက်လုပ်ရေး၊ ဆွမ်ပရာဘွမ် လမ်းဖောက်လုပ်ရေး
ရဲဘက်စခန်း တို့တွင် အလုပ်ကြမ်း လုပ်ခဲ့ရသည်။ ၎င်းတို့ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့
သွားရောက်၍ အငြိမ့်ကပြပြီး ရက်ပိုင်းအတွင်း ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
၁၉၉၇ တွင်လည်း တောင်ငူမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့နယ် အဆင့် ခေါင်းဆောင်များ ဖမ်းဆီး
ခံခဲ့ရသည်။ ခေါင်းဆောင် ၁၇ ဦး နှင့် အဖွဲ့ဝင် ၁ ဦးသည် ရှေ့တန်း စစ်မြေပြင်တွင် အထမ်းသမား (ပေါ်တာ)
များအဖြစ် ခိုင်းစေခံခဲ့ ရသည်။ ၎င်းတို့ထဲမှ အနည်းဆုံး တဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ
ဦးစောထွန်းနွယ် (အသက် ၇၅ နှစ်ခန့်) ဖြစ်ကြောင်း အဖွဲ့ချုပ်က စစ်အစိုးရကို အကြောင်းကြား
ကန့်ကွက်ခဲ့သည်။
စစ်အစိုးရက တစုံတရာ တုန့်ပြန်ခြင်းမရှိခဲ့ပေ။ ။
ပေးပို့ သူ....ဇာနည်ဝင်း(အီးမေးလ်)မှ...

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)