++ လကွယ် ညလေ
သူမ ကြွေကွဲနေရောပေါ့...
== သူမ မွေးနေ့ 
လပြည့်ဖြစ်၍ နေပါသည်...
xx လဆန်း
လဆုပ်
ကျွန်ုပ် ရင်မှာ,ဗလာ ကွင်းပြောင်
လရောင် စိတ်မ၀င်စားပါ...
== သူမ ခံစား
ညတရား၌
မြသား ရွှေခက်, လရောင်လက်ကို
ပွေ့ ဖက် ကျွမ်းဝင်နေကြလေ...
++ မွေးရပ်ဌာနေ
ရေနံမြေကြမ်း
ပဲနှမ်း နှုတ်ချိန်, ကျွန်ုပ်နှင့်လ
ခေတ္တ တွေ့ ဆုံ, သေရည် ငုံယှက်
မိတ်ဆက် ရယ်ပြုံး, ညတာ ဆုံးလည်း
အမုန်း ကျောက်တိုင် ခိုင်ဆဲပင်...
** ပိုင်ဆိုင်ခွင့် တဲ့
နင့်ကနဲ ပဲ
အသည်း နှလုံး
ဗုံး တလုံးပဲ ဖြစ်လိုက်ချင်...
(မောင်လွမ်းဏီ)
မှတ်ချက်.............ဆရာ မောင်လွမ်းဏီ၏ ``သူပုန်နှင့်သူ၏ရဲဘော်များ´´
ကဗျာ စာအုပ်မှ.........
****ဘက်****
++ လကွယ် ညလေ
သူမ ကြွေကွဲနေရောပေါ့...
== သူမ မွေးနေ့ 
လပြည့်ဖြစ်၍ နေပါသည်...
xx လဆန်း
လဆုပ်
ကျွန်ုပ် ရင်မှာ,ဗလာ ကွင်းပြောင်
လရောင် စိတ်မ၀င်စားပါ...
== သူမ ခံစား
ညတရား၌
မြသား ရွှေခက်, လရောင်လက်ကို
ပွေ့ ဖက် ကျွမ်းဝင်နေကြလေ...
++ မွေးရပ်ဌာနေ
ရေနံမြေကြမ်း
ပဲနှမ်း နှုတ်ချိန်, ကျွန်ုပ်နှင့်လ
ခေတ္တ တွေ့ ဆုံ, သေရည် ငုံယှက်
မိတ်ဆက် ရယ်ပြုံး, ညတာ ဆုံးလည်း
အမုန်း ကျောက်တိုင် ခိုင်ဆဲပင်...
** ပိုင်ဆိုင်ခွင့် တဲ့
နင့်ကနဲ ပဲ
အသည်း နှလုံး
ဗုံး တလုံးပဲ ဖြစ်လိုက်ချင်...
(မောင်လွမ်းဏီ)
မှတ်ချက်.............ဆရာ မောင်လွမ်းဏီ၏ ``သူပုန်နှင့်သူ၏ရဲဘော်များ´´
ကဗျာ စာအုပ်မှ.........
No comments:
Post a Comment