ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရ (Phop Phra ) မြိုနယ် ၄၄ကီလိုမီတာ ကျေးရွာရှိ ၀ါးတောရပ်ကွက်တွင် နေထိုင်ကြသော မြန်မာပြည်သား စိုက်ပျိုးရေးအလုပ်သမား ၃၀၀ခန့် နေထိုင်ရာ တဲအိမ်စုများအား လာမည့် ဇန်န၀ါရီလ ၁၅ရက်နေ့တွင် အပြီးဖျက်သိမ်းရန် ထိုင်းအာဏာပိုင်များက သတိပေးထားကြောင်း ဒေသခံများက မြန်မာပြည်သားသို့ ပြောပြသည် ။
အဆိုပါ မြန်မာပြည်သား စိုက်ပျိုးရေးအလုပ်သမားများမှာ ထိုင်းအလုပ်ရှင်မှပေးထားသော မြေကွက်ကျယ်ကြီးထဲတွင် တဲအိမ်ဆောက်နေထိုင်သူများဖြစ်ကြပြီး အလုပ်ရှင်မှခိုင်းသော စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်အသက်မွေးနေကြသူများဖြစ်သည် ။
သို့သော် အများစုမှာ အလုပ်သမားလက်မှတ် မရှိကြချေ ။ ထိုသို့ ထိုင်းအာဏာပိုင်များက လာရောက်သတိပေး ပြောဆိုအပြီး၌ ထိုင်းအလုပ်ရှင်မှ လက်မှတ်ရှိသူများသည် အိမ်ဖျက်စရာမလိုကြောင်း ၊ လက်မှတ်မရှိသူများအတွက် လောလောဆယ် အိမ်မဖျက်သေးပဲ ၁၅ရက်နေ့ကျမှ ထိုင်းကျန်မာရေးဌာနတာဝန်ရှိသူများက အာဏာပိုင်များအား ပြောဆိုပေးမည်ဖြစ်သောကြောင့် ဖျက်လိုက အနည်းအကျဉ်း အယောင်ပြ ဖျက်ထားကြရန် မြန်မာအလုပ်သမားများကို ပြောဆိုထားသည်။ ၀ါးတောရပ်ကွက်တွင် မြိုနယ်ကျန်းမာရေးဌာနမှ လာရောက်ဖွင့်လှစ်ထားသော ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တစ်ခုရှိသည် ။

No comments:
Post a Comment