+++ဓနဗေဒနဲ့ 
ခဏခဏရန်ဖြစ် .....။
xxxလူကုံတန်တွေကို
ဆက်ဆံရေးကျဲပါး….။
+++ဗေဒါလမ်းကို
တမ်းတမ်းတတလွမ်းရိပ်ရီမူး...။
Xxxစာမျက်နှာများ
တံတားဆက်ခင်း
လမင်းကြယ်ရိပ် အိပ်မက်ခုံမင်… ။
+++ မှန်ကြည့်လိုက်
ရေချိုးလိုက်
သစ္စာကို နှလုံးပိုက်ရင်း
သီချင်းတွေရဲ့ ဖြစ်တည်မှု
သုတေသနပြုမော.... ။
xxxခံစားမှုဗီဇာနဲ့ 
စကြာဝဠာကိုကျော်ဖြတ်
လူ့သမိုင်းပြဇာတ်ရဲ့ ဗီလိန်
ကျိန်ဆဲမှုတွေနဲ့ ထွေးလုံး
မုန်းသူကိုပြုံးမပြတတ်တဲ့ကျုပ်
ချစ်သူကိုလည်းနှုတ်ဆက်ခဲ့ပြန်ရ.... ။ ။
(မောင်လွမ်းဏီ)
မှတ်ချက်…..ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ....
(ကိုယ်ရည်သွေးတီးလုံး)
+++ဓနဗေဒနဲ့ 
ခဏခဏရန်ဖြစ် .....။
xxxလူကုံတန်တွေကို
ဆက်ဆံရေးကျဲပါး….။
+++ဗေဒါလမ်းကို
တမ်းတမ်းတတလွမ်းရိပ်ရီမူး...။
Xxxစာမျက်နှာများ
တံတားဆက်ခင်း
လမင်းကြယ်ရိပ် အိပ်မက်ခုံမင်… ။
+++ မှန်ကြည့်လိုက်
ရေချိုးလိုက်
သစ္စာကို နှလုံးပိုက်ရင်း
သီချင်းတွေရဲ့ ဖြစ်တည်မှု
သုတေသနပြုမော.... ။
xxxခံစားမှုဗီဇာနဲ့ 
စကြာဝဠာကိုကျော်ဖြတ်
လူ့သမိုင်းပြဇာတ်ရဲ့ ဗီလိန်
ကျိန်ဆဲမှုတွေနဲ့ ထွေးလုံး
မုန်းသူကိုပြုံးမပြတတ်တဲ့ကျုပ်
ချစ်သူကိုလည်းနှုတ်ဆက်ခဲ့ပြန်ရ.... ။ ။
(မောင်လွမ်းဏီ)
မှတ်ချက်…..ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ....
No comments:
Post a Comment