သူဖုန်းစားတစ်ယောက်က အာဆင်နယ်ကလပ်အသင်း မန်နေဂျာဖြစ်သူ အာစင်ဝင်းဂါးထံ ပိုက်ဆံတောင်းသည်။ ထိုအခါ အာစင်ဝင်းဂါးက…..
`ငါ့အသင်းသားတွေ ဒဏ်ရာဆေးကုရလို့ ပိုက်ဆံတွေအတော်လေးကုန်နေပြီ။ ငါ့အဖေလည်း အသည်းရောဂါဖြစ်လို့ ဆေးရုံတက်ရတာ အိမ်တောင်ရောင်းလိုက်ရပြီ။ ငါ့ညီအစ်ကိုမောင်နှမတွေလည်း ပြင်သစ်မှာ ဒုက္ခအကြီးအကျယ်ရောက်နေတယ်´….။
ဝင်းဂါး၏ စကားကြားသော် သူဖုန်းစားက အရမ်းအားနာသွားပြီး…..
`ဆောရီးပါဆရာ… ကျနော် ဒါတွေ ဘာမှမသိလို့တောင်းမိတာပါ….´
ထိုအခါ ၀င်းဂါးက….
`အေး… အဲဒီကိစ္စတွေဖြစ်နေတာတောင် ငါတစ်ပြားမှ မထောက်ပံ့ခဲ့ဘုးကွ။ အခုမင်းကိုပေးမယ်လို့ ဘာဖြစ်လို့ထင်ရတာလဲ….´။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ...
(ရမယ်ထင်လား)….

No comments:
Post a Comment