မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာအခွန်ရုံး(၀ါ) မြန်မာသံရုံးရှေ့တွင် ယနေ့ ဇန်န၀ါရီလ ၂ရက်နေ့ နံနက် (၁၀း ၃၀)နာရီ၌ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄၅)ဦး တို့က ၆၁-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဤဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ကြီးမှူး စီစဉ်ခြင်းဖြစ်ပြီး ၄၅-ယောက် ပါဝင်ဆန္ဒပြခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မလေးရှားဌာနခွဲမှ တာဝန်ခံ ကိုကျော်ကျော်က မြန်မာပြည်သားသို့ပြောဆိုသည်။
xxx မလေးရှားမှနှစ်သစ်ကူးမရှောင်သောအဖမ်းအဆီးသတင်း.....
(ဇန်န၀ါရီလ ၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ (၁-၁-၂၀၀၉) new year နေ့မှာပင် မလေးရှားနိုင်ငံ၏အော်ပရာစီ
ခေါ်စီမံချက် အဖမ်းအဆီးများ မရပ်မနားပိုမိုကြမ်းတမ်းနေကြောင်းကြား သိရပါသည်။ ကွာလမ်လာပူမြို့ လယ်ကို တာရာယာကုန်တိုက်အနီးနှင့်ကလန်းကားဂိတ တ၀ိုက်တွင် ဘက်စ်ကားခရီးသည်များကို ကားပေါ်မှဆွဲချ၍ ဖမ်း ဆီးကြောင်း၊ ဖမ်းဆီးရာတွင် အသက်ဆယ်နှစ်ကျော်ရွယ်ကလေးငယ်များကိုဖမ်းဆီးပြီး လူကြီးများကို ကား ပေါ်မှ အတင်းဆွဲချ၍ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ခိုင်းထားကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ မြန်မာနှစ်ဦးမှ ပြောကြားပါသည်။ သည်အတိုင်း ဆရှေ့လျှောက်ပိုဆိုးမည်ဟု မြန်မာအသိုင်းအ၀ိုင်းတွင် သတင်းများဖြစ်ပေါ် နေကြောင်း ကြားသိရပါသည်။ ပေးပို့ သူ.......အယ်လ်ဇော်ဆိုင်း(မလေးရှား)
ဖြစ်ရပ်-၂။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ မယ်ပကျေးရွာအုပ်စု ရွှေကျွန်းတောရပ်ကွက်တွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၇ရက်နေ့က စတင်ကျင်းပသည့် ရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ယနေ့ ဇန်န၀ါရီလ ၁ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအဖြစ် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ဤ ဘောလိုံးပြိုင်ပွဲများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရွှေကျွန်းတောရပ်ကွက်မိသားစုများက ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးယခုပြိုင်ပွဲသည်ပထမဆုံးအကြိမ်ဖြစ်သည်။
(ဇန်န၀ါရီလ ၂ရက် ၂၀၀၉)

No comments:
Post a Comment