Xxx ဒါဟာ တဲအိမ်တွေမဟုတ်ဘူး
ငါတို့ မြန်မာလယ်သမားတွေရဲ့ 
နှလုံးသားအိမ်တွေဖြစ်တယ်..
ဘ၀အိမ်တွေဖြစ်တယ်
အဖိနှိပ်ခံအိမ်တွေဖြစ်တယ်…။
+++တို့ ပြည်တွင်းမှာက
အလုပ်အကိုင်ကရှားပါး
ဝင်ငွေကနည်းပါးတာမို့ လို့ 
သုတို့ တတွေဟာ
ထိုင်းနိုင်ငံထဲကို လာခဲ့ကြတဲ့
မြန်မာလယ်သမားတွေဖြစ်တယ်…။
Xxxထိုင်း-မြန်မာနယ်စပ်မှာ
တာ့(ခ်)ခရိုင် ဆိုတာရှိတယ်..
တာ့(ခ်)၊မဲဆောက်၊ဖုတ်ဖရာ၊မယ်လမတ်၊အုန်းဖန်၊ထဆောင်ယန်း မြို့ တွေရှိတယ်…။
+++မုံ(မျှော့)သူဌေးတွေက
ငါတို့ လယ်သမားတွေကို
တနေ့ ဘတ်ခြောက်ဆယ်၊ခုနှစ်ဆယ်၊ရှစ်ဆယ်နဲ့ ခိုင်းကြတယ်။
Xxxနဖူးက ကျတဲ့ချွေး
ခြေမ ရောက်ပါမှ
ရတာက သတ်မှတ်စံနှုန်း(၁၅၁)ဘတ်မဟုတ်ဘူး..။
ဒူးနဲ့ မျက်ရည်သုတ်ရတာ
အံကြိတ်ခံပြီးလုပ်ရတာနေမကောင်းလည်းလုပ်ရတာတွေလည်းရှိနေရဲ့ 
Xxxလွန်ခဲ့တဲံ့(၈)နှစ်ကတည်းက
ဟောဒီဝါးတောရပ်ကွက်ရှိခဲ့တယ်
အဲသည်နောက်
ငှက်ပျောတော၊ကျွန်းတောဖြစ်ပေါ်လာတယ်
+++ခြံတောင်ယာအလုပ်ဆိုတာ
တို့ မြန်မာလယ်သမားတွေအဖို့ 
လုပ်ရိုးလုပ်စဉ်အလုပ်ဆိုပေမယ့်
လူမှာ….
နေမကောင်းတဲ့အခါရှိတယ်….
လူမှာ…
မိသားစုများတာရှိတယ်….
လူမှာ…
နေ့ စဉ်အလုပ်မရှိတာရှိတယ်….
အဲသည်အခါမှာ…
သူတို့ ဘာနဲ့ စားကြသလဲ….။
Xxxဇန်န၀ါရီလ ၁၄ရက်
အဲသည်နေ့ မနက်မှာ
ငါတို့ ရဲ့ နှလုံးသားအိမ်တွေ
(သူတို့ အခေါ်)တဲအိမ်စုတွေ
ကိုယ့်အိမ်ကိုယ်ဖျက်ကြလို့ 
တောအုပ်တွေဆီထွက်ပြေးကြရတယ်….။
(ဆက်လက်ဖော်ပြပါမည်။)
ခံစားတင်ပြသူ….သောင်ရင်းနဂါး(မြန်မာပြည်သား)
Xxx ဒါဟာ တဲအိမ်တွေမဟုတ်ဘူး
ငါတို့ မြန်မာလယ်သမားတွေရဲ့ 
နှလုံးသားအိမ်တွေဖြစ်တယ်..
ဘ၀အိမ်တွေဖြစ်တယ်
အဖိနှိပ်ခံအိမ်တွေဖြစ်တယ်…။
+++တို့ ပြည်တွင်းမှာက
အလုပ်အကိုင်ကရှားပါး
ဝင်ငွေကနည်းပါးတာမို့ လို့ 
သုတို့ တတွေဟာ
ထိုင်းနိုင်ငံထဲကို လာခဲ့ကြတဲ့
မြန်မာလယ်သမားတွေဖြစ်တယ်…။
Xxxထိုင်း-မြန်မာနယ်စပ်မှာ
တာ့(ခ်)ခရိုင် ဆိုတာရှိတယ်..
တာ့(ခ်)၊မဲဆောက်၊ဖုတ်ဖရာ၊မယ်လမတ်၊အုန်းဖန်၊ထဆောင်ယန်း မြို့ တွေရှိတယ်…။
+++မုံ(မျှော့)သူဌေးတွေက
ငါတို့ လယ်သမားတွေကို
တနေ့ ဘတ်ခြောက်ဆယ်၊ခုနှစ်ဆယ်၊ရှစ်ဆယ်နဲ့ ခိုင်းကြတယ်။
Xxxနဖူးက ကျတဲ့ချွေး
ခြေမ ရောက်ပါမှ
ရတာက သတ်မှတ်စံနှုန်း(၁၅၁)ဘတ်မဟုတ်ဘူး..။
ဒူးနဲ့ မျက်ရည်သုတ်ရတာ
အံကြိတ်ခံပြီးလုပ်ရတာနေမကောင်းလည်းလုပ်ရတာတွေလည်းရှိနေရဲ့ 
Xxxလွန်ခဲ့တဲံ့(၈)နှစ်ကတည်းက
ဟောဒီဝါးတောရပ်ကွက်ရှိခဲ့တယ်
အဲသည်နောက်
ငှက်ပျောတော၊ကျွန်းတောဖြစ်ပေါ်လာတယ်
+++ခြံတောင်ယာအလုပ်ဆိုတာ
တို့ မြန်မာလယ်သမားတွေအဖို့ 
လုပ်ရိုးလုပ်စဉ်အလုပ်ဆိုပေမယ့်
လူမှာ….
နေမကောင်းတဲ့အခါရှိတယ်….
လူမှာ…
မိသားစုများတာရှိတယ်….
လူမှာ…
နေ့ စဉ်အလုပ်မရှိတာရှိတယ်….
အဲသည်အခါမှာ…
သူတို့ ဘာနဲ့ စားကြသလဲ….။
Xxxဇန်န၀ါရီလ ၁၄ရက်
အဲသည်နေ့ မနက်မှာ
ငါတို့ ရဲ့ နှလုံးသားအိမ်တွေ
(သူတို့ အခေါ်)တဲအိမ်စုတွေ
ကိုယ့်အိမ်ကိုယ်ဖျက်ကြလို့ 
တောအုပ်တွေဆီထွက်ပြေးကြရတယ်….။
(ဆက်လက်ဖော်ပြပါမည်။)
ခံစားတင်ပြသူ….သောင်ရင်းနဂါး(မြန်မာပြည်သား)
No comments:
Post a Comment