ထိုင်းအလုပ်သမားဝန်ကြီးဌာနမှမြန်မာ၊လော၊ ကမ္ဘောဒီးယား၊နိုင်ငံများမှရွှေ့ ပြောင်းအလုပ်သမားများ
အားအလုပ်သမားလက်မှတ်(WP-13)သက်တမ်းတိုးခြင်းအစီအစဉ်များကိုဆောင်ရွက်ပေးလျက်ရှိရာ
ပထမအုပ်စုဖြစ်သော(၁၂-၁၂-၂၀၀၈)နေ့ မ(ှ၂၀-၁-၂၀၀၉)နေ့ အထိသက်တမ်းတိုးခြင်းများကိုယနေ့
့နောက်ဆုံးနေ့ အဖြစ်ပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိသည်။တဆက်တည်းမှာပင်(၁၉-၁-၂၀၀၉)နေ့ 
့မှ(၂၇-၂-၂၀၀၉)နေ့အထိသက်တမ်းတိုးရန်သတ်မှတ်ထားသောဒုတိယအုပ်စုသည်စတင်သက်တမ်းတိုး
နိုင်ပြီဖြစ်ကြောင်း သိရသည်။ဤအလုပ်သမားလက်မှတ်သက်တမ်းတိုးခြင်းများကိုထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ၇၆ ခရိုင်တွင်တပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်သည်။
(ဇန်န၀ါရီလ-၁၉ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ အနီးရှိဆွန်ကိုင်ဂလို့နယ်မှအထည်ချုပ်စက်ရုံတခုတွင်တရားဝင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမား၁၆ဦးတို့ သည်အလုပ်ရှင်ကမတရားဖိနှိပ်ခိုင်းစေမှုကြောင့်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာမလေးရှားလူဝင်မှုကြီးကြပ်
ရေးဌာနကသူမတို့ ကိုမလေးရှားနိုင်ငံမှာအလုပ်လုပ်ရန်စာချုပ်ဖြင့်ခေါ်လာခဲ့စဉ်ကစာချုပ်ပါသဘောတူညီ ချက်များအတိုင်းလစာမရခြင်း၊ပြင်ပနှင့်ဆက်သွယ်ရေးကန့် သတ်ခြင်း၊အချိန်ပိုခိုင်းစေခြင်းတို့ အပြင်အခြား
လူမှုရေးကန့် သတ်မှုများကိုဆောင်ရွက်လာခြင်းကြောင့်မကျေမနပ်ဖြစ်ခဲ့ရာမှသက်ဆိုင်ရာသို့ တိုင်ကြားကြ
စဉ်တွင်အလုပ်သမ-၃ဦးအား(လ၀က)မှဖမ်းဆီးထားခြင်းဖြစ်သည်။(RFA)
ဖြစ်ရပ်-၂။ ။မလေးရှားနိုင်ငံဂျာဟိုးဒေသတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမား(၁၀၀၀၀)ခန့် 
တို့ သည်အလုပ်ပြုတ်ပြီးမြန်မာနိုင်ငံသို့ ပြန်ပို့ ခံရမည်ဖြစ်ကြောင်းသတင်းရရှိသည်။အဆိုပါဒေသတွင် ယခုအခါဆက်လက်လုပ်ကိုင်လျက်ရှိသောမြန်မာနှင့်အခြားရွှေ့ ပြောင်းအလုပ်သမားများသည်ရက်
သတ္တတပတ်လျှင်(၂-၃ )ရက်လောက်သာအလုပ်ရှိသဖြင့်မှေးပြီးလုပ်ကိုင်နေကြကြောင်းကာယကံရှင်
များကပြောဆိုသည်။(BBC-နံနက်ပိုင်း)
(ဇန်န၀ါရီလ-၁၈ရက် ၊ ၂၀၀၉)
ဖြစ်ရပ်-၁ ။ ။ အာရှ - ပစိဖိတ်ဒေသနိုင်ငံများ၏လူ့ အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာပြင်ဆင်မှု
ညီလာခံတရပ်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်ဇန်န၀ါရီလ-၁၈ရက်နေ့ ကကျင်းပခဲ့ကြောင်းသတင်း
ရရှိသည်။(BBC- ညပိုင်း)
ဖြစ်ရပ်- ၂။ ။ ထိုင်းတောင်ပိုင်းရှိရေတပ်မှမောင်းထုတ်ခဲ့သောရိုဟင်ဂျာ ဒုက္ခသည်(၄၀၀)ခန့် ကိုအိန္ဒိယသမုဒ္ဒရာအတွင်းအိန္ဒိယရေတပ်မှကယ်တင်ခဲ့ရကြောင်းသတင်းရရှိသည်။
(BBC- ညပိုင်း)
(ဇန်န၀ါရီ-၁၇ရက် ၊ ၂၀၀၉ )
မြန်မာဒုက္ခသည်(၈၀၀၀၀)ခန့် နေထိုင်ကြသောထိုင်း-မြန်မာနယ်စပ်ရှိမယ်လ ။ အုန်းဗြန် ၊ နို ဘိုး ဒုက္ခသည်စခန်းများတွင်မိသားစုစီမံကိန်းအခက်အခဲဖြစ်နေကြောင်းနှင့်အဆိုပါစခန်းများတွင်ပြီးခဲ့သော
၁၀ နှစ်အတွင်း ကလေး(၃၀၀၀၀)ခန့် မွေးဖွားခဲ့ခြင်းကြောင့်မိသားစုစီမံကိန်းဆောင်ရွက်ရန်မလွဲမသွေ
လိုအပ်ကြောင်းမဲဆောက်မြို့ အခြေစိုက်ဒုက္ခသည်စခန်းများ၏မိသားစုစီမံကိန်းဆိုင်ရာတာဝန်ရှိသူများ
ကပြောဆိုသည်။(BBC)
(ဇန်န၀ါရီလ-၁၆ရက်နေ့ ၊၂၀၀၉)
ထိုင်းနိုင်ငံ၏ကျဆင်းနေသောစီးပွားရေးကိုမြင့်တက်နိုင်ရန်ရည်ရွယ်လျက်ထိုင်းနိုင်ငံ
အတွင်းလာရောက်လည်ပတ်မည့်ကမ္ဘာ့လှည့်ခရီးသည်များကို(၃လဗီဇာ)ထုတ်ပေးရန်
စဉ်းစားနေကြောင်းထိုင်းဝန်ကြီးချူပ်အဘီဆစ်ကဇန်န၀ါရီလ၁၆ရက်နေ့ တွင်ပြောကြား
လိုက်သည်။
(RFA - နံနက်ခင်းသတင်း)
(ဇန်န၀ါရီလ၁၅ရက်,၂၀၀၉)
ထိုင်းနိုင်ငံဘန်ကောက်ပြည်နယ်ဘန်ခဲမြို့ နယ်ကုန်တိုက်များတွင်အစောင့်လုံခြုံရေးတာဝန်ထမ်း
ဆောင်နေသော(ရမ်း)မြန်မာအလုပ်သမား၄၀ဦးတို့ ကိုတရားမ၀င်နေထိုင်မှု၊တရားမ၀င်အလုပ်လုပ်
ကိုင်မှုတို့ ဖြင့်နယ်မြေခံရဲကဇန်န၀ါရီလ၁၅ရက်နေ့ ကဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။
(BBc-နံနက်ခင်းသတင်း)
(ဇန်န၀ါရီလ-၂၀ရက်၊၂၀၀၉)

No comments:
Post a Comment