မိုးထိနေတဲ့
လူနဲ့ တိုက်တာ
ဧရာမ မျှော်စင်ကြီးများ..။
မာကျူရီ
နီယွန် လျှပ်စစ်မီးခွက်များ..။
ရေမွှေး
ဘီယာ
ဝတ်လစ်စလစ် ပိုစတာ..။
အပြာရောင် အိပ်ရာခင်း
တီရှပ် ဂျင်းဘောင်းဘီ
ဆ၀ါဒီနဲ့  ကြိုချက်
လေအေးစက်ရဲ့ 
အရှက်ပြေ အပြုံးများ..။
တရိရိ
အိပြို ရွေ့ လျား
လိပ်ကားတန်းကြီးများ
ခရီးတွက်ဆင်
ပက်ပ်စီ တဘူး ပြီးတဘူး..။
ပဒေသရာဇ်များရဲ့ 
ဓာတ်ပုံ ကားချပ်
ရွှေသား ကွပ်ချိပ်
ဧည့်ခန်းရိပ်တိုင်းမှာ..။
ညနေပိုင်း
တီဗွီသတင်းမှာတော့
မြန်မာကျောင်းသားတယောက်
မွန်ဒုက္ခသည် တယောက်
ကရင်ပန်းရံမလေးတယောက်
ထိုင်းပြည့်တန်ဆာမလေးတယောက်
ချောက်ဖရားမြစ်ထဲ ခုန်ချသွားသတဲ့…။…..။
မောင်လွမ်းဏီ
မှတ်ချက်.။ ။ ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ….
(ဘန်ကောက်)
မိုးထိနေတဲ့
လူနဲ့ တိုက်တာ
ဧရာမ မျှော်စင်ကြီးများ..။
မာကျူရီ
နီယွန် လျှပ်စစ်မီးခွက်များ..။
ရေမွှေး
ဘီယာ
ဝတ်လစ်စလစ် ပိုစတာ..။
အပြာရောင် အိပ်ရာခင်း
တီရှပ် ဂျင်းဘောင်းဘီ
ဆ၀ါဒီနဲ့  ကြိုချက်
လေအေးစက်ရဲ့ 
အရှက်ပြေ အပြုံးများ..။
တရိရိ
အိပြို ရွေ့ လျား
လိပ်ကားတန်းကြီးများ
ခရီးတွက်ဆင်
ပက်ပ်စီ တဘူး ပြီးတဘူး..။
ပဒေသရာဇ်များရဲ့ 
ဓာတ်ပုံ ကားချပ်
ရွှေသား ကွပ်ချိပ်
ဧည့်ခန်းရိပ်တိုင်းမှာ..။
ညနေပိုင်း
တီဗွီသတင်းမှာတော့
မြန်မာကျောင်းသားတယောက်
မွန်ဒုက္ခသည် တယောက်
ကရင်ပန်းရံမလေးတယောက်
ထိုင်းပြည့်တန်ဆာမလေးတယောက်
ချောက်ဖရားမြစ်ထဲ ခုန်ချသွားသတဲ့…။…..။
မောင်လွမ်းဏီ
မှတ်ချက်.။ ။ ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ….
No comments:
Post a Comment