ထိုင်းစကားက သိပ်မတတ်ကြ
တတ်ကြသူတွေကလည်း
လာဘ်မရရင် မကူညီချင်
သူအင်တင်တင် လုပ်ပြရင် လာဘ်ထိုးပါမှ
ကိစ္စ၀စ္စပြီးစီး ရတော့မှာမို့ 
စိတ်မပါလည်း လာဘ်ထိုးတာ(နတ်ကိုး) သလို
အမြဲထိုးနေ ၊ ကိုးနေပါမှ
သည်လာဘ်နဲ့  သည်နတ်ကကြည်ဖြူမှာပ…။
+++မြန်မာပြည်မှာ ခေတ်စားတာက ``လ္ဘက်ရည်ဘိုး´´
ထိုင်းနိုင်ငံမှာ နေ့ စဉ်တောင်းစားတာက ``ဘီယာဘိုး´´
သည်လိုတန်ခိုးထွားတဲ့ ( ဟိုဘိုး ၊ သည်ဘိုးသမား)တွေကို
ဆွဲပြီးတောင်ထိုးပစ်ချင်ပါရဲ့ …..။
Xxx သီပေါမင်းပါတော်မူစဉ်က
အမရပူရမြို့ က ဖျံကျသူပတ်ကား
စကားပြန်မောင်ဘသန်းဟာလည်း
ညောင်ရမ်းမင်းသားအတုအနေနဲ့ (အင်္ဂလိပ်နယ်ချဲ့ ရဲ့ သဘောင်္ဦးကနေ)
ဂေါဝိန်လှေဆိပ်ဆီကို ဆိုက်ရောက်လာသတဲ့….။
+++အဲဒီတုန်းက ရတနာပုံပြည်သူပြည်သားတွေ
မြန်မာပြည်သားတွေ နန်းတင်ချင်တဲ့
ညောင်ရမ်းမင်းသားဆိုတာ
မောင်ဘသန်းနဲ့  ရုပ်ချင်းအလွန်ဆင်တူတာမို့
(မောင်ဘသန်းကိုပဲ ညောင်ရမ်းထင်ပြီး)့
လူသူဗိုလ်ထုတွေဟာ ဦးချခဲ့ကြသတဲ့..။
Xxxအင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်စကားပြန်
ဂျပန်ခေတ်မှာ ဂျပန်စကားပြန်
လွတ်လပ်ပြီးစ ပါလီမန်ခေတ်မှာ
အဲဒီနှစ်ခုစလုံး စကားပြန်ကြသူတွေဟာ
မောင်ဘသန်း မျိုးရိုးနွယ်ချန်ထားခဲ့လေသလား
(ဟောဒီ)ထိုင်း နဲ့  မလေးရှား
မြန်မာပြည်သား ရွှေ့ ပြောင်းအလုပ်သမားတွေ
အများဆုံးရှိရာ သည်နှစ်နိုင်ငံမှာ
ပုလိပ် စကားပြန်, လ၀က စကားပြန်များရယ်နဲ့ 
မောင်ဘသန်းလို လူစားမျိုးတွေ
တန်ခိုးထွားနေဆဲ
လူအများတန်ဖိုး ထားနေဆဲပါတကား…………။
ခံစားတင်ပြသူ………သောင်ရင်းနဂါး
Xxx မြန်မာပြည်သားတွေဆိုတော့
ထိုင်းစကားက သိပ်မတတ်ကြ
တတ်ကြသူတွေကလည်း
လာဘ်မရရင် မကူညီချင်
သူအင်တင်တင် လုပ်ပြရင် လာဘ်ထိုးပါမှ
ကိစ္စ၀စ္စပြီးစီး ရတော့မှာမို့ 
စိတ်မပါလည်း လာဘ်ထိုးတာ(နတ်ကိုး) သလို
အမြဲထိုးနေ ၊ ကိုးနေပါမှ
သည်လာဘ်နဲ့  သည်နတ်ကကြည်ဖြူမှာပ…။
+++မြန်မာပြည်မှာ ခေတ်စားတာက ``လ္ဘက်ရည်ဘိုး´´
ထိုင်းနိုင်ငံမှာ နေ့ စဉ်တောင်းစားတာက ``ဘီယာဘိုး´´
သည်လိုတန်ခိုးထွားတဲ့ ( ဟိုဘိုး ၊ သည်ဘိုးသမား)တွေကို
ဆွဲပြီးတောင်ထိုးပစ်ချင်ပါရဲ့ …..။
Xxx သီပေါမင်းပါတော်မူစဉ်က
အမရပူရမြို့ က ဖျံကျသူပတ်ကား
စကားပြန်မောင်ဘသန်းဟာလည်း
ညောင်ရမ်းမင်းသားအတုအနေနဲ့ (အင်္ဂလိပ်နယ်ချဲ့ ရဲ့ သဘောင်္ဦးကနေ)
ဂေါဝိန်လှေဆိပ်ဆီကို ဆိုက်ရောက်လာသတဲ့….။
+++အဲဒီတုန်းက ရတနာပုံပြည်သူပြည်သားတွေ
မြန်မာပြည်သားတွေ နန်းတင်ချင်တဲ့
ညောင်ရမ်းမင်းသားဆိုတာ
မောင်ဘသန်းနဲ့  ရုပ်ချင်းအလွန်ဆင်တူတာမို့
(မောင်ဘသန်းကိုပဲ ညောင်ရမ်းထင်ပြီး)့
လူသူဗိုလ်ထုတွေဟာ ဦးချခဲ့ကြသတဲ့..။
Xxxအင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်စကားပြန်
ဂျပန်ခေတ်မှာ ဂျပန်စကားပြန်
လွတ်လပ်ပြီးစ ပါလီမန်ခေတ်မှာ
အဲဒီနှစ်ခုစလုံး စကားပြန်ကြသူတွေဟာ
မောင်ဘသန်း မျိုးရိုးနွယ်ချန်ထားခဲ့လေသလား
(ဟောဒီ)ထိုင်း နဲ့  မလေးရှား
မြန်မာပြည်သား ရွှေ့ ပြောင်းအလုပ်သမားတွေ
အများဆုံးရှိရာ သည်နှစ်နိုင်ငံမှာ
ပုလိပ် စကားပြန်, လ၀က စကားပြန်များရယ်နဲ့ 
မောင်ဘသန်းလို လူစားမျိုးတွေ
တန်ခိုးထွားနေဆဲ
လူအများတန်ဖိုး ထားနေဆဲပါတကား…………။
ခံစားတင်ပြသူ………သောင်ရင်းနဂါး
No comments:
Post a Comment