ချယ်ရီကိုးလ်သည်ချဲလ်ဆီးနှင့်အင်္ဂလန်လက်ရွေးစင်ဖြစ်သူလင်တော်မောင်အက်ရှ်လေကိုးလ်၏
အပြုအမူနှင့်ပတ်သက်၍အလွန်ပင်စိတ်ဆင်းရဲရသည်။၎င်းအပေါ်ဂရုမစိုက်သောကြောင့်လည်း
ကွဲကွာမလိုဖြစ်ရသည်မှာအကြိမ်ကြိမ်ဖြစ်သည်။တနေ့ သော်အက်ရှ်လေကိုးလ်ဘောလုံး
လေ့ကျင့်ရေးမသွားမီချယ်ရီကိုးလ်က၄င်းအနားသို့ သွားပြီးဖျောင်းဖျသည်။
``ဒါလင် ရယ်……ဒါလင့်သူငယ်ချင်းရှုနီကိုကြည့်စမ်းပါ။ ကောလင်းအတွက်ဆိုရင်ကား တွေတစ်စီးပြီးတစီးလက်ဆောင်ပေးတယ်။ပြီးတော့လဲယုယလိုက်တာလည်းမပြောပါနဲ့ တော့။လေ့ကျင့်ရေးမသွားမီအချိန်တွေမှာလည်းအကြင်နာတွေပေးသေးတယ်။ရှင်ရောဒီလို
မနေချင်ဘူးလား။အားမကျဘူးလားဟင်´´။
ထိုအခါအက်ရှ်လေကိုးကခေါင်းကုတ်ပြီး-``အားတော့ကျတာပေါ့ကွ၊ငါလည်းဒီလိုဖြစ်ချင်တာပဲ။
ဒါပေမယ့် ကောလင်းသဘောတူမယ်၊ကျေနပ်မယ်ဆိုရင်ပေါ့ကွာ´´။
မှတ်ချက် ။ ။နိုင်ငံတကာဘောလုံးဟာသများမှ……….။
(သူမကကျေနပ်မယ်ဆိုရင်တော့)

No comments:
Post a Comment