ရာကုလားဝန်းနှင့်မန်ကျှည်းဝန်းတို့ ကို(ထိုင်း)လူဝင်မှုကြီးကြပ်ရေးနှင့်ရဲတပ်ဖွဲ့ မှယနေ့(ဇန်န၀ါရီ-၅ရက်)ညနေပိုင်းကရှောင်တခင်ဝင်ရောက်ဖမ်းဆီးကြောင်းသတင်းရရှိသည်။အဆိုပါဝန်းနှစ်ဝန်း
တွင်မြန်မာစိုက်ပျိုးရေးအလုပ်သမား၃၀၀ခန့် နေထိုင်ပြီး။ဤသတင်းပို့ ချိန်မှာ၎ယောက်အဖမ်းခံထားရကြောင်း၊အခြားသူများမှာထွက်ပြေးလွတ်မြောက်သွားကြောင်းမျက်မြင်တွေ့ရှိသူဒေသခံ
လူထုစည်းရုံးရေးမှူးတဦးကမြန်မာပြည်သားသို့ ပြောပြသည်။လတ်တလောအဖမ်းခံထား ရသူ၎ဦး အားတဦးလျှင်ဘတ်၂၀၀၀ပေးမှပြန်လွှတ်ပေးမည်ဟုထိုင်းအာဏာပိုင်များကပြောကြောင်းအဆိုပါ
ါစည်းရုံးရေးမှူးကဆက်လက်ပြောပြသည်။ဖုတ်ဖရာ့မြို့ တွင်ထိုင်းနှင့်မုံလူမျိုးအလုပ်ရှင် များပိုင်သော စိုက်ပျိုးရေးလုပ်ငန်းခွင်များ၌၀င်ရောက်လုပ်ကိုင်နေသောမြန်မာအလုပ်သမား၇၀၀၀၀ခန့် ရှိကြောင်း၊အလုပ်ရှင်များကအလုပ်သမား(၃၀၊၅၀၊၇၀)စသည်ဖြင့်လုပ်ငန်းခွင်ကို၎င်းတို့ ကိုယ်စား စီမံအုပ်ချုပ်ပေးရသူကြီးကြပ်ရေးမှူးတဦး(၀ါ)နှစ်ဦးကိုသာတနှစ်ခံအလုပ်သမားလက်မှတ်ကိုလုပ်ပေး
.ကြကြောင်း၊သို့ ဖြစ်၍အများစုမှာအလုပ်သမားလက်မှတ်မဆိုထားနှင့်၊ကျေးရွာနှင့်ရပ်ကွက်တွင် နေထိုင်ရန်လုပ်ရသောနေထိုင်ခွင့်လက်မှတ်ပင်မရှိကြောင်း၊လစဉ်ကျေးရွာလူကြီးအားပေးနေရသော
ကျေးရွာအတွင်းနေထိုင်ခွင့်လစဉ်ကြေး(၀ါ)လိုင်းကြေးပေးထားရမှုသည်ယခုလိုလာရောက်ဖမ်းဆီး
သည့်အခါကျေးရွာလူကြီးဆိုသူများကလည်းဝင်ရောက်ကာကွယ်ပေးမှုမရှိကြောင်း၊မြန်မာပြည်တွင်
်စားဝတ်နေရေးကြပ်တည်းမှုနှင့်အလုပ်အကိုင်ရှားပါးမှု၊နေ့စဉ်အလုပ်ရှိသည်ဆိုထားဦး၊ရသမျှလုပ်
အားခနှင့်လက်ရှိကုန်ဈေးနှုန်းမမျှတမှုကြောင့်ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မှအများစုနှင့်
အခြားသောပြည်နယ်နှင့်တိုင်းများမှမြန်မာပြည်သားများသည်ထိုင်း-မြန်မာနယ်စပ်ဖုတ်ဖရာ့မြို့ နယ်
သို့ ရောက်ရှိလာကြပြီးတနေ့ လုပ်အားခ(၅၅၊၆၀၊၇၀၊၈၀)စသည့်ထိုင်းနိုင်ငံအလုပ်သမားဥပဒေပါ
လုပ်အားခစံနှုန်းများနှင့်ဆန့် ကျင်စွာလုပ်ကိုင်နေကြရကြောင်း၊အလုပ်သမားလက်မှတ် မရှိကြသဖြင့်အဖမ်းအဆီးနှင့်ပြေးတမ်းလိုက်တမ်းကစားကာရင်တထိတ်ထိတ်ဖြစ်နေကြရကြောင်းဖုတ်ဖရာ့မြို့ နယ်မှစောရဲသွေးကရှင်းလင်းပြောဆိုသည်။
သတင်းမှတ်တမ်း…..မြန်မာပြည်သား
ထိုင်း-မြန်မာနယ်စပ်ဖုတ်ဖရာ့မြို့ နယ်၃၅ကီလိုမီတာကျေးရွာရှိမြန်မာအလုပ်သမားများနေထိုင်

No comments:
Post a Comment