ရှမ်းပြည်နယ် တာချီလိတ်မြို့ တွင်မြို့ နယ်စည်ပင်သာယာရေးဒုတိယညွှန်ကြားရေးမှူးဗိုလ်မှူးကျော်သူ
ကလက်မှတ်ရေးထိုး၍ ဈေးဆိုင်ခန်းများအခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းကြေညာချက်ထုတ်လိုက်သဖြင့်
ဈေးသူ ဈေးသားများအခက်ကြုံနေရကြောင်းသိရှိရသည်။
၂၀၀၈ ခုဒီဇင်ဘာ(၃၀)စာအမှတ် ၃၅၇၁/၂ /၁၀၁ ဖြင့် ဗိုလ်မှူးကျော်သူ လက်မှတ်ရေးထိုး၍
၂၀၀၉ ဇန္န၀ါရီလ
၁ ရက်နေ့မှစ၍တာချီလိတ်မြို့ ပေါ်ရှိဈေးများအားလုံးကိုတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း
ဖေါ်ပြထားသည်။
(၁)ဒီပါကျော်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း
(၂)ဇဗ္ဗူကျော်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း
(၃)အင်ကြင်းဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း
(၄)သဇင်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၅၀၀၀၀ ကျပ် နှုန်း
(၅)ဗေဒါဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၃၀၀၀၀ ကျပ် နှုန်း ထားများ
ဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
တာချီလိတ်မြို့  ဒီပါကျော်ဈေး မှဆိုင်ခန်းပိုင်ရှင် ဦးရွှေအောင် က“၂၀၀၈ ခုဒီဇင်ဘာ(၃၀)စာအမှတ်
၃၅၇၁/၂ /၁၀၁ ဖြင့် ဗိုလ်မှူးကျော်သူ လက်မှတ်ရေးထိုးပြီးစာထုတ်လိုက်တာပါ။ ၂၀၀၉ ဇန္န၀ါရီလ
(၁)ရက်နေကစပြီးသတ်မှတ်မယ်လို့ရေးထားပါတယ်၊အယင်နှစ်တွေတုန်းကကျနော်တို့ဆီမှာ
ဈေးဆိုင်ခန်းတစ်ခန်းကိုတစ်လကျပ်ငွေ၃၀၀၀ထောင်ပဲပေးရပါတယ်..ခုလိုအဆမတန်
ကောက်ခံမယ်ဆိုတော့၊ကိုယ်ပိုင်ဆိုင်ခန်းမရှိတဲ့သူတွေငှားပြီးမရောင်းနိုင်တော့သလို..
ဆိုင်ခန်းပိုင်ရှင်တွေလည်းဆိုင်းတွေကိုပိတ်ကုန်ပါတယ်၊သိန်း ရာ ထောင်ချှီချမ်းသာတဲ့
ဆိုင်ပိုင်ရှင်ကြီးတွေလောက်ပဲဖွင့်တော့တယ်၊လူတွေတော်တော်မကျေမနပ်ဖြစ်နေကြပါ
တယ်။လကုန်ရင်တကယ်ကောက်ခံမလားစောင့်ကြည့်နေကြပါတယ်၊ခုဆိုင်တွေကိုပိတ်
ထားကြပါတယ်”ဟုပြောသည်...
တာချီလိတ်မြို့ တွင်ဈေးဆိုင်ခန်းတစ်ခန်း၏ ငှါးရမ်းခမှာဘတ်ငါးရာမှဘတ် တစ်ထောင့်ငါးရာအတွင်းရှိသည်။
နယ်စပ်မြို့ ဖြစ်သဖြင့်အရာင်းအ၀ယ်ကိုအဓိကထားသောနေရာဖြစ်သဖြင့်အသစ်
ရောက်ရှိလာသော စည်ပင်
အရာရှိက တက်နေသောခေတ်ပေါ်ကုန်ဈေးနှုန်းနှင့်အညီ ယခုကဲ့သို့ ဈေးဆိုင်ခန်းအခွန်အကောက်များကိုတိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်းပြောဆို
သဖြင့် မြို့ သူမြို့ သားများမှာစိတ်သောကောရောက်နေကြကြောင်းဆိုင်ခန်းပိုင်ရှင်
်များကပြောသည်။
မှတ်ချက်(အဆိုပါကြေညာစာရွက်မှာလက်ကိုင်ဖုန်းဖြင့်ဓါတ်ပုံရိုက်၍ပို့ထားသော
်လည်း၊နည်းပညာအခက်အခဲကြောင့်လောလောဆယ်မတင်ပြနိုင်သော်လည်း
ရက်ပိုင်းအတွင်းတင်ပြနိုင်အောင်ကြိုးစားပါမည်)
သတင်းပေးပို့ ....ဘန်ကောက်မှ... ဦးကျော်သောင်း
၂၀၀၉ ဇန္န၀ါရီ ၅

No comments:
Post a Comment