++ ဗမာပြည်
ကမ္ဘာမကြေသမျှ၊ သာကေတ က
ရဲမြဟိန်းညံ၊ စိမ်ခေါ်သံတို့ 
တော်လှန်ရေးရဲ့ တပ်ဦးမှာ။
== မောင်းပြန်သံလား၊ မခြောက်ခြားတဲ့
တရားမဲ့မှု၊ အံတု ရုန်းကြွ
ဖော်ကျူးပြကြောင်း
ပုဇွန်တောင်ချောင်းက
စစ်မောင်းသံတို့  သက်သေတည်။
---- ပုဇွန်တောင်ချောင်းထဲ
သူရဲကောင်းများ၊ မွေးဖွား သန့် စင်
ရှင်သန် ထမြောက်ခဲ့ပါလေ။
*** နယ်ချဲ့  ဆန့် ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး၊ သွေးရာဇ၀င်
သခင်ပေါက်စ ထောင်ခြောက်လ။
Xxx အာဏာရှင် ကျဆုံးရေး
အမိမြေ လွတ်မြောက်ရေး
ဒီမိုကရေစီရေး၊ သွေးမော်ကွန်းများ
ခွပ်ဒေါင်းကျောင်းသား
ထောင် အနှစ် နှစ်ဆယ်။
+++ ‘ ထောင်အပြင်တန်း မရှိ’
‘ အမေရေ ကျွဲမတွေ့ ဘူး’
‘ တစ်ကွေ့  တွေ့ မယ်’
‘ ပေပေါ် တင်ထု၊ ထုချင်ထု’
မီးပေါ် တင်ရှို့ ၊ ရှို့ ချင်ရှို့ 
သံမဏိဓား၊ ကြေမသွားဘူး
နနာထုလေ ဓားကောင်းလေ။
*** ထောင်နံရံက
တော်လှန် ကဗျာ သူပုန်စာ
ရာဇ၀င်မှာ
မဟာမြင့်မြတ် ထွန်းပြောင်ခဲ့။
----- အကျဉ်းထောင်၌
အမှောင်တိုက်သွင်း၊ ရိုက်နှက်ညှဉ်းပမ်း
သေပန်း ဖူးပွင့်စမ်းပါစေ။
+++ နေ
သို့် မဟုတ်
နေ့ 
မတွေ့ ရ ၊
လ
သို့ မဟုတ်
ည
မမြင်ရ ။
Xxx ချုပ်ချယ် ဖိနှိပ်၊ သော့ပိတ် ဟန့် တား
နံရံခြားလည်း၊ အားကောင်း မောင်းသန်
သံမဏိ နှလုံးသား
စွန့် စား စွန့် လွှတ်ခဲ့ကြပြီ။
+++ အကျဉ်းတိုက်၌
မငိုက် ဦးခေါင်း၊ မပြောင်း စိတ်ဓာတ်
မပြတ် ရဲဘော်၊ မချော် သွေးလမ်း
မကမ်း ရန်သူ၊ အောင်လံထူလျက်
နက်ဖန် အရုဏ် ခေတ်သစ်ဆီ။
**** ရဲဘော်ဇော်ဇော်လှိုင်
မင်းခိုင်၊ ငြိမ်းဇော်အောင်
အောင်ဖေခင်၊ နှင်းနှင်းမွှေး
ခွပ်ဒေါင်းသွေးဟေ့
အရေးတော်ပုံအောင်ရမည်။
(မောင်လွမ်းဏီ)
မှတ်ချက်။ ။ ဆရာမောင်လွမ်းဏီရဲ့ သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များ..ကဗျာစာအုပ်မှ.....
.*** သူရဲကောင်းတို့ ရဲ့ ပြတိုက် ***
++ ဗမာပြည်
ကမ္ဘာမကြေသမျှ၊ သာကေတ က
ရဲမြဟိန်းညံ၊ စိမ်ခေါ်သံတို့ 
တော်လှန်ရေးရဲ့ တပ်ဦးမှာ။
== မောင်းပြန်သံလား၊ မခြောက်ခြားတဲ့
တရားမဲ့မှု၊ အံတု ရုန်းကြွ
ဖော်ကျူးပြကြောင်း
ပုဇွန်တောင်ချောင်းက
စစ်မောင်းသံတို့  သက်သေတည်။
---- ပုဇွန်တောင်ချောင်းထဲ
သူရဲကောင်းများ၊ မွေးဖွား သန့် စင်
ရှင်သန် ထမြောက်ခဲ့ပါလေ။
*** နယ်ချဲ့  ဆန့် ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး၊ သွေးရာဇ၀င်
သခင်ပေါက်စ ထောင်ခြောက်လ။
Xxx အာဏာရှင် ကျဆုံးရေး
အမိမြေ လွတ်မြောက်ရေး
ဒီမိုကရေစီရေး၊ သွေးမော်ကွန်းများ
ခွပ်ဒေါင်းကျောင်းသား
ထောင် အနှစ် နှစ်ဆယ်။
+++ ‘ ထောင်အပြင်တန်း မရှိ’
‘ အမေရေ ကျွဲမတွေ့ ဘူး’
‘ တစ်ကွေ့  တွေ့ မယ်’
‘ ပေပေါ် တင်ထု၊ ထုချင်ထု’
မီးပေါ် တင်ရှို့ ၊ ရှို့ ချင်ရှို့ 
သံမဏိဓား၊ ကြေမသွားဘူး
နနာထုလေ ဓားကောင်းလေ။
*** ထောင်နံရံက
တော်လှန် ကဗျာ သူပုန်စာ
ရာဇ၀င်မှာ
မဟာမြင့်မြတ် ထွန်းပြောင်ခဲ့။
----- အကျဉ်းထောင်၌
အမှောင်တိုက်သွင်း၊ ရိုက်နှက်ညှဉ်းပမ်း
သေပန်း ဖူးပွင့်စမ်းပါစေ။
+++ နေ
သို့် မဟုတ်
နေ့ 
မတွေ့ ရ ၊
လ
သို့ မဟုတ်
ည
မမြင်ရ ။
Xxx ချုပ်ချယ် ဖိနှိပ်၊ သော့ပိတ် ဟန့် တား
နံရံခြားလည်း၊ အားကောင်း မောင်းသန်
သံမဏိ နှလုံးသား
စွန့် စား စွန့် လွှတ်ခဲ့ကြပြီ။
+++ အကျဉ်းတိုက်၌
မငိုက် ဦးခေါင်း၊ မပြောင်း စိတ်ဓာတ်
မပြတ် ရဲဘော်၊ မချော် သွေးလမ်း
မကမ်း ရန်သူ၊ အောင်လံထူလျက်
နက်ဖန် အရုဏ် ခေတ်သစ်ဆီ။
**** ရဲဘော်ဇော်ဇော်လှိုင်
မင်းခိုင်၊ ငြိမ်းဇော်အောင်
အောင်ဖေခင်၊ နှင်းနှင်းမွှေး
ခွပ်ဒေါင်းသွေးဟေ့
အရေးတော်ပုံအောင်ရမည်။
(မောင်လွမ်းဏီ)
မှတ်ချက်။ ။ ဆရာမောင်လွမ်းဏီရဲ့ သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များ..ကဗျာစာအုပ်မှ.....


No comments:
Post a Comment