ထိုသို့  ခေါ်ယူတွေ့ ဆုံရာသို့  ... ... ... ...
အလုပ်ရှင်နှင့် အပေါင်းအပါ (၈) ဦး ၊ အလုပ်သမား ကိုယ်စားလှယ် (၁၀) ဦးတို့  အပြင် ထိုင်းရှေ့ နေများကောင်စီ ဥပဒေ အထောက်အကူပြုဌာန LLC မှ ၂ဦး ၊LLC နှင့်တွဲဖက်၍ မြန်မာပြည်သူ များ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ JACBA မှ ၁ဦး တို့ လည်း တက်ရောက်ခဲ့ကြသည် ။ ဆွေးနွေးပွဲတွင် လွန်ခဲ့သော (၁၉- ၁၁- ၂၀၀၈) နေ့ မှစ၍ ဖြစ်ပွားခဲ့ရသော ဟန်ထိုင်း သိုးမွှေး စက်ရုံ၏ အလုပ်သမား ပြဿနာကို ပြန်လည် သုံးသပ်ကြပြီး (အလုပ်သမား ငှားရမ်းမှု ကတိစာချုပ်) ကို အလုပ်သမားများမှ လက်မှတ် ထိုးပေးနိုင်ခြင်း ရှိ - မရှိ အား သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်းဖြစ်သည် ။ အဆိုပါ စာချုပ်တွင် ... ...
(၁) ထိုင်း အစိုးရ၏ ဥပဒေအတိုင်း တနေ့ လုပ်အားခ ၁၅၁ ဘတ် ပေးမည် ။
(၂) အလုပ်လုပ်ရက်သည် တနင်္လာနေ့ မှ စနေနေ့ အထိ တနေ့ လျှင် ၈ နာရီဖြစ်ပြီး တပတ်လျှင် ၆ ရက်လုပ်ရမည် ။
(၃) အလုပ်လုပ်ချိန်မှာ မနက် ၈ နာရီမှ ၁၂ နာရီအထိ ၊ မွန်းလွဲ ၁နာရီမှ ညနေ ၅ နာရီအထိဖြစ်သည် ။
(၄) ရက်သတ္တ တပတ်လျှင် ၁ရက်ပိတ်ပေးမည် ။
(၅) အလုပ်ရှင်သည် အလုပ်သမား စမ်းသပ်ရက်ကို (၁၁၉) ရက်သတ်မှတ်သည် ။ (မှတ်ချက် ... ... အလုပ်သမား အသစ်အတွက်သာ ဖြစ်သည်)
(၆) အမြဲတမ်း အလုပ်သမား သတ်မှတ်ခံရပါက စက်ရုံမှ အလုပ်သမားများ၏ ရပိုင်ခွင့် အတိုင်း စက်ရုံတွင် အလုပ်လုပ်နေစဉ် တလျှောက် ခံစားပိုင်ခွင့် ရှိသည် ။
(၇) စက်ရုံမှ သတ်မှတ်ထားသော နေရာဒေသ ၊ ဌာနများသို့  သွားရောက်လုပ်ကိုင် နိုင်ရမည် ၊၊(အလုပ်သမားနှင့် သင့်တော်သည့် အလုပ်တာဝန်နေရာကို စက်ရုံအတွင်း မည်သည့်နေရာ ဌာနတွင် ပြောင်းလဲ ခိုင်းစေသည်ကို ၇ ရက်အတွင်း ကြိုတင် အကြောင်းကြားပေးမည် ။)
(၈) အလုပ်သမား များသည် လုပ်ငန်းခွင် အတွင်း အလုပ်ခွင် စည်းကမ်းအတိုင်း မိမိ၏ ဆရာ ဆရာမများ ခိုင်းစေမှုကို တသွေမတိမ်း နာခံ၍ အလုပ်များကို မခိုမကပ်ပဲ အပြည့်အ၀ အင်တိုက် အားတိုက် လုပ်ကိုင်ရမည် ။
(၉) အလုပ်သမား များသည် စက်ရုံအတွင်းသို့  အလုပ်သမားဖြစ်စေ ၊ အလုပ်ထွက်သွားသည် ဖြစ်စေ စက်ရုံအ ပေါ်တွင် သစ္စာရှိစွာ စက်ရုံ၏ လျှို့ ဝှက်ချက်များကို အခြားသို့  မပြောပဲ ထိန်းသိမ်းပေးထားရမည် ။
(၁၀) အလုပ်သမားသည် စက်ရုံမှ အလုပ်ထွက်လိုပါက အလုပ်ရှင်ကို တလ ကြိုတင် အကြောင်းကြားရမည် ။ ချက်ချင်း မထွက်ရ ။ အဘယ်ကြောင့် ဆိုသော် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မထိခိုက်စေခြင်းကြောင့် ဖြစ်သည် ။ အလုပ်ရှင်သည် အပြစ်မရှိသော အလုပ်သမားကို အလုပ်ထုတ်လိုပါက အလုပ်သမားထံသို့  တလ ကြိုတင် အကြောင်း ကြားပါမည် ။
(၁၁) စက်ရုံ၏ စည်းမျဉ်း ဥပဒေနှင့် လုပ်ငန်းခွင် စည်းကမ်းချက်များကို ဖတ်ရှု့နားလည် ပြီးသောကြောင့် စည်းကမ်းချက်များအတိုင်း လုပ်ကိုင် ဆောင်ရွက်သွားရန် စက်ရုံမှ လက်ခံပေးသည် ။
(၁၂-က)အလုပ်သမားသည် ဤစာချုပ်ကို ဖတ်ရှု ပြီး အမြဲတမ်း နားလည်သွားပြီ ဖြစ်သည် ။
(၁၂-ခ) ဤစာချုပ်ကို မဖတ်ရှုတတ်ခြင်း ၊ သဘောပေါက်ခြင်း မရှိပါက ဘာသာပြန်မှ လာရောက် ဖြေရှင်းပြီး သဘောပေါက်လျှင် လက်မှတ်ထိုးစေပါမည် ။
(၁၃) ဤစာချုပ်သည် အလုပ်သမားအားလုံး တပြေးညီ သတ်မှတ်ထားသည် ။
*** ဤစာချုပ် အကြုံးဝင်သော နေ့ သည် ... ... ... ... .. . ... ... နေ့  ဖြစ်သည် ။
အလုပ်ရှင်လက်မှတ် ... ... ... ... ... ...
(စက်ရုံကိုယ်စား)
အလုပ်သမားလက်မှတ်... ... ... ... ....
မန်နေဂျာလက်မှတ် ... ... ... ... ... ...
လူမှုရေးတာဝန်ခံလက်မှတ် ... ... ... ... .. .... . .
(အလုပ်သမား ပြဿနာ ဖြစ်ပွားပုံ အကျဉ်း)
ဟန်ထိုင်းသိုးမွှေးစက်ရုံသည် ၁၉-၁၁-၂၀၀၈ နေ့ မှစ၍ အလုပ်သမား ပြဿနာပေါ်ပေါက်ခဲ့ပြီး စက်ရုံရှိ မြန်မာ အလုပ်သမား အားလုံး အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြသည် ။ ၂၅-၁၁-၂၀၀၈ နေ့ တွင် စက်ရုံ မန်နေဂျာမှ (ဆ၀ါဒီကန်) ရုံး နှင့် ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြု ဌာန LLC အပါအ၀င် အဖွဲ့ အစည်းများ အားခေါ်ယူ၍ အခြေအနေကို ရှင်းပြခဲ့သည် ။ ထို့ နောက် အဆိုပါ အဖွဲ့ အစည်းများရှေ့ မှောက်တွင် ၁-၁၂-၂၀၀၈ နေ့ ၌ အလုပ်သမားရပိုင်ခွင့် ဥပဒေ အတိုင်း စာချုပ်ချုပ်ဆိုပါမည်ဟု ၀န်ခံကတိပေးခဲ့သည် ။ ၂၇-၁၁-၂၀၀၈ နေ့  တွင် စက်ရုံပိုင်ရှင် (ထိုင်ဝမ်အလုပ်ရှင်) ရောက်လာပြီး အလုပ်သမား ရပိုင်ခွင့် ဥပဒေအတိုင်း ပေးပါမည် ။ အဆောင် စရိတ် ၅၀ဘတ် ၊ ထမင်း စရိတ် ၁၂ ဘတ် နေ့ စဉ်ဖြတ်မည် ။ အချိန်ပို အလုပ်မရှိသော နေ့ တွင် ထမင်း စရိတ်ပဲ ဖြတ်ပြီး အဆောင်တွင် နေထိုင်ခွင့်ပြုမည် ။ ထိုကတိအတိုင်း ၁-၁-၂၀၀၉ နေ့ တွင် စာချုပ် ချုပ်ဆို ပါမည်ဟု ကတိပြုပြီး အထ မမြောက်ခဲ့ချေ ။ ၃-၁-၂၀၀၉ နေ့ တွင် စက်ရုံမှ အလုပ်သမားများအား ဥပဒေအတိုင်း ပေးမည် ။ အလုပ်သမားများကိုမူ ထမင်း မကျွေးတော့ပဲ မိမိ အစီအစဉ်ဖြင့် ပြင်ပတွင် နေထိုင်ရမည်ဟု ပြောကြား ခဲ့သည် ။
သို့ ဖြစ်၍ (ဆ၀ါဒီကန်) ရုံးမှ တာဝန်ရှိ လူကြီးများသည် LLC ရုံးမှ ရှေ့ နေနှင့် ယင်း၏ တွဲဖက် မြန်မာ ရှေ့ နေ အထောက်အကူ အချို့ ကို ခေါ်ဆိုပြီးအကူအညီ ရယူကာ ယနေ့  မွန်းလွဲ ပိုင်းမှ ညနေ ပိုင်း အထိ အလုပ်ရှင်နှင့် အလုပ်သ မား စေ့စပ် ဖြန်ဖြေရေး အက်ဥပဒေ BE2518 (1975) Act; အတိုင်း သုံးပွင့်ဆိုင် စေ့စပ် ဖြန်ဖြေ ပေးခဲ့ ခြင်းဖြစ်သည် ။ ယနေ့ ၏ နောက်ဆုံး ဆုံးဖြတ်ချက်မှာ(ဥပဒေ အတိုင်း အလုပ်ရှင်မှ တနေ့ လျှင် ၁၅၁ ဘတ်ပေးမည် ။ သို့ သော် အလုပ်သမားများသည် စက်ရုံအတွင်း မနေထိုင်ရ ၊ စက်ရုံအတွင်းမှာ နေလျှင် ယခင် ဒါဇင်ဈေးအတိုင်း ပေးမည် ။ ဘာမှ မဖြတ်ပါ ။ ဒီကနေ့  အလုပ်သမား ကိုယ်စားလှယ် ၁၀ ဦးသည် ကျန်ခဲ့သော အခြားလက်မှတ် ထိုးထားသူ ၄၅၁ ယောက်အား အပြင်မှာ နေရန် မစည်းရုံးရ ။ ၄င်းတို့  သဘောအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ပါစေ ။ အခု စာချုပ်ကို အလျင်အမြန် လက်မှတ် ထိုးပါမှ အထည်အော်ဒါများ ရောက်လာ မည် ။ ကျန်ခဲ့သူ အလုပ်သမား အများစု၏ စားဝတ်နေရေးကို ထောက်ထား၍ အမြန်လက်မှတ်ထိုးပါ ဟု စကား အစက စားပွဲခုံကို လက်ဝါးဖြင့် ရိုက်၍ မာမာတင်းတင်း ပြောခဲ့သော ဇာတ်လိုက်ကျော် ကိုရွှေ ကိုမျိုး အလုပ်ရှင်သည် စကား ဆုံးခါနီးတွင် သူ့ လောက်ပျော့ပြောင်းသူ မရှိတော့လောက်အောင် ကြောင်ချေး သဏ္ဍာန် ဟန်ပန် အပြည့်ဖြင့် ပြောဆို တင်ပြသွားသည်ကို တွေ့ ရသည် ။ (ဆ၀ါဒီကန်) ရုံးမှ တာဝန်ရှိလူကြီးကလည်း အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ကို ဘာကြောင့် အလျင်အမြန် ချုပ်ဆိုချင်တာလဲ .. .. .. ..
အလုပ်ရှင်က အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းကြောင့် အော်ဒါရှင်တွေက အော်ဒါမပေးတာ ဖြစ်ကြောင်း ၊ အော်ဒါရရန် ဆုံးဖြတ်ချက်မှာ အလုပ်ရှင်မှ ပေးထားသော ၁၅ ရက်အတွင်း စဉ်းစား ဆုံးဖြတ်ရန် အလုပ်သမားများကို ချည်း ဖိအား မပေးပဲ အလုပ်ရှင်ဘက်မှလည်း စာနာ ထောက်ထားရန်လိုကြောင်း ၊ ယခု သဘောတူ စာချုပ်မှာ မိမိတို့  (ဆ၀ါဒီကန်) ရုံးချည်းဘဲ ရေးသား စီစဉ်ခြင်း မဟုတ်ဘဲ LLC ရုံး အထောက်အကူ အများကြီးပါဝင်ပါကြောင်း) ၊ ပြောဆိုသွားသည် ။ လူမှုရေး တာဝန်ခံမှလည်း (၁၅ ရက်အတွင်း စက်ရုံထဲတွင် နေ ထိုင်နိုင်သည် ။ သို့ သော် ကျသင့်သော ရေခ, မီးခ , အဆောင်ခ ဖြတ်တောက်မည် ။ ထမင်းတော့ မကျွေးပါ ။ ဤစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုလိုပါက ၁၅ ရက်အတွင်း ပြုလုပ်နိုင်သည် ။ ယခုလာသူ ၁၀ ဦးမှ ကျန်ခဲ့သော အခြား လက်မှတ်ထိုးထားသူ ၄၅၁ ဦးတို့ အား မစည်းရုံး စေလိုပါ ။ အမြန်ဆုံး အော်ဒါ ပြန်လည်ရရှိ ရေးနှင့် အဆင်ပြေစေရေး အတွက် အငြိုးအတေး မထားဘဲ ဒီစကားများ ဒီတွင် ပြီးကြပါ ဟူ၍ ပြောဆိုသွားသည် ။ အလုပ်သမားများမှ အချက် (၈ ) ဖြစ်သော ဆရာ ဆရာမများ ရိုင်းစိုင်းစွာ ဆက်ဆံ သည်ကို မြန်မာ ပြည်သားအချင်းချင်း အခံရ ခက်ကြောင်း ဦးစားပေး ပြောဆိုသွားပြီး ဥပဒေအတိုင်း မည်သို့  တောင်းဆိုရမည်ကို ထိုင်းရှေ့ နေများ ကောင်စီ နှင့် မြန်မာ ရှေ့ နေ အထောက်အကူ ပြု အဖွဲ့ များ ၏ ရှေ့ ပိုင်း ရက်များအတွင်း သင်ကြားချက်များကို လက်တွေ့ ကျကျ ဥပဒေဘောင်ဝင်အောင် မပြောဆို နိုင်ဘဲ အလုပ်ရှင်မှ စားပွဲခုံကို လက်ဝါး ဖြင့် ရိုက်ကာ ပြောဆိုရာတွင် မကန့် ကွက်ဝံ့ ကြသည်ကို မြင်ရသည် ။
သတင်းမှတ်တမ်း - မြန်မာပြည်သား အဖွဲ့ 
ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့  မယ်ကုကျေးရွာ အမှတ်(၇) ရပ်ကွက်ရှိ ဟန်ထိုင်း သိုးမွှေး စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် (၁၀)ဦးနှင့် ထိုင်ဝမ် အလုပ်ရှင်၏ ကိုယ်စားလှယ် (၈) ဦးတို့ အား မဲဆောက်မြို့  အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ဌာန (ဆ၀ဒီကန်) ရုံး တာဝန်ရှိသူများမှ ယနေ့  (ဇန်န၀ါရီလ ၈ ရက်) နေ့  မွန်းလွဲ (၁)နာရီမှ ညနေ(၃း၃၀) နာရီအထိ ခေါ်ယူတွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာ ပြည်သားမှ ကွင်းဆင်း သတင်း ရရှိသည် ။

No comments:
Post a Comment