လက်ဦးဆရာ… မိမာတာက
သင့်စွာရွယ်ချိန် … ကျောင်းနေချိန်တွင်
ကြားမြင်ပညာ … သင်ပါလေရာ မြတ်ဆရာ…
လောဓါတ်ပညာ
နှံစပ်သိမြင်…ကျွမ်းဝင်ရှိဖို့ 
ကိုယ့်မှာသိခြင်း … မကျန်ကြွင်းအောင်
သင်ကြားပြသ … ဆရာဘဝ
ဆရာဝန်တာ … ၀တ်ငါးဖြာကို
ပြည့်စုံစေတတ်… ဆရာမြတ်… … …
ဆရာသင်ကြား… အရာများဖြင့်
မှန် မှားချင့်ချိန် … ဝေဖန်ထောက်ရှု
လုံ့လပြုသော်… လူကောင်းလူတော်
ဖြစ်ပေါ်လာ၏… ……
ဇရာလွန်ညောင်း…အရွယ်ပြောင်းသော်
လောကုတ္တရာ… သိဝေဖြာဘို့ 
ဆရာတဖန်… ရှိပြန်ရာ၏ … … …
ဆရာမရှိ …နည်းမသိဟု
ပြောကြအစဉ်…လောကခွင်၌
ဆရာများစွာ… မရှိပါမူ
အမှောင်ပိတ်ပင်း … ထားဘိခြင်း…သို့ …
မင်းမြတ်သူ (Sky Blue School မဲဆောက်- အမှိုက်ပုံ မူလတန်းကျောင်း)
မှတ်ချက် … … …ဇန်န၀ါရီလ .(၅-၆- ၇) ရက်နေ့  များတွင် ထိုင်း - မြန်မာနယ်စပ် တနေရာ၌ ကျင်းပသော အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ၏ ပညာရေး နှီးနှောဖလှယ်ပွဲကို ဂုဏ်ပြုသောအားဖြင့် … …
လူသားဘ၀ … အူဝဲမှသည်

No comments:
Post a Comment