ညတာရှည်တဲ့ဆောင်း
ပြက္ခဒိန် တရွက်ဟောင်းပြန်ပြီ… …
မိုးမခပင်တွေက
ရွက်နုပွင့်စ … … စိမ်းဆတ် လင်းမြ
စမ်းကျ ဂီတ … … လရောင်ယှက်ပြေး
လေနုအေးက နော့ဆဲကို … …
သေနတ်ပြောင်းတွေ
ရေခဲ
ခြေဖ၀ါးတွေ
ကြေကွဲ
ရှေ့  မြင်ကွင်း … … ကျဉ်းမြောင်း မှောင်မည်း
ငိုက်မျဉ်းနေတဲ့တောအုပ် … …
သူ
အံကြိတ်လိုက်
လက်သီးဆုပ်လိုက်နဲ့ 
မျက်နှာပေါ်မှာ
တီဗွီကြော်ငြာ ရိုက်ချက်တွေ
သော့ပြေး
တဖြည်းဖြည်း
မချိပြုံးလေး ပြုံးမိပြန်ရော … …
တရံရောအခါက
မြို့ ပြဆောင်းဟာ
ရေကြည်အိုင် အကြောင်း
ကောင်းကောင်းကြီးပြောပြခဲ့ဖူးတယ်… …
(မောင်လွမ်းဏီ)
နှင်းနဲ့ မွှေးရီ
ညတာရှည်တဲ့ဆောင်း
ပြက္ခဒိန် တရွက်ဟောင်းပြန်ပြီ… …
မိုးမခပင်တွေက
ရွက်နုပွင့်စ … … စိမ်းဆတ် လင်းမြ
စမ်းကျ ဂီတ … … လရောင်ယှက်ပြေး
လေနုအေးက နော့ဆဲကို … …
သေနတ်ပြောင်းတွေ
ရေခဲ
ခြေဖ၀ါးတွေ
ကြေကွဲ
ရှေ့  မြင်ကွင်း … … ကျဉ်းမြောင်း မှောင်မည်း
ငိုက်မျဉ်းနေတဲ့တောအုပ် … …
သူ
အံကြိတ်လိုက်
လက်သီးဆုပ်လိုက်နဲ့ 
မျက်နှာပေါ်မှာ
တီဗွီကြော်ငြာ ရိုက်ချက်တွေ
သော့ပြေး
တဖြည်းဖြည်း
မချိပြုံးလေး ပြုံးမိပြန်ရော … …
တရံရောအခါက
မြို့ ပြဆောင်းဟာ
ရေကြည်အိုင် အကြောင်း
ကောင်းကောင်းကြီးပြောပြခဲ့ဖူးတယ်… …
(မောင်လွမ်းဏီ)
No comments:
Post a Comment