ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 2, 2009

2Feb,09... “အားလုံးကျေးဇူးတင်ကြမှာပါ”

> ကျနော်မြန်မာနိုင်ငံတွင်းမှာ ရှိနေစဉ်တုန်း ၁၉၉၀ ခုနှစ်လောက်က မှတ်မှတ်ရ ကျနော်မိတ်ဆွေ နေထိုင်ရာ
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ဇင်ချောင်း စံပြရွာကို အလည်တစ်ခါ သွားရောက်ခဲ့ပါတယ်။ကျနော်မိတ်ဆွေ
ဟာ ရေဒီယိုအသံလွှင့်အစီအစဉ်က မနက်ရော နေ့လည်ရော ညနေတွေမှာ မလွတ်တမ်း အမြဲတမ်းနားဆင်
သူတစ်ယောက်ဖြစ်ပါတယ်။

ကျနော်သူ့အိမ်မှာ နေ့လည်စာစားပြီး စကားစမည်းပြောနေကြစဉ်မှာ မြန်မာ့အသံက သတင်းခေါင်းကြီးအစီ
အစီအစဉ်ထုတ်လွှင့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတိုက်ခိုက်ပုတ်ခတ်တဲ့အသုံးအနှုန်းပါလာပါတယ်။
ဘာပြောကောင်းမလဲဗျာ ဆက်တီ စားပွဲပေါ်မှာ တင်ထားတဲ့ ကစလ ထုတ် ဓါတ်ခဲကြီးလေးလုံး ထိုး နေရှင်နယ်ရေဒီယိုကြီးကိုဆဲပြီးတော့ကန်ချလိုက်တော့တယ်။
ဘာဖြစ်လို့ကန်ချလိုက်တာလဲဆိုတော့ တိုင်းပြည်နဲ့အဖိနှိပ်ခံမြန်မာပြည်သူတွေအတွက် သေခါနီးလင်
ယောက်ျားက တွေ့ချင်လို့မှာတာကိုမသွား ၀မ်းနဲ့လွယ်မွေးခဲ့တဲ့သားငယ်နှစ်ယောက်ကို စွန့်ခွာပြီ မိန်းမသား
တန်မဲ့ပေးဆပ်အနစ်နာခံ နေတာကိုမထောက်ထားပဲ သူတို့မလိုရင် မလိုသလိုပြောနေတာခံပြင်းလို့ပါတဲ့။
နောက်ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်တစ်ခု အဲဒီနေ့ကဖြစ်တာတစ်ခုရှိပါသေးတယ်။
ဇင်ချောင်း ဆိုတာ ဘင်္ဂလားပင်လယ်အနားမှာ တည်ရှိတာကြောင့် မိုးရာသီကုန်တာနဲ့ ဒေသအသီသီးက
ရေလုပ်ငန်းရှင်းတွေ ငါးပုဇွန် လုပ်ငန်းလာလုပ်ကြတဲ့ စီးပွားရေးကောင်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ စီးပွားရေး
ကောင်းတာကြောင့်စားသောက်ဆိုင်တွေ။ဗွီဒီယိုရုံတွေတော်တော်များများရှိပါတယ်။ကာရာအိုကေဆိုင်တွေ
သီးခြားမရှိပေမယ့် ဇါတ်ကားတွေမပြခင်နဲ့ ဇါတ်ကားတွေပြပြီးရင် သီချင်းတွေကို ပျော်ပျော်ပါးပါးဆိုတတ်
ကြပါတယ်။
အဲဒီမှာ ရေလုပ်သားတစ်ဦးက စီဒီခွေတွေမှာသီချင်းတွေကိုမရောက်ခင် ထုံးစံအတိုင်း ဒို့တာဝန်အရေး ၁၂ ပါး
ကပေါ်လာပါတယ်။အဲဒါကိုလိုက်ပြီးတော့ဆိုလိုက်ပါတော့တယ်။သိပ်မကြာပါဘူး ရဲတွေ ရောက်လာပြီးရိုက်နှက်
ခေါ်ယူသွားပါတော့တယ်။အဲဒီရေလုပ်သားကို ထောင်ဒဏ် ၆ လချလိုက်တယ်လို့သိရပါတယ်။
ဒီဆောင်းပါးကိုရေရခြင်းရည်ရွယ်ချက်က ပြည်တွင်းမှာ စအုပ်ပဲထုတ်ထုတ်၊စီဒီခွေပဲထုတ်ထုတ် နိုင်ငံရေး ဦးတည်
ချက် ၁၂ ရပ် ကို အပါမနေရထည့်ရပါတယ်။ မထည့်ရင်မထုတ်ဝေရဒါကြောင့်ထည်ရတယ်ထားအုံး ။ပြည်ပမှာခွေတွေ
ကူးပြီးဖြန့်ဝေတဲ့ ကွန်ပျူတာ ခွေကူးသူတွေကို အထူးမေတ္တာရပ်ခံချင်ပါတယ်။ အဲဒီ မဟုတ်တာ ၁၂ ရပ် ကိုဖယ်
ထုတ်ပြီး ခွေကူးကြပါ။အချိန်ကုန် အလုပ်ရှုပ်ပြီးစိတ်ညစ်ရလွန်းလို့ပါဗျာ။ နောင်ကြီးတို့မဖြစ်နေဖျက်ပြီးမှ ကူးကြပါ
လို့တိုက်တွန်းချင်ပါတယ်။အားလုံး ကျေးဇူးတင်ကြမှာပါ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာလုံးဝတတ်မြောက်ခွင့် သင်ကြားခွင့် မရှိခဲ့တဲ့ လူတွေ တော်တော်များများတို့ဟာ
ကွန်ပျူတာနည်းပညာတွေ အဆင့်မြင့်မြင့်တတ်မြောက်ထားကြပြီ ဆိုတာကို ၀မ်းသာဖွယ်ရာတွေ့ရှိရပါတယ်။
ပြည်ပမှာ ကွန်ပျူတာ ကိုဝါသနာရှိရင် သာမန်အလုပ်သမားပေမယ့်ဝယ်ယူနိုင်ပါတယ်။တတ်မြောက်နိုင်ပါတယ်။
လက်စွမ်းထက်ထက်နဲ့ နည်းပညာတွေပြနေကြတာတွေကိုလည်းဘလော့တွေ ၀က်ဘ်ဆိုဒ်တွေကိုကြည့်ရင်သိ
နိုင်ပါတယ်။ ရွှေမြန်မာတွေမညံ့ကြပါဘူး။ တော်ကြပါတယ်။
ထိုင်းနိုင်ငံကလေးတွေ ထိုင်းစာကိုဖတ်တတ်တာနဲ့ကွန်ပြူတာ ကိုကိုင်တွယ်တတ်ကုန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်ထိုင်းဘာသာနဲ့ အကုန်ရေး
လို့ဖတ်လို့ရအောင် ကွန်ပြူတာ ဆော့ဖ်ဝေ့ တွေထည့်သွင်းထားလို့ဖြစ်ပါတယ်။မြန်မာအလုပ်သမားအများစုတွေ
ဟာ အင်္ဂလိပ်စာ နဲ့စကားကိုမတတ်မြောက်ကြပေမယ့်၊ မြန်မာစာကိုတော့လူတိုင်းနီးပါးတတ်မြောက်ကြသူတွေ
ဖြစ်ပါတယ်။ ဒီရွေ့ ပြောင်းအလုပ်သမားတွေတတ်ချင်ကြပါတယ်။ဒါပေမယ့် ကွန်ပြူတာပညာက အင်္ဂလိပ်လိုအသင့်
အတင့်တတ်သူ
မှနားလည်းနိုင်တာကြောင့် တော်တော်လက်လှမ်းမမှီဖြစ်နေကြရပါတယ်။
မြန်မာဘာသာနဲ့ ဖွင်ပါ၊ပိတ်ပါ၊၀င်ပါ၊ထွက်ပါ၊စက်ထဲမှာတတ်ဆင်လိုက်ပါ။အမှိုက်ပုံးထဲထည့်လိုက်ပါ။မှတ်ထားပါ
လွပ်ကင်းတဲ့နေရာကိုပြောင်းလိုက်ပါ။ကူးယူဖို့အတွက် ဘာလုပ်လိုက်ပါ။အစရှိသဖြင့် ရှိနေရင်တော့ မြန်မာ ၁၀၀
မှာ ၉၀ လောက်ကွန်ပြူတာကိုအသုံးပြုတတ်သူတွေဖြစ်သွားကြမယ်ထင်ပါတယ်။
ကွန်ပြူတာ နည်းပညာကိုအဆင့်မြင့်မြင့်တတ်မြောက်ထားတဲ့မြန်မာကွန်ပြူတာပညာရှင်တွေကသာ မြန်မာဘာ
သာနဲ့အသုံးပြုလို့ရအောင် တီထွင်ပေးကြပါရင် မြန်မာတွေ အားလုံးတတ်မြောက်ပြီး ကမ္ဘာမှာအောက်ကျ နောက်ကျဖြစ်နေတဲ့မြန်မာနိုင်ငံတော်ကြီးအတွက်အကျိုးကျေးဇူးများမှာပါ။အားလုံးကျေးဇူးတင်ကြမှာပါ။

ပေးပို့ သူ....ဦးကျော်သောင်း (၂.၂.၂၀၀၉)

ကျနော်မြန်မာနိုင်ငံတွင်းမှာ ရှိနေစဉ်တုန်း ၁၉၉၀ ခုနှစ်လောက်က မှတ်မှတ်ရ ကျနော်မိတ်ဆွေ နေထိုင်ရာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)