ချစ်သူ့ မျက်နှာ
မြင်ချင် ပါလည်း
အော်ကာ ဟစ်ကာ
တောင်းလာ အစဉ်
အကြွေးရှင် မျက်နှာ
ပေါ်လာ အခိုက်
မောဟိုက် ပင်ပန်း
စိတ် မချမ်းမြေ့ခဲ့…။
Xxx ညစဉ် အိပ်မက်
ချစ်သူ့ မျက်နှာ
မြင်ချင် ပါလည်း
ဆူဆဲ ကာသာ
သူခိုင်း လာတတ်
အလုပ်ကြပ် မျက်နှာ
ပေါ်လာ အခိုက်
မောဟိုက် ပင်ပန်း
စိတ်မချမ်းမြေ့ခဲ့…။
Xxx ယနေ့ ညသော်
ပေါ်လာလေပေါ့
သင်ဇာဝင့်ကျော်… ကိုကိုနော်တဲ့
အ၀တ်လျှော်မှာ… ချောရတနာတဲ့
ဂျီးတွန်းရင်း တဟင့်ဟင့်… သက်မွန်မြင့်တဲ့
အကဲပိုတဟင်းဟင်း… ပုလဲဝင်းတဲ့
ဒင်းကလေးတွေနဲ့ ကျနော်
ပျော်လို့ကောင်းတုန်း
တဒုံးဒုံးသံကြား
ခွေးမသားထကွ
အလုပ်တက်ရမယ်တဲ့
ဝဏ္ဏ ခေါ်သံ
ငှက်ဆိုးသံအလား
သွားပါလေတော့ မချောတွေရယ်…။
(၀ဏ္ဏ- ထိုင်းတို့အခေါ် အလုပ်ကြပ်)
ပေးပို့သူ… အော်ဂျက်(မဟာချိုင်)
Xxx ညစဉ် အိပ်မက်
ချစ်သူ့ မျက်နှာ
မြင်ချင် ပါလည်း
အော်ကာ ဟစ်ကာ
တောင်းလာ အစဉ်
အကြွေးရှင် မျက်နှာ
ပေါ်လာ အခိုက်
မောဟိုက် ပင်ပန်း
စိတ် မချမ်းမြေ့ခဲ့…။
Xxx ညစဉ် အိပ်မက်
ချစ်သူ့ မျက်နှာ
မြင်ချင် ပါလည်း
ဆူဆဲ ကာသာ
သူခိုင်း လာတတ်
အလုပ်ကြပ် မျက်နှာ
ပေါ်လာ အခိုက်
မောဟိုက် ပင်ပန်း
စိတ်မချမ်းမြေ့ခဲ့…။
Xxx ယနေ့ ညသော်
ပေါ်လာလေပေါ့
သင်ဇာဝင့်ကျော်… ကိုကိုနော်တဲ့
အ၀တ်လျှော်မှာ… ချောရတနာတဲ့
ဂျီးတွန်းရင်း တဟင့်ဟင့်… သက်မွန်မြင့်တဲ့
အကဲပိုတဟင်းဟင်း… ပုလဲဝင်းတဲ့
ဒင်းကလေးတွေနဲ့ ကျနော်
ပျော်လို့ကောင်းတုန်း
တဒုံးဒုံးသံကြား
ခွေးမသားထကွ
အလုပ်တက်ရမယ်တဲ့
ဝဏ္ဏ ခေါ်သံ
ငှက်ဆိုးသံအလား
သွားပါလေတော့ မချောတွေရယ်…။
(၀ဏ္ဏ- ထိုင်းတို့အခေါ် အလုပ်ကြပ်)
ပေးပို့သူ… အော်ဂျက်(မဟာချိုင်)
No comments:
Post a Comment