**လက်ဖက်ရည်ပုံမှန်သောက်သုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေလျော့ကျဟုဆို **
တစ်နေ့လျင် လက်ဖက်ရည် (၃)ခွက်မျှ ပုံမှန်သောက်သုံးသည့် အမျိုးသမီးများတွင်
ရင်သားကင်ဆာ ဖြစ်နိုင်ခြေမှာ သိသိသာသာ လျော့ကျသွားကြောင်း သိရှိရသည်။
အသက်(၅၀)အောက် အမျိုးသမီးများအနေနှင့် တစ်နေ့အနည်းဆုံး လက်ဖက်ရည်
(၃)ခွက် သောက်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို (၃၇)ရာခိုင်နှုန်းထိ
လျှော့ချပေးလိုက်သည်ကို တွေ့ရှိရကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊
တမ်ပါမြို့ရှိ Moffittကင်ဆာ သုတေသနအသင်းမှ ဒေါက်တာနာဂီကူးမားက ပြောကြား
ခဲ့သည်။ ၎င်းသည် အသက်(၂၀)နှစ်နှင့် (၇၄)နှစ်ကြား အမျိုးသမီး (၅၀၀၀)တို့အား
သုတေသနပြုလုပ်ပြီး လက်ဖက်ရည်နှင့် ရင်သားကင်ဆာ ဆက်စပ်မှုကို အသေးစိတ်
လေ့လာခဲ့သည်။
အမျိုးသမီးများ၏ နေထိုင်မှုပုံစံနှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မှတ်တမ်းတင်ထား
သည့် ရာဇ၀င်များကို အသေးစိတ် လေ့လာခဲ့ပြီးနောက် လက်ဖက်ရည်များများ သောက်
သုံးသည့် အမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်နိုင်သော အကြိတ်တည်မှု ပမာဏသည်
သာမန်ထက် များစွာ လျော့နည်းသွားကြောင်း အတည်ပြုခဲ့သည်။ ရင်သားအတွင်းဘက်ရှိ
ကြွက်သားအ၀ိုက်များအတွင်း အဖြစ်များပြီး ရုတ်တရက် ထောက်လှမ်းသိရှိရန် ခက်ခဲသော
Lobularခေါ် ကင်ဆာအမျိုးအစားအတွက် လက်ဖက်ရည် သောက်သုံးခြင်းက အလွန်ထိ
ရောက်စွာ အကျိုးပြုကြောင်း၊ အမျိုးသမီး ငယ်ငယ်ရွယ်ရွယ်များတွင် အဖြစ်များတတ်သည့်
Lobularကင်ဆာကို တိုက်ဖျက်နိုင်ရန် လက်ဖက်ရည်ကို များများစားစား သောက်သုံးပေး
သင့်ကြောင်း သုတေသီများက တိုက်တွန်းခဲ့သည်။ ထို့အပြင် ကမ္ဘာတလွှားရှိ အမျိုးသမီး
ထုကို ခြိမ်းခြောက်နေသည့် ရင်သားကင်ဆာ၏ဘေးရန်ကို တားဆီးနိုင်ရန် လက်ဖက်ရည်
သောက်သုံးသင့်ကြောင်း ကျန်းမာရေး နှိုးဆော်မှုများ ပြုလုပ်သွားရန် ပြင်ဆင်ထားသည်ဟု
ဒေါက်တာကူးမားက ထုတ်ဖော်ပြောဆိုသွားသည်။
(အင်တာနက်သတင်း)
Public Health

No comments:
Post a Comment