အင်္ဂလန်လက်ရွေးစင်နှင့်ချဲလ်ဆီးကလပ်ကစားသမားဖြစ်သူအက်ရှ်လေကိုးလ်သည်၎င်း၏မိန်းမနှင့်
ပြန်လည်သင့်မြတ်ပြီးနောက်သူမပျော်ရွှင်စေရန်အတွက်တစ်စုံတခုလုပ်ပေးဖို့ အလွန်စိတ်အားထက်
သန်နေသည်။
ချစ်သူများနေ့ ကြုံလာသောအခါဇနီးအတွက်ချစ်သူဘ၀အမှတ်တရစေရန်လက်ဆောင်ပေးဖို့ ဆုံးဖြတ်
လိုက်သည်။သို့ ရာတွင်မည်သည့်လက်ဆောင်ပေးရမှန်းမသိ၍မိတ်ဆွေဖြစ်သူထံအကြံဥာဏ်တောင်းရာ
၎င်း၏မိတ်ဆွေက``ဒါဆိုရင်လွယ်ပါတယ်။အချစ်အတွက်တစ်နာရီလို့ ပို့ စ်ကတ်ပေါ်မှာရေးပြီးသူ့ ကိုပေး
လိုက်ပေါ့။သူစိတ်တိုင်းကျမင်းတစ်နာရီဖြည့်ပေးလိုက်။ဒါဆိုပြီးပြီ´´ဟုအကြံပေးလိုက်သည်။နောက်တနေ့ 
တွင်အက်ရှ်လေကိုးအား၎င်း၏မိတ်ဆွေက``ဘယ်လိုလဲငါပေးတဲ့အကြံကအဆေင်ပြေရဲ့ လား။သူသိပ်ပျော်
သွားတယ်မဟုတ်လား´´ထိုအခါအက်ရှ်လေကိုးလ်က၀မ်းသာအားရဖြင့်``ဟား....ပျော်သွားတာပေါ့ကွာ။
ငါ့ကိုအနမ်း(၂)ခါလောက်ပေးတယ်။တစ်နာရီကြာရင်ပြန်လာမယ်ဆိုပြီးဘေးအိမ်ကငါ့သူငယ်ချင်းဆီဝမ်းသာ
အားရသွားတယ်ကွ။ဟေး........ထူးဆန်းတယ်နော်´´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ..............။
***အချစ်အတွက်တစ်နာရီ***

No comments:
Post a Comment