နာဂစ်ဆိုင်ကလုန်ဒဏ်ခံရသည့် မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခ သည်တွေ အပေါ် မြန်မာစစ်အစိုးရ ပြုမူခဲ့ခြင်းနှင့် ပတ်သက် ပြီး လူသားချင်းစာ နာထောက်ထားထောက်မှု ကင်းမဲ့ခြင်း လုပ်ရပ်တွေကို စာတမ်းပြု စုပြီးယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်း ထောက် များ ကလပ်မှာထုတ်ပြန်ခဲ့သည်။ နာဂစ်အပြီး မြစ်ဝကျွန်း ပေါ်ကအ သံများ ဟုအမည်ပေးထားသော(After the storm: Voices from the Delta) စာမျက်နှာ ရ၈ မျက်နှာစာတမ်းကို ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ ကျမ္မာရေးဌာနနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရေးပေါ်ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)တို့ ပူးပေါင်း ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် သဘာဝဘေးအန္ဒရယ် ကိုပြည်သူများသိအောင် အသိမပေးခဲ့ခြင်း။ ပြည်တွင်း၊ ပြည်ပမှအလှူရှင်များပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်တို့ အလွဲသုံးစားလုပ်ခြင်း။လယ်ယာမြေများအား သိမ်းယူခြင်းများနှင့်လူ့အခွင့်အရေးချိုးဖေါက်မှုများအပါအ၀င် ပြည်တွင်းမှာကယ်ဆယ်ရေး လုပ်နေကြသောစေတနာ့ဝန်ထမ်းများအားမတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းများကို သက်သေထွက်ဆိုချက်အမြောက်အများတို့ဖြင့် ရေးသားဖေါ်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်အရေးပေါ် ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)မှဥက္ကဌ ဆရာမ ဒေါက်တာ-စင်သီယာမောင် က “နာဂစ်ကြောင့်ရယ်လို့ သီးခြားရောဂါတစ်မျိုးမျိုးနဲ့ နယ်စပ်ကိုရောက်လာတာမရှိပေမယ့် အထူးသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိပ်လန့်မှုတွေ၊ အထူးသဖြင့်မိဘတွေမရှိတော့ တဲ့ကလေးတွေရဲ့ ကျမ္မာရေး၊ပညာရေးအနာဂတ်အရေးတွေဟာအထူးစိုးရိမ်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေပြန်လည်ထူးထောင်ရေးဟာလည်း ခုထိ နာလန်မထူနိုင်သေးတော့ အတော့်ကိုစိုးရိမ် စရာကောင်းပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ မတရားသဖြင့် ဖမ်းဆီးထောင်ချလိုက်တာတွေဟာ အလွန်ရက်စက်တဲ့အပြုအမူတွေပါ။ ကျမတို့အခုထုတ်ပြန်တဲ့စာတမ်းဟာ နာဂစ်ဒုက္ခသယ်တွေကို တိုက်ရိုက်မေးမြန်းပြီးတိကျတဲ့ အချက်အလက်တွေကိုအခြေခံပြီးတော့ထုတ်ဝေတာဖြစ်ပါတယ်”ဟုပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ဂျာမနီနိုင်ငံမှခေတ္တကြွရောက်လာသော ငြိမ်းချမ်းရေးလမ်း လျှောက် ကိုယ်တော်အရှင်သောပါကကနိုင်ငံခြားသတင်းထောက်များ ၏ အမေးကိုဖြေကြားတော်မူရာတွင်”ဥဇင်းနှစ်ချက်ထောက်ပြချင်ပါတယ်။ ပထမအချက်ကအာဆီယံကမှားယွင်းနေတဲ့အချက်၊ ပြည်တွင်းေ၇းကိုဝင်ရောက် မစွက်ဖက် ရဆိုတဲ့မူဟာမှားယွင်းတဲ့မူဖြစ်တယ်။ဥပမာ မိဘတွေက ကိုယ့်သားသမီးတွေကို သတ်ချင်သလိုသတ်မယ်ဆိုလို့ရှိရင်။ အစိုးရတရပ်က ကိုယ့်ပြည်သူတွေကို သတ်ချင်သလိုသတ်နေမယ်ဆိုလို့ရှိရင် ပြည်တွင်းေ၇းမဟုတ်တော့ဘူး။ လူသားများအားလုံး အရေးးဖြစ်လာပြီ။ Human affairs ဖြစ်လာပြီ၊ နာဂစ်ဒေသ ဒုက္ခသယ်တွေအရေးကို လူသားအားလုံးဝိုင်းဝန်းလုပ်ကြဖို့၊ နောက်တစ်ချက်က ကုလ၊အာဆီယံနဲ့မြန်မာ ပေါင်းထားတဲ့  အဖွဲ့ကပေါင်းပြီး အောင်မြင်တယ်လို့ရေးတဲ့ထုတ်ပြန်ကြေညာချက်ပေါ့၊ဥဇင်းတို့မြန်မာတွေဟာ နအဖ ပြောတာတွေကို အမြဲတန်းပြောင်းပြန်နားလည်းရတယ်လို့ Upside down လို့ပြောပြတယ်။ သူတို့ကအောင်မြင်တယ်ဆိုရင်၊မအောင်မြင်ဘူးပေါ့”ဟု မိန့်တော်မူသည်။
ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာနညွှန်ကြားရေးမှု ဒေါက်တာ ခရစ်ဘေယာက” မြန်မာအာဏာပိုင်တွေဟာဒုက္ခသယ်တွေအတွက်ဘာမှအဆင်သင့်မဖြစ်လာသေးပဲ အတင်းအဓမ္ထ နေရာရွေးပြောင်းတာ၊ မောင်းထုတ်တာတွေဟာ အကြီးမားဆုံးလူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။ပိုဆိုးတဲ့အချက်တစ်ခုက နာဂစ်ဒုက္ခသည်တွေကို လုပ်အားပေးစေခိုင်းတာပဲဖြစ်တယ်”ဟု ပြောသည်။ အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ)အဖွဲ့မှ ဦးမန်မန်းက’’ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ဒေသကလူ(၉၀) အပါအ၀င်စေတနာ့ ၀န်းထမ်းတွေကိုမေးမြန်းထားတာဖြစ်ပါတယ်’’ ပြောသည်။ မြစ်ဝကျွန်းပေါ်ဒေသကို၂၀၀၈ ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ ခန့်သေကြေခဲ့ရပြီး လူလေးသန်းဝန်းကျင်ခန့်အထိ ဒုက္ခရောက်ခဲ့ကြကြောင်းသိရှိရသည်။
ပေးပို့သူ… ဦးကျော်သောင်း(ဘန်ကောက်)

1 comment:
ရေးသားသူ တင်ပြသူကို ပြန်လည် တရားစွဲမည်...ခုံရုံးတော့ မရဘူး လီး ပဲရမယ်
Post a Comment