အချိန်တိုအတွင်းကြီးပွားချမ်းသာနိုင်ကြောင်းပြောဆိုစည်းရုံးပြီးကုမ္ပဏီအမည်ခံလိမ်လည်နေသော
ပြင်သစ်ကုမ္ပဏီအားထိုင်းအာဏာပိုင်များက၀င်ရောက်ဖမ်းဆီးလိုက်သည်။ထိုင်းနိုင်ငံဘန်ကောက်
်မြို့ စာထွန်းလမ်းမကြီး လမ်းသွယ်(၁)တွင်တည်ရှိသော၃၁အမြင့်/၂၇ထပ်တွင်ဖွင့်လှစ် ထားသော
Copyright Of Crown Holdings Co.ltd ဖြစ်ပြီးအတိုကောက်အခေါ် DCHL ကုမ္ပဏီဖြစ်သည်။

အဆိုပါကုမ္ပဏီကိုဝင်ရောက်ဖမ်းဆီးရာတွင်။မွန်ဗမာ(၁၀၀)ကျော်နှင့် လောလူမျိုး(၁)ဦးတို့ဖမ်းဆီးခံခဲ့ရ
သည်။ အဆိုပါကုမ္ပဏီတွင်ယုံကြည်မှုအပြည့်နှင့် လင်မယားနှစ်ယောက်ဝင်ထားပြီးအဖွဲ့ဝင်အဖြစ်
လိုက်လံစည်းရုံးနေသူ ကိုမင်းထိုက်က“ကျနော်မသိသေးဘူး ကုမ္ပဏီကိုဒီနေ့ကျနောမသွားရဘူး၊။်
နောက်မှကျနော်ပြန်ပြောမယ်နှော်''ဟုပြောသည်။ကုမ္ပဏီမှအခြားလူများအားဖုန်းဆက်ကြည့်ရာ
အလုပ်များနေ၍မအားလပ်ကြောင်းဖုန်းပြန်ပြောဆို သွားရန်ငြင်းဆိုသွားသည်။ထိုင်းအာဏာပိုင်
များက ကုမ္ပဏီပိုင်ရှင်များကိုဆက်လက်အရေုးယူမည်ဖြစ်ပြီ။တ၇ားမ၀င်နေရာပေးမှု၊တရားမ၀င်ခိုင်း
စေမှုများအပြင် ဒဏ်ငွေ ဘတ်တစ်သောင်းမှ ဘတ်တစ်သိန်းအထိ ကျခံရမည်ဖြစ်ကြောင်းပြောသည်၊
ဖမ်းမိသောမြန်မာနိုင်ငံသားများကိုမူ တ၇ားမ၀င်ခိးိုဝင်မှုဖြင့်အရေးယူမည်ဖြစ်သည်။
ကုမ္ပဏီ အားလိုင်စင်ကြေးဟုခေါ်သော ၀င်ကြေးဘတ်ငွေ၁၈၀၀၀/ပေးပြီးဝင်ေ၇ာက်ရသည်။၎င်း
အဖွဲ့ဝင်ကနောက်ထပ်ဘတ်၁၈၀၀၀/ပေးသွင်းနိုင်သူ(၆)ဦးထပ်မံရှာဖွေသွင်းရမည်ဖြစ်ပြီ၎င်းလူများထံမှ
လူတစ်ဦးစီ ဘတ်၃၀၀၀ စီပြန်၇မည်ဖြစ်သည်။
ကုမ္ပဏီ သို့ရောရောင်၍ဖြစ်စေ၊ယုံကြည်၍ဖြစ်စေ ၀င်ရောက်သွားသူများမှာ လတ်တလောကြီးပွားချမ်း
သာနိုင်ကြောင်း မဟာချိုင်မှ လူပွဲစား၊ဖုန်းကိုယ်စားလှယ်၊ငွေလွှဲ လုပ်ငန်းဖြင့်လစဉ် ဘတ်ငွေ
ွ လေးငါးသောင်းဝင်ငွေရှိပြီ။ကိုယ်ပိုင်ကားစီးနေသော ကိုအောင်ဇေါ်ထွန်းဆိုသူသည် ၄င်း၏၀င်ငွေထက်
်များစွာရှိသဖြင့် ဤ ကုမ္ပဏီသို့ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ကြောင်းတစ်
လကိုယခုအခါ ဘတ်၂သိန်းကျော်၃သိန်းရရှိနေပြီး။မကြာမီ နိုင်ငံခြားကို ကိုယ်စားလှယ်သွားရမည်
ဖြစ်ကြောင်း သူငွေဝင်ကောင်းတာကြောင့်လုပ်နေတာဖြစ်ကြောင်းအဓိကပြောဆိုစည်းရုံးသိမ်းသွင်း
ကြသည်။
အလားတူ ကိုအောင်ဇေါ်ထွန်းကိုယ်တိုင်ကလည်း ၄င်းအတိုင်းပင်ပြောကြောင်း သွားရောက်လေ့လာဖူး
သူ ကိုထွန်းမြတ်က“သူကဆရာကြီးစတိုင်ပဲ၊ကုတ်တွေ နက်တိုင်တွေ အကောင်းစားတွေဝတ်ဆင်ပြီးတော့ ၀င်ငွေကောင်းတာပြောတယ်။ပြီးတော့ ကမ္ဘာမှာတစ်ယောက်မှအ
တုထုတ်လို့မရတဲ့ဆေးရည်ဖြစ်တယ်။အောက်စီဂျင်ဆေးဖြစ်တယ်။အိပ်ခ်ျအိုင်ဗွီ ရောဂါကလွဲရင် အေး
ဒီဆေးငွေ့ကိုမီးထွန်းပြီးရှုလိုက်ရင်ပျောက်တယ်။ ကမ္ဘာကြီးတိုးတက်လာတဲ့အတွက် ကာဗွန်ဒိုင်အောက်
ဆိုဒ်တွေများလာတာကြောင့် ဒီဆေးဟာ မရှိမဖြစ်အရေးအကြီးလိုအပ်လာမှာဖြစ်တာကြောင့် စောစော
စီးစီ ကုမ္ပဏီ ကိုဝင်ရောက်ထားဖို့ လှည့်ပတ်ပြောတယ်။ကျနော်ကတော့သဘောပေါက်တာပေါ့လိမ်နေ
ပြီဆိုတာ။ လူတွေနည်းတာမဟုတ်ဘူး။မဟာချိုင်ကမွန်တွေသက်သက်ပဲ” ဟုပြောသည်။
မလေးရှားနိုင်ငံတွင် လုပ်ကိုင်အောင်မြင်သဖြင့် ကုမ္ပဏီ မှရွှေအိုးတံဆိပ်ရသည်ဆိုသော။
တနသာင်္ရီတိုင်း ဘီလူးကျွန်းမှ လီအုန်ကျူး ဆိုသူက“ကုမ္ပဏီ အကြောင်းကို အဖွဲ့ဝင်မဖြစ်သေးခင်
ဖြစ်ဖြစ်။ဝင်ပြီးသူဖြစ်ဖြစ် ရှင်းပြခွင့်မပြုဘူး၊သိချင်ရင်လာခဲ့၊ လိုင်စင်ခံပြီးလုပ်နေတာ၊အမှန်အတိုင်းမို့
လို့နှစ်ရာချီကြာအောင်ခံနေတာ၊မဟုတ်ရင်ဘယ်ခံမလဲ၊ကျွန်စိတ်ကိုဖျောက်ကြ၊ကျနော်တို့လို အကောင်း
စားဝတ်ပြီး ရုံးခန်းထဲမှာလူသစ်တွေကိုရှင်းပြနေရုံနဲ့ တစ်လကိုဘတ်သိန်းချီပြီးရတာ။၆လပိုင်းဆိုရင်မဟာချိုင်ကို ကုမ္ပဏီဆင်းဖွင့်မယ်”ဟုပြောဆိုခဲ့သည်။
၎င်းဘဏ်ကဒ်(လိုင်စင်ကဒ်)တွင်(ထိုင်ဝမ၊်ဟောင်ကောင်၊ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊စင်္ကာပူ၊အင်ဒိုနီးရှား၊
တရုတ်၊သြစတြေလျနိုင်ငံတို့ရှီ DCHL
ကုမ္ပဏီတည်ရှိရာတွင်အလုပ်လုပ်ပြီးငွေအသွင်းအထုတ်လုပ် ၍ရကြောင်းေ၇းထားသည်။
အဆိုပါ ကုမ္ပဏီ သို့ဘတ်ငွေ၁၈၀၀၀/ပေးသွင်းပြီးသူတိုင်းကို ရေမွှေးနံ့ပါသောပေါင်ဒါဗူးကြီးအရွယ်
ဆေးရည် ၂ပုလင်းနှင့် ဆေးရည်ထည့်၍မီးထွန်းအငွေ့ရှုလျှင်အောက်ဆီဂျင်ရသည်ဟူသောမီးခွက်
တစ်လုံးတို့အပါအ၀င် ကုမ္ပဏီဖွင့်ထားသောနိုင်ငံ၁၁နိုင်ငံတွင်လှုပ်ရှားနေသောဓါတ်ပုံများပါသော
ထိုင်းစာဖြင့်ရေးသားထားသောစာအုပ်၃အုပ်တို့ကိုအိပ်လှလှနှင့်ပြန်ပေးသည်။
ဤ ကုမ္ပဏီ အကြောင်းကိုစိတ်ဝင်စားမိသော မြန်မာအလုပ်သမားအချို့ သည် အဟုတ်ထင်၍ မြန်မာ
နိုင်ငံနေရပ်ရှိ မိဘများထံသို့ငွေပြန်မှာ၍ ၀င်ထားသူများစွာရှိကြောင်းသိရသည်။
ကုမ္ပဏီ ကိုဝင်ပြီးသူတိုင်း လူအသစ်ရှာမသွင်းနိုင်လျှင်ငွေပြန်မရသကဲ့သို့။ယခုကဲ့သို့ ထိုင်းအာဏာပိုင်
များကဖမ်းဆီးလိုက်လျှင်လည်းငွေရင်းမှာဆုံးရှုံးပြီးသားဖြစ်သည်။ ထိုင်းအာဏာပိုင်တို့အနေဖြင့်
တစ်ပတ်ကျော်ကြာအချိန်ယူစုံစမ်းမှုပြုပြီးမှဖမ်းဆီးနိုင်ခဲ့သည်။
သတင်း.....ဦးကျော်သောင်း(ဘန်ကောက်)
မတ်လ ၁၇

No comments:
Post a Comment