မတ်လ ၁၈
အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်အားထုတ်မှု မှလွတ်မြောက်လာသူမြန်မာအိမ်
ဖေါ်အလုပ်သမ တစ်ဦးက မြန်မာအလုပ်သမ များအနေဖြင့် အိမ်ဖေါ်အလုပ်ကိုမလုပ်သင့်ကြောင်းပြော
ဆိုလိုက်သည်။
ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ တစ်နေရာတွင်အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ်အိမ်ရှင်အဖိုးကြီးက
သားမယားပြုကျင့်ရန်နည်းမျိုးစုံဖြင့်ကြိုးစားနေသဖြင့် ဘန်ကောက်မြို့ အခြေစိုက်“ထိုင်းနိုင်ငံရောက်မြန်မာ
နိုင်ငံသားများအသင်း”ထံသို့ရောက်ရှိလာသော ပဲခူးတိုင်း - - - - မြို့ နယ်- - - - ကျေးရွာမှ အသက် ၂၀
အရွယ် မ - - - - ကပြောဆိုလိုက်ခြင်းဖြစ်သည်။
“သမီးဘန်ကောက်ရောက်တာ ၃လရှိပြီ၊သမီးအလုပ်လုပ်တဲ့အိမ်ရှင်သူဌေးရဲ့ မယားငယ်က ယောက်ျား
လျာလိုလိုဘာလိုလို သမီးကို တချိန်လုံး အောကားတွေဖွင့်ပြတယ်။သမီးရေချိုးရင် ရေချိုးခန်းထဲကိုလိုက်
လာပြီဟိုကိုင်ဒီကိုင်လုပ်တယ်၊သူ့ကိုလည်းသမီးကိုကိုင်ခိုင်းတယ်၊သမီးငြင်းဆန်ပေမယ့်မရဘူး၊ပြီးတော့
သမီးရှေ့ သူတို့လင်မယား လိင်ဆက်ဆံပြတယ်၊သမီးရှက်လို့ထွက်ပြေးတယ်။ တော်တော်ရှက်စရာကောင်း
ပါတယ်။သမီးကိုမယားငယ်လုပ်ဖို့စည်းရုံးတယ်၊သမီးကသူများမယားငယ်လုပ်ပြီးမှရမယ့်ပိုက်ဆံကိုမလို
ချင်ဘူး၊အလုပ်ကြိုးစားပြီးရတဲ့ငွေကိုပဲသမီးရချင်တယ်''
အဆိုပါသူဌေးမှာအသက် ၆၀ကျော်အရွယ်ခန့်ရှိပြီး သူ၏မယားငယ်မှာအသက် ၃၀ ၀န်းကျင်ဖြစ်
သည်။ သူဌေးတို့လင်မယားနှင့်အတူတူအိပ်စက်ရပြီး တနေ့နေ့တစ်ချိန်ချိန်တွင် မိမိဘ၀နစ်မွန်းနိုင်သည်
ကိုမြင်သဖြင့် မြန်မာအလုပ်သမ မှာလွတ်မြောက်နိုင်မည့်အခွင့်အခါကိုစောင့်နေခဲ့သည်။သူမနှင့်အတူ အ
ခြားမြန်မာအိမ်ဖေါ်တစ်ဦးပါရှိသဖြင့် နှစ်ယောက်သားခြံစည်းရိုးကိုကျော်၍ထွက်ပြေးလာခဲ့သည်ဟုဆို
သည်။
“သမီးကိုသူဌေးကကြိုက်တယ်ဆိုပြီး သမီးကိုမဲဆောက်ကပို့ပေးတဲ့ပွဲစားကိုလှမ်းပြောတယ်။ဘန်ကောက်
မှာကရင်မပွဲစား၂ယောက်ကသမီးကိုအကြီးအကျယ်လိုက်ရှာနေတယ်၊ဗမာလူမျိုးအချင်းချင်းသူတို့ငွေရ
ရင်ပြီးရော။သမီးကိုပြန်ပို့ဖို့ရှာနေကြတယ်၊အိမ်ဖေါ်ဆိုပြီးအချိန်ပြည့်ခိုင်းတယ်ထမင်းကိုဝအောင်မကျွေးဘူး
အသီးအရွက်နဲ့ပဲစားရတယ်။ထမင်းချိုးကိုရေးနှူးပြီးကျွေးတယ်။စိတ်ချမ်းသာတဲ့နေ့ဆိုတာမရှိဘူး၊''
ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှစည်းရုံးရေးနှင့်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သက်သက်ဦးက“ကျမတို့ဆီကိုဒီကိစ္စမျိုးတွေနဲ့မကြာခဏဆိုသလိုရောက်လာကြတယ်။ကျမတို့
ကိုယ်တိုင်းလည်းအလုပ်သမပဲလေ၊နိုင်သလောက်တော့ကူညီပေးတာပေါ့။ကျမတို့ကငွေကြေးတတ်နိုင်
တဲ့အဖွဲ့မဟုတ်ဘူးလေး၊ကျမတို့စားသလိုကျွေးတယ်၊ကျမနဲ့အတူအိပ်တယ်၊ကျမတို့သိတာလေးတွေကို
ရှင်းပြပေးတယ်၊ဆေးဝါးကုသဖို့ကျရင်တော့အခြားအဖွဲ့အစည်းတွေကိုအကူအညီတောင်းရတာပေါ့နှော်
ဘန်ကောက်မှာမြန်မာအလုပ်သမားတွေကိုထိထိရောက်ကူညီနိုင်မယ့်အဖွဲ့တွေလိုအပ်ပါတယ်၊အလှမ်း
ကျယ်ပြီးအလယ်လပ်နေတာ၊ဘန်ကောက်မှာအိမ်ဖေါ်တေ၊ွအပြင်ကိုလုံးဝမထွက်ရတဲ့အလုပ်ရုံတွေရှိပါတယ်၊
မြန်မာအမျိုးသမီးလေးတွေအခြားအလုပ်ကိုပဲလုပ်ကြစေချင်ပါတယ်၊ဘ၀လုံခြုံမှုလုံးဝမရှိတဲ့ဒီအိမ်ဖေါ်အ
လုပ်ကိုမလုပ်ကြပါနဲ့လို့ကျမတိုက်တွန်းချင်ပါတယ်၊ကျမတို့ဆီကိုဒီလိုကိစ္စမျိုးအမြဲရောက်ပါတယ်''ဟုပြောသည်။
ထိုင်းနိုင်ငံအလုပ်သမားဥပဒေအရ အိမ်ရှင်မှဖြစ်စေတစုံတယောက်မှဖြစ်စေ မတော်မတရားပြုကျင့်ခံ
ရသောမြန်မာအလုပ်သမများမှာ ဘတ်မရှိလျှင်နယ်စပ်ကိုပြန်ပို့ခံရမည်ဖြစ်သည်။ထိုပြင် အမှုရင်ဆိုင်နေ
စဉ်နေစဉ်အတွင်း အမျိုးသမီးထိမ်းသိမ်းေ၇းစခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲနေ၇သည်။ အင်ဂျီအို
များနှင့်ပူးပေါင်း၍အလုပ်သမားအေ၇းဆောင်ရွက်သူများနှင့်ပူးပေါင်းကာအမှုမှန်ပေါ်ပေါက်အောင်ဖေါ်ထုတ်
ရမှုများမှာလည်းများစွာခက်ခဲကြန့်ကြာတတ်သည်။
သတင်း..........ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment