ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 26, 2009

26 Mar, 09…..“ရာဇ၀င်ထဲက ဟာသများ"(ရှင်ဘို့ မယ်ဇာတ်လမ်းစုံ)

>
လူ့ဘ၀တွင် ပျော်ပျော်နေတတ်ဖို့လိုပါ၏။ “Never Sorry, ever jolly” ဟု ခေါ်၏။ ပျော်ပျော်နေသေခဲလို့ အဓိပ္ပါယ်ရပါသည်။ ရယ်မောခြင်းသည်၊ အသက်ကိုရှည်စေ၏။ ရုပ်ကိုနူပျိုစေ၏တဲ့။ ထို့ကြောင့် ကျနော် စာရေး ဆရာ မဟာဇော်သည်စာဖတ်သူများ ပျော်ရွှင်စေရန်အတွက် “ရာဇ၀င်ထဲက ဟာသများ” ကို လစဉ်တင်ဆက် လျက်ရှိရာ ယခုအပတ်တွင်လည်း၊ တလတမျိုးမရိုးရအောင် ကလိထိုးလိုက်ရသော်……….။
“ရှင်ဘို့မယ်နှင့် မင်းလှငယ်….”

အင်းဝခေတ်တွင် မိဖုရားရှင်ဘို့မယ်မှာအလွန် ထင်ပေါ်ကျော်ကြားခဲ့၏။ ရှင်ဘုရင် ငါးဆက်တိုင်တိုင်မိဖုရားမြှောက်ခြင်းခံခဲ့ရသဖြင့် “မင်းဆက်ငါးသွယ်၊ ရှင်ဘို့မယ၊်နန်းလယ်တင့်သည်သာ” ဟုဆိုစမှတ်ပြုကြ၏။ ပထမ ဘုရင်မင်းခေါင်၏ မိဖုရားကြီးဖြစ်ရာ ဘုရင်မင်းခေါင်နတ်ရွာစံသော်၊ သားတော်သီဟသူရနှင့် လက်ဆက်၏။သီဟသူရနတ်ရွာစံသော်၊ “မင်းလှငယ်” နှင့် လက်ဆက်ပြန်ရာ၊ ဤတွင်အိမ်ထောင်ရေးပြဿနာ စဖြစ်လေတော့သည်။
အဘယ့်ကြောင့်နည်း။ “မင်းလှငယ်” ဆိုသည့် ရှင်ဘုရင်မှာ၊ အသက် (၉)နှစ်သာရှိသေးရာ လူလားမမြောက်သေးသည့်အရွယ်၊ တန်းပြောရရင် လူပျိုမဖြစ်သေးသည့်အရွယ်တွင် ထီးနန်းထုံစံအရ မိဖုရားမြောက်ရသော်ငြား “ခါချဉ်ကောင် မာန်ကြီးလို့၊ တောင်ကြီးကိုတဲ့ဖြိုမယ်ကြံ၊ ခါးကမသန်” ဆိုသည့် ဥပမာအတိုင်း ကြိတ်မနိုင်၊ ခဲမရဖြစ်ခဲ့ရရှာ၏။
စာရှုသူများ စဉ်းစားကြည့်ပါ၊ ထိုအချိန်က၊ “ရှင်ဘို့မယ်” ၏အသက်မှာ “၂၉” နှစ်ရှိပြီး၊ လင်တော်မောင် ရှင်ဘုရင်ပေါက်စမှာ (၉)နှစ်သာရှိသေးရာ အိမ်ထောင်ရေးသုခဆိုသည် ရှင်ဘို့မယ်အတွက် ဗလာနတ္ထိ မဟုတ်ပါလော။ တဦးနှင့်တဦးဆက်ဆံရေးကို လေ့လာရသော် “မင်းလှငယ်” က ရှင်ဘို့မယ်ကို အစ်မတော်ဟုခေါ်ပြီး၊ ရှင်ဘို့မယ်က “ငချွတ်” ဟုပြန်လည်တုံ့ပြန်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တော်ကြီးတွင် ဖေါ်ပြထားသည်များအရ လေ့လာသိရှိခဲ့ရပါသည်။ ညအချိန်တူနှစ်ကိုယ် စက်တော်ခေါ်ရာ၌ တောင်ရှည်ပုဆိုးထွေးလုံးရစ်ပတ်နှင့် ကွေးကွေးလေးအိပ်ပျော်နေသော လင်တော်မောင် ရှင်ဘုရင်(ငချွတ်)အဲလေ၊ ရှင်ဘုရင်ပေါက်စကို ရှင်ဘို့မယ်ထိုင်ကြည့်ရင်း၊ တခစ်ခစ်ရယ်မောရသောညများ၊ မိမိဘ၀တွင် မုဆိုးမအကြိမ်ကြိမ်ဖြစ်ခဲ့ရသဖြင့် ငိုကြွေးခဲ့ရသောညများမှာ မနည်းလှတော့ပါ…..။
စင်စစ် မိဖုရား-ရှင်ဘို့မယ်မှာ ရုပ်ရည်အလွန်ချောမောလှပပြီး၊ မာနလည်းအလွန်ကြီးခဲ့၏။ အိမ်ထောင်ရေးသုခမခံစားနိုင်သော မိမိ၏ ဘ၀ကိုထွက်ပေါက်ရှာ၏။ “မင်းလှငယ်” နှင့်မိဖုရားအဖြစ်ရှိနေစဉ်တွင်ပင်၊ “ကလေးကျေးတောင်ညို” မင်းသားနှင့် တိတ်တဆိတ်ရည်ငံခဲ့၏။
မိန်းမတို့သည်။ ၄င်းတို့အလိုမရှိသောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း၊ သမိုင်းအထောက်အထားများက သက်သေခံလျက်ရှိပါသည်။
ဤဇာတ်လမ်းကိုကြည့်ပါ။ ရှင်ဘုရင်ပေါက်စနှင့်နေရသော “ရှင်ဘို့မယ်”က မစားရတဲ့အမဲ၊ သဲနဲ့ ပတ်ချေပြီ။ မင်းလှငယ် နန်းစံသက် (၉)လ၊ ရှင်ဘို့မယ်နှင့် အိမ်ထောင်သက် (၉)လ၊ တခုသောညချမ်းအချိန်တွင် ညစာအတူတကွ ပွဲတော်တည်ကြရင်း ရှင်ဘို့မယ်က လင်တော်မောင် ကလေးကို ယုယုယယ၊ ပွတ်သပ်ပေး၏။ မိမိကပွဲတော်မတည်သေးဘဲ လင်ပေါက်စလေးကို ဟင်းလျာကောင်းများဖြင့် ခွံ့ကျွေးရှာ၏။ ထမင်း (၉)လုပ်ခွံ့ပြီးသော် ရှင်ဘုရင်ပေါက်စ၊ ဇက်ကျိုးသွားပါပြီ။ ပျော့ခွေနေသော မင်းလှငယ်၏ ခန္ဓာကိုယ်ကို “ရှင်ဘို့မယ်” ပွေ့ချီပြီး သကာလ သလွန်ထက်တင်ကာ၊ စောင်ခြုံပေးထား၏။
စင်စစ် “မိန်းမမာယာ သဲကိုးဖြာ” ဆိုသည့်အတိုင်း မိဖုရား-ရှင်ဘို့မယ်က လင်တော်မောင် “မင်းလှငယ်” ကို အစာထဲ “အဆိပ်” ခတ်၍ “သုံးဂြိုင်းဂင်း” သို့ပို့လိုက်ပုံမှာ၊ “စာရှုသူများအား၊ ဆင်ခဲ့ထောင်နား၊ ခုပင်ကြားသည်၊ သနားဖွယ်လော၊ ရယ်ဖွယ်လော” ဟု စာရေးသူက မေးလိုက်ချင်ပါတော့သည်ခင်ဗျား……….။
မှတ်သားစရာတခုတင်ပြရသော်၊ မင်းလှငယ် ရှင်ဘုရင်မှာ အသက် (၉)နှစ်၊ အိမ်ထောင်သက် နန်းစံသက် (၉)လ၊ ထမင်း (၉)လုပ်နှင့် သက်တမ်းကုန်လွန်ခဲ့သဖြင့် ယနေ့ မြန်မာနိုင်ငံ န.အ.ဖ စစ်အစိုးရ၏ ဂဏန်းဗေဒင် (၉)ဂဏန်းကိုလက်ကိုင်ထား၍ လုပ်ကိုင်နေသည်များနှင့် နှိုင်းယှဉ်သော်၊ ဆန့်ကျင်ဘက်ဖြစ်နေပေ၏။
န.အ.ဖနဲ့ “မင်းလှငယ်” ဘုရင် တစ်ထပ်တည်းအကျိုးပေးဘို့အရေး၊ စာဖတ်သူများက မပြတ်ခဲထိုးလို့ပေး၊ တစ်မျိုးအပိုင်ချိုင်ဘို့၊ ကိုးထရွိုင် (999-Nine tri) ကို နာနာထိုးဘို့၊ မဟာဇော်က ချစ်စရာကောင်းအောင်၊ မေတ္တာနှင့် ပေါင်းစပ်ပေးပါသည်။ သေတ္တာတော့ရောင်းပြီး၊ မထိုးကြဘို့၊ နိုးဆော်အပ်ပါသည်ခင်ဗျား…..။
ရယ်မောရင်းဖြင့် ဘ၀အမောပြေကြပါစေ……။
မဟာဇော် (မကွေး)

2 comments:

မဆုမွန် said...

သနားဖွယ်ပါကွယ် ရယ်ဖွယ်မဟုတ်ပါဘူး..ကိုးနှစ်ဆိုတာ သိပ်ငယ်သေးတဲ့ ကလေးလေးပါ..ကိုယ့်ရာဂတဏှာ ကိစ္စနဲ့ ထမင်းခွံ့ကျွေးသတ်ရတယ်လို့ နော်.

မေ said...

ရာဂတဏှာမဟုတ်ပါဘူး. . .ကလေးပေါက်စက ကိုယ့်အမေအရွယ်ကိုမယားလိုသဘောထားခံရလို့ရှက်တာပါ…ဒါပေမယ့်မင်းလှငယ်ကိုသတ်တဲ့အတွက် ရှင်ဘို့မယ်တော်တော်ငရဲကြီးခဲ့တယ်…ကလေးစုတ်လေးကတော်တော်ချစ်တာကို(မယားလိုလေ)စိတ်နာမှာပေါ…မိုးညှင်းသတိုးဆိုလည်းရှင်ဘို့မယ်မုန်းတာမှခါးခါးသီးသီးသံသရာပါတဲ့အမုန်း…မိန်းမတွေရဲ့ဘ၀မှာအချစ်ဆုံးကသူမရဲ့ပထမဆုံးခင်ပွန်းဆိုရင်လည်းကျေးတောင်ညိုကျိန်ထားတဲ့ ဘို့မယ်အိမ်သာတွင်းကထွက်ကမှာမဟုတ်ဘူး…ရှင်ဘို့မယ်ကမြေပေါ်မှာမအိပ်တက်ဘူးလေ…ချစ်မချစ်အစမ်းခံရတာထက်ပုန်းတဲ့ဂူထဲအလေးအပေါ့သွားစွန့်ပြီး…မင်းငါ့မချစ်ဘူးလုပ်တာ(၃၂)တုန်းကတစ်ခါရောက်ဖူးတယ်…တကယ်တော့မခံစားဘူးလို့ပါ ရှင်ဘို့မယ်က ဘုရားစူးမြေပေါ်မှာကြမ်းတပြေးမအိပ်တက်တဲ့သူ…နည်းနည်းတော့သည်းခံဖတ်ပေါ့နော်…နောက်ဘယ်ဘ၀ရောက်ရောက်လင်မယူရပါစေနဲ့ဘုရားလို့သူ့ကိုယ်သူဆုတောင်းသွားတဲ့အထိ ယောင်္ကျားတဏှာကိုနာကျည်းခဲ့ပုံပဲ…သူမဘုရားတည်ခဲ့ပါတယ်…တန်ဆောင်းတွေထဲမှာရုပ်ပွားတော်အပြည့်နဲ့ ကမ္မည်းမထိုးထားခဲ့လို့လူမသိတာ…

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)