ထိုင်းနိုင်ငံ-ဘန်ကောက်မြို့လယ် လုမ္မနီဥယျာဉ်နှင့် ဂျပန်သံရုံးတို့အနီးတွင်ရှိသောနိုက်ဘဇား(ညဈေး)တွင် အ လုပ်လုပ်နေကြသော မြန်မာအလုပ်သမားများကိုထိုင်းရဲများက လစဉ်ကြေးပေးသွင်းရမည်ဟုပြောသဖြင့် မြန်မာ အလုပ်သမားများ အခက် ကြုံနေကြရသည်။
အထည်ဆိုင်ဖွင့်ထားသူ ကိုစိုးမင်းက “ဒီလက စပြီး တလကိုနှစ်ထောင်ပေးရမယ်ဆို
ိုပြီးကောက်ခံပါတယ်။ ဒီဈေးထဲမှာ ဈေးရောင်းအလုပ်သမားတွေအပါအဝင် မြန်မာ
အလုပ်သမားသုံးရာ လောက်ရှိတယ်လို့ သိရတယ်။ နေထိုင် အလုပ်လုပ်ကိုင်ခွင့်
အလုပ်သမားမှတ်ပုံတင်လက်မှတ်(ဘတ်) ရှိသူများသာမက ပတ်စ်ပို့ရှိရင်တောင် ငွေ
ွပေးရမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သတ်မှတ်လိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေ
စိတ်သောကရောက်နေကြရတယ်။ ကျနော်ကို ရဲစခန်းခေါ်သွားပြီး ကျနော်ရဲ့ အလုပ်သ
မားမှတ်ပုံတင်(ဘတ်)က ဈေးရောင်းခွင့်ပြုမထားတာကြောင့် ရောင်းမယ်ဆိုရင် သူတို့ကို
ငွေပေးမှ ရောင်းခွင့်ပြုမယ်လို့ပြောတယ်။ ကျနော်တို့အတွက် သိပ်အဆင်ပြေမှာမဟုတ်ဘူး။
ဒီလအတွက်တော့ ပေးပြီးသွားပြီ”ဟု ပြောသည်။
နိုက်ဘဇားဈေးတွင် ဈေးအကူရောင်းသော အလုပ်သမားတစ်ယောက်အတွက် လစာမှာ
ဘတ်ငွေ (၆ဝဝဝ)မှ (၈ဝဝဝ) အထိရှိကြသည်။ သို့ရာတွင် နေထိုင် စားသောက်စရိတ်ကြီး
မြင့်သဖြင့် ရရစားစားသာဖြစ်ကြောင်း မြန်မာအလုပ်သမားတွေက ပြောပြသည်။
ယခင်က အခုလို ငွေကြေးကောက်ခံတာမျိုးမရှိဘဲ ယခုခါတွင် ဈေးအတွင်းရှိ မြန်မာအလုပ်
သမားများကို စာရင်းလုပ်ပြီး လိုက်လံကောက်ခံနေခြင်းဖြစ်သည်။
ဈေးရောင်းအလုပ်သမား အမျိုးသမီးတဦးက “ပထမတော့ တစ်ယောက်ကိုတစ်ထောင်လို့
ပြောတယ်။ အခုတော့ လူဝင်မှု ကြီးကြပ်ရေး (လ ဝ က)ကြေးပါဆိုပြီး ထပ်တောင်းတယ်။
ဆိုင်ပိုင်ရှင် မြန်မာအမျိုးသမီးတယောက်က ရဲနဲ့ပေါင်းပြီး ဘယ်ဆိုင် ဘယ်နံပါတ်မှာ မြန်မာ
ရှိတယ်ဆိုပြီး ရဲကိုပြောတယ်လေ။ ကျမကိုခေါ်သွားတယ်။ ပြီးတော့ ငါးထောင်တောင်းတယ်။
ကျမကို ဘတ်လုပ်ပေးထားတဲ့ သူဌေးရောက်လာတဲ့အတွက် (၃ဝဝဝ)ပေးလိုက်မှ လွှတ်လိုက်
်တယ်”ဟု ပြောသည်။
ကိုယ်ပိုင်အထည်ဆိုင်ရောင်းချနေသည့် အမည်မဖေါ်လိုသူ မြန်မာတစ်ဦးက “မြန်မာတစ်ယောက်
်ကို ဘတ်နှစ်ထောင်နဲ့ အလုပ်သမား(၃ဝဝ)ဆိုရင် တစ်လကို ဘတ်(၆ဝဝဝဝဝ)ဖြစ်နေပြီ တစ်နှစ်ဆို
ရင် ဘတ်(၇၂ဝဝဝဝဝ)။ ပုလိပ်နဲ့ ပေါင်းပြီး ကိုယ်တစ်ဦးတည်း ကောင်းစားရေးအတွက် ဈေးထဲမှာ
အလုပ်လုပ်နေကြတဲ့ ကိုယ်လူမျိုးအချင်းချင်း ဒီင်္လိုမျိုး မလုပ်သင့်ပါဘူး”ဟု ပြောသည်။
ထိုင်းအလုပ်သမားဥပဒေအရ မြန်မာအလုပ်သမားများမှာ အိမ်ဖေါ်အလုပ်၊ ပန်းရံအလုပ်၊ ကုန်တင်
်ကုန်ချအလုပ်၊ စိုက်ပျိုးရေးအလုပ်၊ ငါးဖမ်းလုပ်ငန်းနဲ့ ဥယျာဉ်ခြံမြေအလုပ်တွေမှာသာ လုပ်ကိုင်ခွင့်
့်ပြုထားသည်။ ယခုကဲ့သို့ ထိုင်းပုလိပ်များ မတရားသဖြင့် လစဉ်ကြေးတောင်းခံနေခြင်းကို သိရှိသော်
လည်း ဥပဒေကြောင်းအရ ကာကွယ်၊ ခုခံခွင့်မရရှိနိုင်ချေ။ ထိုင်းနိုင်ငံမှကမ္ဘာ့စီးပွား ရေးလုပ်ငန်းကြီး
အချို့ ပိတ်လိုက်ရသောကြောင့် ထိုင်းအလုပ်သမား အတော်များများမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးများ မလုပ်ချင်သော အလုပ်ကြမ်းများကိုသာ လုပ်နေကြသူ
များဖြစ်သည်။
သတင်း.........ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment