ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 30, 2009

31Mar,09///မတ်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ….

>
(မတ်လ ၃၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ စတွန်ပင်လယ်ပြင်တွင် လွန်ခဲ့သော မတ်လ ၂၃ရက်နေ့က အသတ်ခံခဲ့ရသည့် အင်္ဂလန်နိုင်ငံသား ရောဘတ်ဆန်(၆၄)နှစ်၏ အလောင်းကို စတွန်ပင်လယ်ပြင်ရှိ ထိုင်းရဲစခန်းမှ ယနေ့တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ (BBC)

ဖြစ်ရပ်-၂။ ။ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအကြောင်းနှင့် စပ်လျဉ်း၍ IOM (ခေါ်) နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့မှ အစီရင်ခံစာတစောင်ကို ယနေ့ထုတ်ဝေဖြန့်ချီလိုက်သည်။ အဆိုပါ အစီရင်ခံစာတွင် ထိုင်းနိုင်ငံတွင် ရှိနေသော ရွှေ့ပြောင်းအလုပ်သမား (၄)သန်းခန့်၏ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများကို အကျိုးပြုနေမှုအပေါ် လက်မှတ်ရှိသည်ဖြစ်စေ၊ လက်မှတ်မရှိသည်ဖြစ်စေ အသိအမှတ်ပြု တန်ဖိုးထားရန် တိုက်တွန်းထားသည်။ (BBC)
(မတ်လ ၃၀ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ထိုင်းအလုပ်သမား သမဂ္ဂဖွဲ့စည်းရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား အကျိုးဆောင်အဖွဲ့အစည်းများအား ယနေ့ခေါ်ယူ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲကို ထိုင်းနိုင်ငံရှေ့နေများကောင်စီ လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF)နှင့် ထိုင်းအလုပ်သမားအခွင့်အရေးမြှင့်တင်မှုအဖွဲ့ (TCLR)တို့ ဦးဆောင်ခေါ်ယူခဲ့ခြင်းဖြစ်၏ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUB)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ရောင်ခြည်ဦးအလုပ်သမားအဖွဲ့(YCOWA) မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွှတ်ရေးအဖွဲ့(BLSO) ရခိုင်အလုပ်သမားသမဂ္ဂ (AWU) မြန်မာနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန၊ ဖုတ်ဖရားမြို့နယ်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသင်း (DARE Team)၊ စသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင်အဖွဲ့ (၇)ဖွဲ့မှ ကိုယ်စားလှယ် (၁၅)ဦးနှင့် HRDF, TCLR, MAP စသည့် ထိုင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၇)ဦး တို့ တက်ရောက်ခဲ့ကြသည်။
ဖြစ်ရပ်-၂။ ။ ယမန်နေ့ညက ထိုင်း-မြန်မာချစ်ကြည်ရေးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖျော်ဖြေတင်ဆက်ခဲ့သော မြန်မာပြည်မှ နာမည်ကြီး သံမဏိကြက်ခြေ (Iron Cross) တေးဂီတပွဲကို လာရောက်ကြသော မြန်မာအလုပ်သမား ၄၀၀-ခန့်အား ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးဌာနမှ တဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လျော်ကြေးငွေရရှိရေးကို ငြင်းပယ်ခဲ့သဖြင့် လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF)နှင့် ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးကော်မတီ (TLSC)တို့မှ မတ်လ ၃၀ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်မဟာမင်းကြီးရုံးထံ ပေးစာတစောင် ပေးပို့ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ဖြစ်ရပ်-၄။ ။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော (BWRPC) အတွင်းရေးမှူး ကိုရဲမင်းထွန်းအား မတ်လ ၃၀ရက်နေ့က အမည်မသိလူတစုက ဓါးဖြင့်ခုတ်ရန်ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(မတ်လ ၂၉ရက် ၂၀၀၉) မြန်မာပြည်မှ နာမည်ကြီး တေးဂီတအဖွဲ့တခုဖြစ်သော သံမဏိကြက်ခြေ (ခေါ်) (Iron Cross)အဖွဲ့သည် ယနေ့ညပိုင်းတွင် ဖျော်ဖြေရန်ရှိကြောင်း၊ အဆိုကျော် လေးဖြူ အပါအ၀င် နာမည်ကြီးအဆိုတော်များ ဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မတ်လ ၂၈ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ဖုတ်ဖရားမြို့နယ် ၄၄ ကီလိုမီတာကျေးရွာရှိ (ဒို့ မိတ်ဆွေ) စာသင်ကျောင်းအား ထိုင်းစစ်တပ်မှ ယနေ့ နံနက် (၁၀း၃၀)နာရီက စစ်သား(၁၀)ဦးခန့် လာရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ကျောင်းလေးမှ စုဆောင်းထားသော သက်ငယ်ပျစ်များ၊ တဲအိမ်လေးများနှင့် ကျောင်းတွင်းရှိ ချိတ်ဆွဲထားသော ပစ္စည်းများအပါအ၀င် ယင်းကျောင်းတွင်ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းပုံကိုပါ သေနတ်ဒင်နှင့် ထုခွဲသွားကြောင်းကို ကျောင်းတာဝန်ခံမှ မြန်မာပြည်သားအဖွဲ့သို့ ပြောကြားခဲ့ပါသည်။ ကျောင်းတွင်းနံရံများတွင်လည်း ထိုင်းဘာသာဖြင့် စာများရေးသွားကြောင်းကိုလည်း ၄င်းတာဝန်ခံမှ ဆက်လက်ပြောကြားသွားပါသည်။
ဖြစ်ရပ်-၂။ ။မလေးရှားနိုင်ငံတွင်အစိုးရအဖွဲ့ သစ်ကိုမကြာမီဖွဲ့  စည်းတော့မည်ဖြစ်ပြီး ဒုတိယ၀န်ကြီးချုပ် နာဂျစ်ရာဇာတ်ကဦးဆောင်သွားမည်ဖြစ်ကြောင်းလက်ရှိဝန်ကြီးချူပ်အာမက်ဘာဒါဝီကပြောဆိုလိုက်သည်။(RFA)
(မတ်လ ၂၆ရက် ၂၀၀၉) ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသော အင်္ကျီအနီဝတ် ဆန္ဒပြ သူများက ယနေ့မွန်းလွဲပိုင်းမှစပြီး ထိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ဝိုင်းရံကြမည်ဖြစ်သည်။ ၀န်ကြီးချုပ် အဘီဆစ် ပြုတ်မကျမချင်း ရက်ရှည်ဆန္ဒပြကြ မည်ဟု ခေါင်းဆောင်ပိုင်းက ပြောဆိုသည်။ (ခေတ်ပြိုင်)
(မတ်လ ၂၅ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဝေါဗွီးရှင်းအဖွဲ့မှ မိမိတို့၏ကျန်းမာရေးစုရပ် ၁၅-ခု တွင် မတ်လ ၂၃ရက် နေ့မှစ၍ အဆုတ်နာရောဂါ ပညာပေးဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ ယနေ့တွင် မဲဆောက်မြို့ ရွမ့်ကျိုင်းရပ်ကွက်ရှိ ကျန်းမာရေးစု ရပ်တွင် ကမ္ဘာ့အဆုတ်နာရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲများကို ကျင်းပကြကြောင်း တွေ့ရသည်။ ကမ္ဘာပေါ် တွင် အဆုတ်ရောဂါပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀-ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့အဆုတ်နာ ရောဂါတိုက်ဖျက်ရေး နေ့အဖြစ် မတ်လ ၂၄ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ပေးထားသည်။
(မတ်လ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်း အင်္ဂလိပ်လူမျိုး ဇနီးမောင်နှံမှ ရွက်လှေဖြင့် အပန်းဖြေအနားယူနေစဉ် မြန်မာအလုပ်သမား ၃-ဦးမှ ပစ္စည်းယူလူသတ်မှုကို ယနေ့ကျူးလွန်ခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ပြီးခဲ့သောလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မယ့်ဂျိုးတက္ကသိုလ်မှ ကျောင်းသူတဦးကို မြန်မာပြည်သားရှမ်းအလုပ်သမား ၂-ဦးက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီးနောက် အဖမ်းအဆီးများခဲ့သည်။ သို့ရာတွင် ယခုလ ရက်ပိုင်းအတွင်း ချင်းမိုင်မြို့ရှိ တီဗွီအစီအစဉ်တခုမှနေပြီး ရှမ်းအလုပ်သမားများက ထိုင်းအလုပ်သမားများ မလုပ်ချင်သော ခက်ခဲကြမ်းတမ်းသောအလုပ်၊ ညစ်ပတ်သောအလုပ်များကို လုပ်ကိုင်နေကြပုံကို ပြသပြီးနောက် ထိုင်းလူမျိုးများက ပြန်လည်နားလည်မှုရရှိရန် ရည်ရွယ်ကြောင်း သိရသည်။ ချင်းမိုင်မြို့တွင် တရားဝင်ရော၊ တရားမ၀င်ပါ မြန်မာပြည်သား ၄-သိန်းခန့်ရှိပြီး ထိုအထဲတွင် အများစုမှာ ရှမ်းတိုင်းရင်းသားများဖြစ်သည်။ (VOA)
(မတ်လ ၂၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် မြန်မာ့နိုင်ငံရေး သုခမိန်တဦးနှင့် မြန်မာစာပေယဉ်ကျေးမှု ဖခင်တဦးဖြစ်သူ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၁၃၃)နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်ရောက် ကဗျာချစ်သူ စာချစ်သူ ရဲဘော် ရဲမေများက ယနေ့ညပိုင်းတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဤအခမ်းအနားကို ယနေ့ကျရောက်သော ၉-နှစ်မြောက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) အမှတ်တရအဖြစ် ပူးတွဲကျင်းပမည်ဖြစ်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘ၀၊ စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစသည်တို့ကို ဂုဏ်ပြုဖတ်ကြား၊ ရွတ်ဆိုသွားကြမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ Mr. Bean အမည်ရှိ ရွက်လှေဖြင့် ကမ္ဘာအနှံ့ခရီးဆန့်လျက်ရှိသော အင်္ဂလန်နိုင်ငံသား မစ္စတာ ရောဘတ်ဆန် (၆၄-နှစ်)နှင့် ဇနီးတို့သည် မတ်လ ၂၃ရက်နေ့က လှေပေါ်တွင် အိပ်ပျော်နေကြစဉ် မြန်မာအလုပ်သမား ၃-ဦး၏ တိုက်ခိုက်မှုကို ခံကြရကြောင်း သတင်းရရှိသည်။ အဆိုပါ ဒေသမှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော စာတွန်ဒေသ၊ ကိုဒေါင်းကျွန်းအနီးပင်လယ်ပြင်မှာ ဖြစ်ကြောင်း၊ ရဲဒင်း, ဓါး စသည်တို့ဖြင့် တိုက်ခိုက်ခဲ့သော မြန်မာအလုပ်သမား ၃-ဦးကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။ (RFA)
(မတ်လ ၂၂ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် မွတ်ဆလင်မဟုတ်သူများက (အလ္လာ)ဟူသော ဝေါဟာရကို သုံးသင့်၊ မသုံးသင့်ကို ကျင်းပနေသော မလေးရှားရှေ့နေများကောင်စီ၏` ဆွေးနွေးခန်းတရပ်အား မလေးရှားအစိုးရက ပိတ်ပင်လိုက်သည်။ ယမန်နှစ်အထိမူ မွတ်ဆလင်မဟုတ်သူများသည် (အလ္လာ)ဟူသော အသုံးအနှုန်းကို သုံးခွင့်ရှိနေကြောင်း ရှေ့နေ(၁၂၀၀၀)ကို ကိုယ်စားပြုသည့် မလေးရှားရှေ့နေများကောင်စီက စောဒကတက်ထားသည်။ (BBC)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် အကျင့်ပျက်လာဘ်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း အာဏာရ UMO ပါတီအကြီးအကဲ(နာဂျစ်ရာဇာတ်)က ပြောဆိုလိုက်သည်။ လက်ရှိဝန်ကြီးချုပ် အာမက်ဘာဒါဝီအား နာဂျစ်ရာဇာတ်က ဆက်ခံမည်ဖြစ်ပြီး UMO ပါတီအတွင်း အပြောင်းအလဲတချို့ကို ယခုကတည်းက ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (RFA)
ဖြစ်ရပ်-၃။ ။ စစ်အစိုးရကျင်းပမည့် ၂၀၁၀-ရွေးကောက်ပွဲကို ဘက်ပေါင်းစုံမှ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မတ်လ ၁၈ရက်မှ ၂၂ရက်နေ့အထိကျင်းပခဲ့သော မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB)၏ ဒုတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်ချက်ချလိုက်သည်။
(မတ်လ ၂၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာဒုက္ခသည်များ၏ ဘ၀အထွေထွေနှင့် ပတ်သက်သော ဗွီစီဒီမှတ်တမ်းခွေဖြန့်ဝေပွဲနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးကောက်ခံပွဲများကို မလေးရှားနိုင်ငံရောက် မြန်မာပြည်သားများက ယနေ့ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် သဘာဝကျားရိုင်းကောင်ရေ လျော့ကျနေမှုကို ကယ်ဆယ်စောင့်ရှောက်ရန် ပီနန်ပြည်နယ်သဘာဝဥယျာဉ်ဌာနက ပြောဆိုလိုက်သည်။ မလေးရှားနိုင်ငံတွင် ယခင်က သဘာဝကျားရိုင်း (၃၀၀၀)ရှိခဲ့ရာမှ ယခုအခါ ကောင်ရေ ၅၀၀ ပင်ရှိတော့ကြောင်း သိရသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတွင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ယခုနှစ်များအတွင်း အလုပ်လက်မဲ့ (၁)သန်းခန့်ရှိလာနိုင်ကြောင်း မတ်လ ၂၁ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောကြားသည်။ (RFA)
(မတ်လ ၂၀ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်တွင် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးလုံးရေ (၁၂၀၀၀၀)နှင့်အတူ မတ်လ ၂၀ရက်နေ့က ထိုင်းရဲက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ မြန်မာပြည်မှ နာမည်ကြီးဘိန်းဘုရင် ခွန်ဆာ၏ တပည့်များဟုယူဆရသော ထိုင်းနိုင်ငံသား ၃-ဦးကို ဘိန်းရောင်းချရငွေ ဘတ်သန်း(၁၂၀)ခန့်နှင့်အတူ ဖြမ်းဆီးရမိထားကြောင်း ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)က မတ်လ ၂၀ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။(BBC)
(မတ်လ၁၉ရက်၊၂၀၀၉)ထိုင်းနိုင်ငံမှတင်ပို့သောလိမ္မော်သီးများတွင်အက်သီယွန်ဓာတုပစ္စည်းပါ
ဝင်နေခြင်းကြောင့်တင်သွင်းခွင့်မပြုတော့ကြောင်းမလေးရှားနိုင်ငံကကြေညာသည်။၂၀၀၈ခုနှစ်
အတွင်းထိုင်းနိုင်ငံမှတင်သွင်းသောအကြိမ်၅၀ဆယ်ခန့် ရှိထိုင်းလိမ္မော်သီးများ၏ထက်ဝက်တွင်
မလေးရှား၌ပိတ်ပင်ထားသည့်အက်သီယွန်ပိုးသတ်ဆေးများပါဝင်နေကြောင်းမလေးရှားကျန်းမာ
ရေးဌာနကပြောဆိုသည်။(ခေတ်ပြိုင်)
(မတ်လ၁၈ရက်၊၂၀၀၉)ထိုင်းဝန်ကြီးချုပ်အဘီဆစ်သည်မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်ကာလ
၆လအားအကောင်ထည်ဖော်ရာတွင်နယ်စပ်ဒေသများကိုထိန်းချုပ်ရေးကိစ္စအားအထူးဦးစားပေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့ ထုတ်ထိုင်းသတင်းစာများမှာဖော်ပြသည်။ထိုင်းနိုင်ငံသည်
၂၀၀၃ခုနှစ်တုန်းကလည်းထိုစဉ်ဝန်ကြီးချုပ်တပ်ဆင်လက်ထက်တွင်မူးယစ်ဆေးဝါးစီမံချက်ကြောင့်
များစွာနာမည်ပျက်ခဲ့ရသည်။(RFA)
(မတ်လ၁၇ရက်၊၂၀၀၉)ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိရေမွှေးနှင့်အလှကုန်ပစ္စည်းများထုတ်လုပ်ရေး
ကုမ္မဏီတခုမှမြန်မာအလုပ်သမား၁၀၀ကျော်နှင့်လာအိုနိုင်ငံသား၁ဦးတို့ ကိုထိုင်းရဲကယနေ့ ဖမ်းဆီး
လိုက်ကြောင်းသတင်းရရှိသည်။ယင်းတို့ သည်တရားမ၀င်အလုပ်သမားများဖြစ်ကြသောကြောင့်အ
လုပ်ရှင်အနေဖြင့်အလုပ်သမားတဦးလျှင်ဘတ်၂သောင်းမှ၁သိန်းအထိဒဏ်ငွေပေးဆောင်ရဘွယ်ရှိ
သည်။အဆိုပါကုမ္မဏီသည်အသင်းဝင်များတိုးပွားလာစေရန်ငွေမက်လုံးပေးပြီးစုဆောင်းခေါ်ယူနေ
စဉ်ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။(BBC)
(မတ်လ၁၆ရက်၊၂၀၀၉)ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်တွင်မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏
ရင်သွေးငယ်များအတွက်စာသင်ကျောင်းသစ်တခုကိုယနေ့ ဖွင့်လှစ်လိုက်ကြောင်းသတင်းရရှိသည်။
ဤကျောင်းသည်ထိုင်းနိုင်ငံရှိဂျပန်သံရုံး၏အထောက်အပံဖြင့်ဆူနာမီရေလှိုင်းဒဏ်ခံရသောမြန်မာအ
လုပ်သမားမိသားစုဝင်ရင်သွေးငယ်များအတွက်ရည်ရွယ်လျက်ဖွင့်လှစ်ခြင်းဖြစ်သည်။ဝေးလံသောရာ
ဘာခြံနှင့်ပုဇွန်ကန်များတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ရင်သွေး
ငယ်၂၀၀ခန့် လာရောက်ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်းသိရသည်။(RFA)
(မတ်လ၁၅ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။
ထိုင်း-မြန်မာနယ်စပ်၊ဖုတ်ဖရာ့မြို့ နယ်၄၄ကီလိုမီတာကျေးရွာရှိမြန်မာအလုပ်သမားများစုဝေး
နေထိုင်ရာပန်းရိုင်းဝန်း(ခ)၀ါးတောရပ်ကွက်မှအိမ်တလုံးနှင့်ယင်းဝန်းနှင့်ကပ်လျက်ငှက်ပျောတော
ဝန်းမှအိမ်တလုံးတို့ ကို၄၄ကီလိုမီတာအခြေစိုက်နယ်ခြားစောင့်တပ်ရင်းမှယနေ့ လာရောက်မီးရှို့ 
သွားခဲ့ကြောင်း(မြန်မာအလုပ်သမားများဤနေရာတွင်နေထိုင်တာကိုမနက်ဖြန်မှာမမြင်ချင်ဟု
ပြောသွားကြောင်း)ဒေသခံအလုပ်သမားအချို့ ကမြန်မာပြည်သားသို့ ပြောပြသည်။ပြီးခဲ့သည့်
၂၀၀၉ခုနှစ်ဇန်န၀ါရီလ၁၂ရက်နေ့ ကလည်းဤ၀ါးတောဝန်းတွင်နေထိုင်ကြသောမြန်မာအလုပ်သ
မားတို့ ၏တဲအိမ်(၈၀)ခန့် ကို၎င်းထိုင်းစစ်တပ်နှင့်အာဏာပိုင်အဖွဲ့ စုံတို့ ကမိမိအိမ်ကိုမိမိဖျက်စေကာ
ရွှေ့ ပြောင်းစေခဲ့ဘူးသည်။
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံရှိတရားမ၀င်နိုင်ငံခြားသားအလုပ်သမားများအထူးထိန်းသိမ်းရေးစခန်း
အတွင်းမှမြန်မာနိုင်ငံသား၃ဦးနှင့်ဗီယက်နမ်နိုင်ငံသား၁ဦးတို့ သည်ထွက်ပြေးသွားကြကြောင်းမလေး
ရှားနိုင်ငံထုတ်ဘဟားမားသတင်းတပုဒ်တွင်ဖော်ပြသည်။(RFA)

xxxစီးပွားရေးကျဆင်းမှု ထိုင်းအခြေခံလူတန်းစားများကို ပိုမိုထိခိုက်နိုင်xxx
ကမ္ဘာ့စီးပွားရေးအကျပ် အတည်းပြဿနာ မပေါ်ပေါက်မီကပင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေး
မှုများနှင့် ကြုံတွေ့နေရသည့် တိုင်းပြည်၏ သုံးပုံတစ်ပုံ အရေအတွက်ရှိသော ထိုင်းနိုင်ငံမှ အခြေခံလူတန်း
စားများသည် ယခုအခါတွင် ပိုမိုကျပ်တည်းသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း လေ့လာမှုစစ်
တမ်း အသစ်တစ်ခုအရ သိရှိရသည်။ ကမ္ဘာ့အနှံ့အပြား ငွေကြေးလည်ပတ်မှုလုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်း
များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းသွားသော်လည်း ထိုင်းနိုင်ငံသည် စီးပွား
ရေးပျက်ကပ်အား ယခုအချိန်ထိ ကျော်လွှားနိုင်ဆဲဖြစ်သည်။ သို့သော် နိုင်ငံ၏ GDPသည် ၂ရာခိုင်နှုန်းခန့်
ကျဆင်းနိုင်ပြီး ထိုင်းအလုပ်သမား တစ်သန်းခန့်မှာ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုင်းနိုင်ငံဖွံ့ဖြိုးရေးနှင့် သုတေသနသိပ္ပံမှ ပါမောက္ခ Ammar Siamwallaက “ကျွန်တော်တို့ နိုင်ငံမှာ
ဘဏ္ဍာရေးပြဿနာနဲ့ ကြုံတွေရမယ့် အခြေအနေ မရှိပါဘူး။ ဒါပေမယ့် ပို့ကုန်လုပ်ငန်းကတော့ အရမ်း
ကို ကျဆင်းနေပါတယ်။ ဒီအခြေအနေကို အစားထိုးနိုင်မယ့် အရာက အလွန်ကိုခက်ခဲပါတယ်”ဟုပြော
ကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အခြေခံလူတန်းစား (၉၀)ရာခိုင်နှုန်းနီးပါးမှာ နိုင်ငံ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်
တို့တွင် နေထိုင်ကြပြီး ပုံမှန်ဝင်ငွေရရှိမှုမှာ မတည်ငြိမ်သောကြောင့် ယင်းမိသားစု အရေအတွက်အား
စာရင်းအတိအကျ ကောက်ယူရန် မဖြစ်နိုင်သေးကြောင်း အစိုးရအရာရှိများက ပြောကြားကြသည်။
ယမန်နှစ်က ထောက်ပံရေးပစ္စည်းများနှင့် အိမ်ထောင်စုသုံး ပစ္စည်းများအား အစိုးရမှ ထောက်ပံ့ပေးခဲ့
သော်လည်း အစားအစာများ မပေးနိုင်ကြောင်း၊ မျှော်မှန်းထားသည့် ကူညီမှုများ မပြုလုပ်နိုင်ခဲ့ကြောင
်း အစိုးရက ဝန်ခံပြောကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးမူဝါဒရေးရာရုံးမှ ဒေါက်တာ
Ekniti Nitithanprapas က “အထက်တန်းလွှာက လူတန်းစားတွေ ရရှိနေတဲ့ အကျိုးအမြတ်တွေကို
အခြေခံလူတန်းစားတွေအတွက် မျှဝေပေးဖို့ ကျွန်တော်တို့ကြိုးစားနေပါ တယ်။ မကြာသေးမီကဆော
င်ရွက်ခဲ့တဲ့ ခြောက်လစီမံကိန်းအစီအစဉ်ဟာ အခြေခံလူတန်းစားတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်
ပါတယ်”ဟု ပြောကြားခဲ့သည်။ ၁၉၉၇ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျပ်အတည်းသည်
ချမ်းသာသူများအား အဓိက နစ်နာစေခဲ့သော်လည်း လက်ရှိအခြေအနေသည် အခြေခံလူတန်းစားများ
အား ပိုမိုထိခိုက်စေကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့ကြသည်။
(မတ်လ၁၃ရက်၂၀၀၉)ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်ဘင်္ဂလားဒေ့ရှ်
နိုင်ငံသား(၅၅၀၀၀)ယောက်အတွက်ပြည်ဝင်ခွင့်ဗီဇာပြန်လည်ထုတ်ပေးပါရန်ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး
ဝန်ကြီးဌာနကမလေးရှားအစိုးရထံပန်ကြားလိုက်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရွှေ့ ပြောင်းအလုပ်သမား
၎သိန်းခန့် သည်မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။(RFA)
ဖြစ်ရပ်-၂။ ။ ၂၁နှစ်မြောက်ဗိုလ်ဘုန်းမော်နေ့ (၀ါ)မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ ဆွမ်းကျွေးတရားနာပွဲ
နှင့်အောက်မေ့ဘွယ်အခမ်းအနားတရပ်ကို၁၉၇၄မျိုးဆက်ကျောင်းသားဟောင်းကြီးများ၊၁၉၈၈မျိုးဆက်
ကျောင်းသားဟောင်းလတ်များ၊မျိုးဆက်သစ်ကျောင်းသားလူငယ်များမှအမှူးပြုပြီးထိုင်း-မြန်မာနယ်စပ်
တနေရာတွင်ဒေသတွင်းရှိရွှေ့ ပြောင်းအလုပ်သမားအချို့ အပါအ၀င်လူ၆၀ယောက်ခန့် ဖြင့်စုပေါင်းကျင်း
ပကြသည်ကိုတွေ့ ရသည်။
ဖြစ်ရပ်-၃။ ။ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ နှင့်တာ့ခ်ခရိုင်အတွင်းရှိ
စက်ရုံအလုပ်ရုံနှင့်လုပ်ငန်းခွင်အသီးသီးမှအလုပ်သမားများလျော့ချလျက်ရှိရာမဲဆောက်မြို့ ၎ထပ်ရုံ(ခ)
Jiab Tak Knitting Co,ltd မှအလုပ်သမား၄၀ယောက်တို့ သည်နစ်နာကြေးတစုံတရာမရရှိပဲအလုပ်ဖြုတ်
ခံကြရကြောင်း၊မဲဆောက်မြို့ ချွန်ချန်ဘန်ချာလရပ်ကွက်ရှိရာဇာနေ၀င်းအထည်ချုပ်(အိမ်ရုံ)မှအလုပ်သမား
၂၀ယောက်တို့ သည်လည်းတစုံတရာနစ်နာကြေးမရရှိပဲအလုပ်ဖြုတ်ခံရကြောင်း၊မဲဆောက်မြို့ အန်ဆွာရပ်
ကွက်ရှိTK လေး(ခ) CMC Knitting Co,ltd မှ မြန်မာအလုပ်ကြပ် ၁၄ဦးတို့ အားတဦးလျှင်(၃သောင်း)ဘတ်
စီပေး၍လည်းကောင်း၊မဲဆောက်မြို့ ဘန့် ဆောင်ခွဲရပ်ကွက်ရှိ(အမည်မရှိအိမ်ရုံ)အထည်ချုပ်စက်ရုံမှမြန်မာ
အလုပ်သမား၂၀ယောက်တို့ သည်တစုံတရာနစ်နာကြေးမရရှိပဲအလုပ်ဖြုတ်ခံကြရကြောင်းသတင်းရရှိသည်။
ဖြစ်ရပ်-၄။ ။ ထိုင်းနိုင်ငံဆမွတ်ဆခွန်ခရိုင်မဟာချိုင်ဒေသမှာထိုင်းရဲကလိုက်လံဖမ်းဆီးခြင်းကြောင့်
ချောင်းထဲဆင်းပြေးရင်းကုန်းပေါ်ကရဲများကသေနတ်နှင့်ချိန်ထားသဖြင့်ကုန်းပေါ်ပြန်မတက်ရဲပဲ
(မအိအိဝေ)အမည်ရှိမြန်မာအလုပ်သမားတဦးရေနစ်သေဆုံးခဲ့ရကြောင်းသတင်းရရှိသည်။(DVB)
(မတ်လ၁၂ရက်၂၀၀၉)ဖြစ်ရပ်-၁။ ။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ၏တောင်ဘက်၁၅ကီလိုမီတာအကွာ
အဝေးတွင်ရှိသောဘွေးကလာကျေးရွာ၊မုံညှင်းရုံအနီး၌ယမန်နေ့ ည၇နာရီခန့် ကဆောက်လုပ်ရေးလုပ်ငန်းခွင်
မှပြန်လာသောကိုကောင်းစံ(၃၁)နှစ်သည်အမည်မသိကားတစီးက၀င်တိုက်သဖြင့်ပွဲချင်းပြီးသေဆုံးသွားကြောင်း
သတင်းရရှိသည်။အဆိုပါတရားခံဖြစ်သောယာဉ်ပိုင်ရှင်သည်အတင်းထွက်ပြေးသဖြင့်သက်ဆိုင်ရာမဲဆောက်ရဲစ
ခန်းမှစုံစမ်းစစ်ဆေးဆဲဖြစ်ပြီးကိုကောင်းစံ၏အတူနေသားငယ်ဖိုးခွါး(၇)နှစ်ခန့် ကိုစောင့်ရှောက်သူမရှိဖြစ်နေကာ
တရပ်ထဲနေအလုပ်သမားများကယာယီစောင့်ရှောက်ထားကြောင်းသိရသည်။
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရှိအလုပ်သမားတရားရုံးတွင်လွန်ခဲ့သော၂၀၀၆ခုနှစ်စက်တင်
ဘာလ၁၁ရက်နေ့ ကဖြစ်ပွားခဲ့သည့်FUPO C0,ltd၏အလုပ်သမား၂၅၈ယောက်မှအလုပ်သမားအခွင့်အရေးရ
ရှိရေးအတွက်တရားရုံးတွင်စတင်ရင်ဆိုင်ခြင်းနှင့်၂၀၀၈ခုနှစ်ဇူလိုင်လ-၁၄ရက်နေ့ တွင်ဖြစ်ပွားခဲ့သောTOP FORM
C0,ltd မှအမျိုးသမီး အလုပ်သမား၂၇ဦး၏အမှုတွဲအားဆက်လက်အယူခံဝင်တရားရင်ဆိုင်ရန်အစီအစဉ်များကို
ထိုင်းရှေ့ နေများကောင်စီဥပဒေအထောက်အကူပြုဌာနLLCနှင့်မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မ
တီ JACBAတို့ မှကြိုးပမ်းဆောင်ရွက်ပေးကြကြောင်းသတင်းရရှိသည်။
(မတ်လ ၁၁ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။ ကွယ်လွန်သူ ကရင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြ၏သားထွေးဖြစ်သူ ဗိုလ်ကြီးစောနေ
စိုးမြအား KNU မှူချမှတ်ထားသော စည်းကမ်းကို မလိုက်နာသဖြင့် ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။ (NMG)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် စံခလဘူရီခရိုင်၊ ဟလော့ခနီတောတွင်း တနေရာတွင် လက်ပြန်ကြိုးတုပ်လျက် ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာပြည်သား မွန်လူမျိုး(နိုင်အလွန်း)ဆိုသူကို ကျေးရွာသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော မတ်လ ၇ရက်နေ့ညနေပိုင်းက ဒဏ်ရာများဖြင့် သေဆုံးနေသည့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးသူအဖြစ်နာမည်ကြီးသူ နိုင်အလွန်းဆိုသူကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။ (NMG)
(မတ်လ၁၀ရက်၂၀၀၉)ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်တောရကျောင်း(ခ)၀ပ်ပါကောင်မြန်မာဘုန်းတော်ကြီးကျောင်းမှအရှင် ဇာဂရ(တက္ကသီလဓမ္မာစရိယ၊ဘီအေ) သည်ယနေ့ ကျရောက်သည့်တပေါင်းလပြည့်နေ့ အခါသမယ၌(တပေါင်းလပြည့်နေ့ အခါသမယတရားတော်) အားအဝေးရောက် မြန်မာပြည်သားများ၊ရွှေပြောင်းအလုပ်သမားများအပါအ၀င် ကမ္ဘာသူကမ္ဘာသားများ ထံသ့ိုခေတ်ပြိုင်အင်တာနက်သတင်းမှတ ဆင့် ဟောကြားတော်မူကြောင်းသတင်းရရှိသည်။့
ဖြစ်ရပ်-၂။ ။ကွယ်လွန်သူကေအဲန်ယူခေါင်းဆောင်ကြီးဗိုလ်ချူပ်ကြီးစောဘိုမြ၏သားငယ်ဖြစ်သူမောင်တေးလေး(ခ)ဗိုလ်ကြီး
စောနေစိုးမြနှင့်အဖွဲ့ ဝင်အချို့ သည်ကေအဲန်ယူမှခွဲထွက်ထားသောကရင်ငြိမ်းချမ်းေ၇းကောင်စီ(ဗိုလ်ထိန်မောင်အဖွဲ့ )နှင့်
့်ယမန်နေ့ ကသွားရောက်ပူးပေါင်းခဲ့ကြောင်း၊ဤသို့ ပူးပေါင်းနိုင်ရန်ဒီကေဘီအေအဖွဲ့ ကအကူအညီပေးခဲ့ကြောင်းသတင်းရရှိ
ှဲိ့သည်။(BBC)့
(မတ်လ ၉ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ၀ပ်မဏိမိုင်ထိုင်း ဘုန်းတော်ကြီးကျောင်းတွင် အရှင်က္ကုဿရိယ (ဘာသန္တရ ဆေကဓမ္မာစရိယ၊MA-Ind0 Arayan၊ ဗုဒ္ဓတက္ကသိုလ်) သည် ”ဗုဒ္ဓဘုရားပေးတဲ့ ပေတံတစ်ချောင်း” အမည်ရှိအထူးတရား ပွဲကိုယနေ့ ကျင်းပခဲ့ရာမြန်မာအလုပ်သမား၂၅၀၀ခန့် လာရောက်တရားနာကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တချီလိတ်မြို့တွင် မီးခိုးဖြူမှုန်များ အုံ့ဆိုင်းနေခြင်းကြောင့် ဒေသခံပြည်သူများ ချောင်းဆိုးခြင်း၊ အသက်ရှူမ၀ခြင်းနှင့် အခြားရောဂါများခံစားနေကြရကြောင်း သတင်းရရှိသည်။ တာချီလိပ်ဒေသတွင် မီးခိုးမြူမှုန်များ ကျဆင်းသည်မှာ ၁၄ရက်ခန့်ရှိနေပြီး တာချီလိတ်မြို့၏ တဖက်ကမ်း မယ်ဆိုင်မြို့တွင်လည်း မီးခိုးမြူမှုန်ကျဆင်နေသည်မှာ ၅ရက်ခန့် ရှိနေပြီဖြစ်သည်။ တာချီလိတ်မြို့တွင် မီးခိုးမြူမှုန်ကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ်အချို့ဖျက်သိမ်းထားရကြောင်း သိရသည်။
ဖြစ်ရပ်-၃။ ။ မလေးရှား ဘောလုံးအဖွဲ့ချုပ်(FAM)သည် မလေးရှား ဘောလုံးလောက၏ ရလာဒ်ပိုင်းများကျဆင်းနေမှုကြောင့် ယင်းတို့၏ ပြည်တွင်းလိဂ်ပြိုင်ပွဲကို အာရှထိပ်တန်းလိဂ်ပြိုင်ပွဲတခုဖြစ်သည့် ဂျပန်နိုင်ငံ၏ ဂျေလိဂ်(J-League) ပုံစံ အသက်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
(မတ်လ ၈ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ၀ပ်မဏိမိုင် ထိုင်းဘုန်းတော်ကြီးကျောင်းတွင် မြန်မာပြည်မှ အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ) ဆရာတော်သည် ယနေ့ မွန်းလွဲ (၀၂း၀၀)နာရီ၌ ထေရ၀ါဒအထူးတရားပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ဤတရားပွဲ ဖြစ်မြောက်စေရန် မဲဆောက်ဈေးသူဈေးသားများမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်-၂။ ။ မြ၀တီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေး၏ အချက်အချာနေရာဖြစ်သော နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မတ်လ ၈ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သဖြင့် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။ တာ(ခ်)ခရိုင်စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း(FTI)၏ စီစဉ်ဆောက်ရွက်မှုဖြင့် မတ်လ ၇ရက်နေ့ နံနက်မှ စတင်ကာ မြန်မာကားများကို ထိုင်းဘက်သို့ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်သဖြင့် ယခုအခါ နှစ်ဖက်ကားများ အပြန်အလှန်ပြေးဆွဲနေကြပြီဖြစ်သည်။
ဖြစ်ရပ်-၃။ ။ ရှမ်ပြည်နယ် အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာ ဌာနဆိုင်ရာဂိတ်တွင် မတ်လ ၈ရက်နေ့က ရာဘ(ခေါ်)စိတ်ကြွဆေးပြား ၂-သန်းခန့်ဖမ်းမိခဲ့ကြောင်း ရဲစခန်းနှင်း နီးစပ်သူတစ်ဦးက ပြောဆိုသည်။ (NMG)
(မတ်လ ၇ရက် ၂၀၀၉) မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်များက လစာလျော့ချခြင်းများ၊ အလုပ်ချိန်လျော့ချခြင်းများ စသော မတရားအနိုင်ကျင့်ခြင်းများကို ခံစားနေရသည့်အပြင် ဖေဖော်ဝါရီလကုန် မတ်လဆန်းကစပြီး အစိုးရက တရားဝင်အလုပ်သမားနှင့် တရားမ၀င်အလုပ်သမားများကို ဖမ်းဆီးပြီး နေရပ်ပြန်နှင်နေကြခြင်းတို့ကို ရင်ဆိုင်နေကြသည်။ ထို့အပြင် မလးရှားအစိုးရနှင့် အလုပ်ရှင်တို့၏ ဖိနှိပ်မှုများကို မြန်မာအလုပ်သမားများ ခံစားနေကြချိန်၌ ကွာလာလမ်ပူမြို့ စားသောက်ဆိုင်တခုတွင် အလုပ်လုပ်ကိုင်နေသော (မစုစုလှိုင်)အမည်ရှိ မြန်မာအလုပ်သမတစ်ဦးအား မြန်မာအလုပ်ကြပ်က ရိုက်နှက်ခဲ့ပြီး သူမသည် ဆေးရုံတက်ကုသခံခဲ့ရကြောင်း သတင်းရရှိသည်၊ (TFA)
(မတ်လ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ချစ်ကြည်ရေးတံတာထိပ်မှ မဲဆောက်ဈေးသို့ လိုင်းပြေး ဆွဲနေသော မဲဆောက်မော်တော်ယာဉ်ငယ်လိုင်းကားများ ယနေ့ပြည်လည်ပြေးဆွဲနေကြသည်ကို တွေ့ရသည်။ သို့ရာတွင် မြ၀တီ ဘက်မှလာ သော မှန်လုံကားများကိုမူ ထိုင်း-မြန်မာချစ်ကြည်ရေးတံတာပေါ်သို့ ဖြတ်ကျော်ခွင့် မပြုကြောင်း တွေ့ရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနယ်စပ် တလျှောက်တွင် အခြေစိုက်ပြီး မြန်မာစစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)ကို မိမိတို့ မြန်မာပြည်နယ်မြေထဲမှာ ပြန်လည်နေထိုင်ရန် ထိုင်းအစိုးရက မတ်လ ၆ရက်နေ့၌ ပြောဆိုလိုက် ကြောင်း သတင်းရရှိသည်။ (VOA)
(မတ်လ ၅ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချစ်ကြည်ရေးတံတားမှ မဲဆောက်ဈေးသို့ ပြေးဆွဲနေသော လိုင်းကား အစီး ၃၀၀-ခန့်သို့သည် ယနေ့ နံနက်စောစောပိုင်းမှစ၍ လိုင်းမပြေးပဲ ဆန္ဒပြနေကြကြောင်း ကွင်းဆင်းသတင်းရရှိသည်။ မြ၀တီမြို့ ဘက်မှ မှန်လုံကားများသည် လူနှင့် ကုန်များကို အစုန်အဆန်သယ်ပို့နေကြသဖြင့် မိမိတို့တွင် ခရီးသည်နှင့် ကုန်ပစ္စည်းသယ်ပို့ ရာတွင် နည်းပါးလာခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း မဲဆောက် မော်တော်ယာဉ်ငယ်အသင်း တာဝန်ရှိသူများက ပြောဆို သည်။
(မတ်လ ၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံကို ပြန်ပို့ခံရမည့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် ပြည့်ကြပ်နေကြကြောင်း သတင်းရရှိသည်။ ပုံမှန်အတိုင်းဆိုလျှင် တပတ်လျှင် လူ-၂၀၀ ခန့် ထိုင်းနယ် စပ်သို့ ပို့ဆောင်မြဲဖြစ်သော်လည်း ယခုအခါ ထိုသို့လုပ်နိုင်အောင် ထိုင်းဘက်က ၀င်ခွင့်မပြုကြောင်း သိရသည်။ (ဗွီအိုအေ)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်မြို့ရှိ Appeal Co.Ltd မှ မြန်မာအလုပ်သမား ၃၀-ယောက်အား အလုပ်ရှင်မှ တဦးလျှင် ဘတ်ငွေ-၂၀၀၀ စီပေး၍ အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (ရာဘာခြံလုပ်သမား)များကို စိတ်ကြွဆေး သုံးစွဲထားသော ထိုင်းလူမျိုးတစ်စုက ဓားပြတိုက်ပြီး လူသတ်မှုကြောင့် အဆိုပါ အလုပ်သမားများမနေ၀ံ့ကြတော့ပဲ အလုပ်စွန့်ခွာ ကာ နေရပ်ပြန်သူများလာသည်ဟု ကာယကံရှင်များက ပြောဆိုသည်။ (လွတ်လပ်သောမွန်သတင်းအေဂျင်စီ)
ဖြစ်ရပ်-၃။ ။ ပြောင်းစိုက်ပျိုးသော ထိုင်းတောင်သူလယ်သမားများက ထိုင်းအစိုးရမှ ထောက်ပံ့ကြေးမပေးသည့်ကိစ္စနှင့် ပတ်သက် ပြီး ပြောင်းဖူးတင်ကုန်တင်ကား (၁၂)စီးကျော်တို့သည် မတ်လ ၄ရက်နေ့က မဲဆောက်မြို့အ၀င်အထွက်လမ်းများကိုပိတ်ဆို့ ဆန္ဒ ပြခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့သို့ ဆန္ဒပြမှုကြောင့် ဘန်ကောက်နှင့် ချင်းမိုင်သို့သွားရောက်မည့် ခရီးသည် တင်ကားများ မထွက်နိုင်သည့်အပြင် မြန်မာပြည်ဘက်မှကူးမည့် သူများလည်း မလာနိုင်ဖြစ်ကြရသည်။ (ခေတ်ပြိုင်)
(မတ်လ ၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ဘတ်စကားဖြင့် ဘန်ကောက်မှ ပြန်လာသော မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ် ကျော်ခကို ယခင်က တဦးလျှင် ဘတ်(၁၂၀၀)နှုန်း တရားမ၀င် ကောက်ခံရာမှ ယခင်လမှစပြီး မြန်မာငွေတန်ဖိုးမြင့်တက်လာသဖြင့် ဘတ် (၁၅၀၀)နှုန်းသို့ တိုးမြင့်ကောက်ခံနေသည်ဟု မြန်မာလူပွဲစားများက ပြောဆိုသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂ ။ ။ ၂၀၀၈-ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ရုံးအား ၀င်စီးခဲ့သော ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ)၏ အ၀ါရောင် အင်္ကျီဝတ် ဆန္ဒပြသူများအပေါ် တရားစွဲဆိုထားမှုကို ထိုင်းဝန်ကြီးချုပ်ရုံးက ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ တပ်ဆင်ဆန့်ကျင်သော ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်ရုံးကို ၆-လကြာ သိမ်းပိုက်ခဲ့သည့်အတွက် ဘတ် (၁၈-သန်း)ဘိုး အပျက်အစီးရှိခဲ့သည်ဟု ဆိုကာ ထိုင်းဝန်ကြီးချုပ်ရုံးက ပီအေဒီကို လျော်ကြေးပေးရန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာကျေးရွာအုပ်စု ပြောင်ကြီးဝန်းမှ ဦးမွန်ကြီး-(၅၁)နှစ် ဆိုသူသည် အသက်-၁၆နှစ်အရွယ် မြန်မာအလုပ်သမတဦးအား ယနေ့ခိုးပြေးသွားသဖြင့် ကာယကံရှင် မိဘများနှင့် ဒေသခံ မြန်မာအလုပ် သမားများက မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၄။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ပိုင်း မယ်ပကျေးရွာအုပ်စုရှိ Ceramic Co. Ltd မှ မြန်မာအလုပ်သမ ၁၈-ဦး အား အလုပ်ရှင်မှ တဦးလျှင် ဘတ်-၁၀၀၀ စီပေးကာ အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သတင်းရရှိသည်။
(မတ်လ ၂ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ တရားမ၀င်နေထိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသူ မလေးရှား လုပ်ငန်းရှင်များနှင့် အိမ်ပိုင်ရှင်များအား တရားဥပဒေအရ အရေးယူမည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာနက အကြောင်း ကြားစာထုတ်ပြန်သည်၊ မလေးရှားလ၀က ဥပဒေအရ အလုပ်ရှင်တယောက်သည် တရားမ၀င်အလုပ်သမားတဦးအား လက်ခံထား ပါက မလေးရှားရင်းဂစ်ငွေ ၈၀၀၀-မှ ၁၅၀၀၀ (၀ါ) ထောင်ဒဏ် ၃-လ (သို့) ပြစ်ဒဏ် ၂-ရပ်လုံးနှင့် ကြိမ်ဒဏ် ၁-ချက်ဖြစ်စေ အပြစ် ပေးနိုင်ကြောင်း ပြဌာန်းထားသည်။ (NMG)
ဖြစ်ရပ်-၂။ ။ အာဆီယံထိပ်သီး အစည်းအဝေး ရလာဒ်များကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလောင်ကွန်တက္ကသိုလ်တွင် လူထု အခြေပြုအဖွဲ့အစည်းများအား အာဆီယံအတွင်းရေးမှူးချုပ်-ဒေါက်တာ ဆူရင်ပစ်ဘူဝမ်က ယနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပ သည်။ (ဘီဘီစီ)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်တွင် ဒေသခံထိုင်းနိုင်ငံသားတစ်ဦးအား စိတ်ကြွဆေးအများအပြားနှင့်အတူ ထိုင်းရဲက ယနေ့ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ (ဘီဘီစီ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)