မတ်လ ၂၉ ရက်နေ့က မဲဆောက်မြို့အနောက်ဘက် ၆ ကီလိုမီတာအကွာမှာရှိတဲ့ “နေ့သစ်”မူလတန်းကျောင်းမှာ ၂၀၀၈/၂၀၀၉ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနဲ့ နွေရာသီကျောင်းပိတ်ပွဲ အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ကျောင်းတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။ “နေ့သစ်” မူလတန်းကျောင်းကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဦးစီး တည်ထောင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment