ကဗျာတိုင်းကို
နယ်ချဲ့ရာဇ၀င်နဲ့
နှိုင်းသလိုပ…။
သမိုင်းမှာ
အောင်ဆန်းလည်း အရိုင်းဖြစ်ခဲ့တယ်
အရိုင်းအောင်ဆန်း၊ သမိုင်းလမ်းကို
ထမ်းရွက်သယ်ပိုး
နောင်လာနောက်သားမျိုးဆက်ဆီ…။
ဖက်ဆစ်ကို
ကြွက်ဖြစ်စေခဲ့တာ
လူထုသည်သာ သူရဲကောင်းပေါ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်…။
မဆလ တပါတီ
အာဏာနီကို
မထီရဲသွေး၊ ရှစ်ရှစ်သွေးက
တော်လှန်ရေးကို တေးညည်းဆိုခဲ့ကြပြန်တယ်…။
လှုပ်ရှားမှုအဆက်ဆက်
အသက်သွေး၊ ချွေး
အရေးတော်မဟာ
ဂန္တ၀င်ထဲက တို့ဧရာ…။
ရွှေဝါရောင်ဟာ
လေသာဆောင်က ဖန်မီးအိမ်မဟုတ်
ငုတ်တုတ်အငတ်မခံသလို
ဆွမ်းရေဆီမီး ဓါတ်မီးတိုင်မှာ
မေတ္တာပေးယူ
အလှူမခံခဲ့တာပေါ့…။
ဘာကိုချင့်တွေး
စဉ်းစားပေးရမှာလဲဟေ့
တနေ့တော့
တကွေ့ကွေ့မှာ တို့လူထုရဲ့ တရားသစ္စာ…။
မောင်လွမ်းဏီ
မဟာ မှိုင်းက
ကဗျာတိုင်းကို
နယ်ချဲ့ရာဇ၀င်နဲ့
နှိုင်းသလိုပ…။
သမိုင်းမှာ
အောင်ဆန်းလည်း အရိုင်းဖြစ်ခဲ့တယ်
အရိုင်းအောင်ဆန်း၊ သမိုင်းလမ်းကို
ထမ်းရွက်သယ်ပိုး
နောင်လာနောက်သားမျိုးဆက်ဆီ…။
ဖက်ဆစ်ကို
ကြွက်ဖြစ်စေခဲ့တာ
လူထုသည်သာ သူရဲကောင်းပေါ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်…။
မဆလ တပါတီ
အာဏာနီကို
မထီရဲသွေး၊ ရှစ်ရှစ်သွေးက
တော်လှန်ရေးကို တေးညည်းဆိုခဲ့ကြပြန်တယ်…။
လှုပ်ရှားမှုအဆက်ဆက်
အသက်သွေး၊ ချွေး
အရေးတော်မဟာ
ဂန္တ၀င်ထဲက တို့ဧရာ…။
ရွှေဝါရောင်ဟာ
လေသာဆောင်က ဖန်မီးအိမ်မဟုတ်
ငုတ်တုတ်အငတ်မခံသလို
ဆွမ်းရေဆီမီး ဓါတ်မီးတိုင်မှာ
မေတ္တာပေးယူ
အလှူမခံခဲ့တာပေါ့…။
ဘာကိုချင့်တွေး
စဉ်းစားပေးရမှာလဲဟေ့
တနေ့တော့
တကွေ့ကွေ့မှာ တို့လူထုရဲ့ တရားသစ္စာ…။
မောင်လွမ်းဏီ
No comments:
Post a Comment